* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 31, 2011

ပတ်ဝန်းကျင် နှင့် ခံယူချက်




“ ဘာစာကိုပဲ သင်သင်၊ ဘယ်နိုင်ငံကိုပဲ ရောက်ရောက်၊ ဘယ်ပတ်ဝန်းကျင်မှာပဲ နေနေ၊ ဘယ်ကျောင်းမှာပဲ တက်တက် ဘယ်လို အယူဝါဒတွေကို လေ့လာ လေ့လာ တို့ဗုဒ္ဓဘာသာတွေဟာ ဘယ်ဘာသာတရား အယူဝါဒနဲ့ပဲ နှိုင်းယှဉ်သည်ဖြစ်စေ ထေရ၀ါဒ ဗုဒ္ဓ ဓမ္မဘက်က အမြဲတမ်း ရပ်တည်မယ် ဆိုတဲ့ စိတ်ထားမွေးထားရမယ်၊

တစ်ခါတုန်းက မဟာနာမ် သာကီဝင် မင်းသားက မြတ်စွာဘုရားကို လျောက်ထားဖူးတာ ရှိတယ်၊ မြတ်စွာဘုရားက တစ်ဖက် ရဟန်းသံဃာတွေက တစ်ဖက် အယူအဆ မတူ သဘောထားကွဲလွဲတာမျိုးများ ရှိခဲ့လျင် တပည့်တော်ကတော့ ဘုရားဖက်ပဲ လိုက်မှာပါ၊ မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုနီတွေက တစ်ဖက်ဆိုရင်လဲ တပည့်တော်ကတော့ ဘုရားဖက်ကပဲ လိုက်ပါမယ်၊

မြတ်စွာဘုရားကတစ်ဖက် ဥပါသကာ ဥပါသိကာမ( ဒကာ ဒကာမ ) တွေက တစ်ဖက် တစ်လောကလုံးက တစ်ဖက် ဆိုလျင်လည်း တပည့်တော်အနေနှင့် ဘုရားဘက်ကပဲ ရပ်တည်မှာပဲ လို့ လျောက်ထားခဲ့တယ်။ ဒါကြောင့် ပတ်ဝန်းကျင် အခြေအနေကြောင့် လူတွေရော ရှင်တွေရော လမ်းကြောင်းပြောင်းသွားတာမျိုး မဖြစ်သင့်ပါဘူး ”

သြ၀ါဒမှတ်စု ကို ပြန်လည် မျှဝေပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP