* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 31, 2011

ကိုယ်ကျင့် အဘိဓမ္မာ



ကိုယ်ကျင့် အဘိဓမ္မာ

AHIBHAMMA IN DAILY LIFE

တောင်မြို့  ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် ၏
ကိုယ်ကျင့် အဘိဓမ္မာ ကျမ်းစာကို လာမည့် ( ၀၃ ၊ ၀၆၊ ၂၀၁၁ )
သောကြာနေ့ တွင် (နှစ်ပတ်တစ်ခါ ) စတင် ပို့ ချ ဟောကြား သွားပါမည်။

ပထမ အပတ် စိတ် အကြောင်းကို ဆရာတော့်ကျမ်းစာနှင့်အတူ
မိမိ လေ့လာဆည်းပူး နားလည်ထားသလို ရှင်းပြပေးပါမည်။

စိတ်တို့ ၏ သဘောသဘာဝ
စိတ်တွေသည် ဘယ်နေရာမှာ တည်ရှိသလဲ
စိတ်ကောင်းဖြစ်ပေါ်စေမည့် စိတ်ထားနည်းလမ်းများ...
စသည်စသည်များကို ရှင်းလင်းပို့ ချ ဟောကြားသွားပါမည်။

ပို့ ချ ရှင်းလင်းမည့် ဘာသာစကား
အင်္ဂလိပ် နှင့် ဂျာမန်ဘာသာ နှစ်မျိုးတွဲကာ ပို့ ချရှင်းလင်းပါမည်။


ပို့ ချမည့် ဌာန

သာရိပုတ္တ အင်စတီကျု
Fischergasse 18
85354Freising


သဒ္ဓမ္မဿဝနံ အတိဒုလ္လဘံ ဟူသည့်အတိုင်း
တရားတော်ကို နာယူရ သင်ယူခွင့်ရခြင်းသည်
အလွန့် အလွန်ခဲရင်းလှပေ၏

(လူ့ ဘ၀၏ မဟာအခွင့်ရေးကြီးပါတည်း။)

မာ ဝေါ ခဏံ ၀ိရောဓေထ ဟူသည့်အတိုင်း
အခွင့်ကောင်းကို လက်မလွတ်စေလို...


မြတ်ရောင်နီ
( ၂၉၊ ၀၅ ၊ ၂၀၁၁ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP