သိရီမင်္ဂလာကျောင်း အတာသင်္ကြန်ပွဲတော်
မြန်မာ အမေရိကန်ဗုဒ္ဓဘာသာအသင်း(BABC)
မြန်မာရိုးရာ နှစ်သစ်အတာသင်္ကြန်ပွဲတော် ဖိတ်ကြားစာ
============
ဓမ္မမိတ်ဆွေသူတော်စဉ်အပေါင်းတို့ ….
ဧပြီလသည် မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ ချိန်ခါဖြစ်ပါသည်၊ နှစ်သစ်ရောက်လေတိုင်း နှစ်ဟောင်း အညစ်အကြေးကို ဆေးကြော၍၊ နှစ်သစ်ကို ကုသိုလ် ကောင်းမှု များဖြင့် ကြိုဆို ခြင်းသည် မြန်မာတို့ရဲ့ မြတ်နိုးဖွယ်ရာ အစဉ်အလာ တစ်ရပ် ဖြစ်ပါသည်။
အကုသိုလ် အညစ်အကြေးတို့ကို ဆေးကြောခြင်း၊ ကုသိုလ်တရားများ ပွါးများခြင်း ကိစ္စကို တပြိုင်နက် ပြီးနိုင်သော နှစ်သစ်မင်္ဂလာ ပရိတ်တရားနာ၊ သက်ကြီး ပူဇော်ပွဲနှင့် ၊ ကျောင်းရံပုံငွေအတွက် နိဗ္ဗာန်ဈေးပွဲတော်ကိုလည်း တပေါင်းတည်း ကျင်းပပြုလုပ်ပါမည်။
ဘယ်အရပ် ဘယ်ဒေသကိုဘဲ ရောက်ရောက် မြန်မာလူမျိုးနှင့် အတာသင်္ကြန် သည် ခွဲခြား၍ မရနိုင်ပါ၊ သို့ဖြစ်ပါ၍ တစ်နှစ်မှာ တစ်ကြိမ်၊ တစ်ကြိမ်မှာ တရက်၊ တစ်ရက်မှာ တစ်သက် စွဲသွားမည့် Portland ရဲ့ ထူးခြားတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ပါ........
ရပ်နီးရပ်ဝေး အနုပညာ ၀ါသနာရှင် လူငယ်မောင်မယ်များနှင့် BurmeseClassic အဖွဲ့သားများက မေတ္တာဖြင့် အားဖြည့်၍ ထူးခြားတဲ့ အစီအစဉ်များ ပါရှိမှာပါ၊ ပေါ့တလန် လှပျိုဖြူ လေးများကလည်း စွဲမက် လောက်အောင် ငြိမ့်ညောင်းတဲ့ သင်္ကြန်ရဲ့အက၊ မြူးကြွတဲ့ တေးသံသာ၊ စုံလင်စွာဖြင့် ကပြ၍၊ မြန်မာ့ ရိုးရာ အိုးစည်း ဒိုးပတ်အဖွဲ့၊ မြန်မာ့စောင်း၊ တပင်တိုင်အက စသည်များပါရှိမှာမို့ အားလုံးအားလုံး နှစ်သစ်မှာ ကြည်နူးဝမ်းသာ ပီတိဖြာရမှာပါ။ ဒါကြောင့် မို့ မြန်မာ့ရိုးရာ သင်္ကြန်အက အလှများကို ကြည့်ရှု နားဆင်ရင်း မြန်မာ့ အစားအစာများကို ချမ်းမြေ့စွာ ကုသိုလ်ယူ စားသုံးနိုင်ပါရန် ဖိတ်ကြား အပ်ပါသည်။
သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း
BABC
Portland, Oregon
အခမ်းအနား အစီအစဉ်
နံနက်ပိုင်း
4 .16.11 နံနက် ၁၀ နာရီ မှစ၍-
(က) သံဃာတော်များအထံမှ ငါးပါးသီလခံယူ
(ခ) နှစ်သစ်ပရိတ်တရားနာ
(ဂ) အဘိုးအဘွားများအား စုပေါင်းပူဇော်
(ဃ) သံဃာတော်အရှင်မြတ်များအား လှူဒါန်းကာ
တရားနာ၊ စုပေါင်း၍ ရေစက်ချအမျှဝေ။
(င) နံနက်(၁၁)နာရီ ၁၅မိနစ် သံဃာတော်များအား
စုပေါင်းဆွမ်းများ ဆက်ကပ်လှူဒါန်း။
နေ့လည်ပိုင်းအစီအစဉ်
(က) နေ့လည် ၁၁ နာရီ၃၀မှစတင်ကာ 2011-ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို အစီအစဉ် များအတိုင်း မြန်မာ့ရိုးရာမူမပျက်၊ သင်္ကြန်အက
အလှ၊ အိုးစည်ဒိုးပတ်၊ စောင်းစသည်များဖြင့် တင်ဆက် ဖျော်ဖြေသွားရန်။
အထူးအစီအစဉ်
Burmese classis အဖွဲ့တော်သားများမှ မေတ္တာဖြင့် လာရောက်၍ သိရီမင်္ဂလာကျောင်း သင်္ကြန်ပွဲတော်မှာ BurmeseClassic ဆိုဒ်မှ Live Show ထုတ်လွှင့် ပြသသွားပါမည်။
နေရာ နှင့်နေ့ရက်
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်၊ နိဗ္ဗာန်ဈေးနှင့် သက်ကြီးပူဇော်ပွဲ၊
၁၃၇၂-ခု၊ တန်ခူးလဆန်း(၁၃)ရက်၊ သင်္ကြန်အတက်နေ့။
On Saturday, April 16, 2011
9:30AM to 4:30PM
At the Menlo Park Elementary School
12900 NE Glisan, Portland,OR 97230
2011 ဧပြီလ ၁6 ရက် စနေနေ့။
သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း သင်္ကြန်ပွဲတော် နိဗ္ဗာန်ဈေး၌
ပါဝင်ရောင်းချ ကုသိုလ်ယူကြမည့် အလှူရှင်များစာရင်း
နာမည်။ ဆိုင်အမည် အမျိုးအမည်
၁။ မသော်မိသားစု ဇမ္ဗူကျော် မုန့်ဟင်းခါး နှင့် ဒံပေါက်၊ အုန်းနို့ခေါက်ဆွဲ
၂။ အေးမြလှိုင် နန်းနန်းမို ညိုမြ ရှမ်းငါးထမင်းနယ်၊ ကျောက်ကြောဖျော်ရည်၊
၃။ မအေးအေးချို မောင့်အလွမ်းပြေ နန်းကြီးသုပ်၊ ငါးပိကြော် ၊အစုံသုပ်၊ငရုတ်သီးမှုန့်၊
၎။ မဝင်း ရခိုင်မလေး ရခိုင်မုန့်တီ
၅။ မအန်း ရွှေရင်စိမ့် ဖာလူဒါ
၆။ အန်တီနန်း ချယ်ရီမြေ ရှမ်းခေါက်ဆွဲ၊ မုန့်ညှင်းချဉ်။ သစ်သီးစုံသာကူ။
၇။ ခက်ခက်ခိုင် ရွှေလေးလုံး ပဲကပ်ကြော်၊
၈။ ကိုသန်းဝင်းမိသားစု နွယ် ဆိတ်သားဟင်း နှင့်ထမင်း၊
၉။ ကိုးတူးတူ မရူပ။ ကောင်းမှကောင်း ဝက်သားပေါင်း၊ သရက်သီးသုပ်နှင့်ထမင်း၊
၁၀။ ဒေါ်လှမြင့်မိသားစု စေတနာမွန် အကြော်စုံ၊
၁၁။ မနု ပဲခူးသူ ကောက်ညှင်းနနွင်းမကင်း။
၁၂။ မခွင်းဘိတ် ဧရာဝတီ ငါးချဉ်၊
၁၃။ ကိုလတ် မေတ္တာ ငါးပိရေ
၁၄။ မတင်တင်ဌေး။ စားကြည့် ဘာကလာဝါ
၁၅။ မထွေးလေး ထွေးညို မုန့်ဖက်ထုတ်
၁၆။ လာအို လာအိုသူ သင်္ဘောသီးသုပ်။
လက်၇ှိစာရင်းအရသာဖြစ်ပါသည် မိမိတို့ စေတနာအလျောက် ပါဝင်လှူဒါန်း ရောင်းချကာ ကုသိုလ်ရယူနိုင်ပါသည်။ အသေးစိပ်သိလိုပါက ကျောင်း -- ဖုန်း 503 -253-5318 begin_of_the_skype_highlighting 503 -253-5318 end_of_the_skype_highlighting သို့ဆက်သွယ်နိုင်ပါသည်။
The Burmese American Buddhist Corporation
Invites you to take part in
Burmese New Year Water Festival
And
Ceremony of paying homage to Sangha and elders.
Date: April 16, 2011, Saturday (9:30 am – 4:30 pm)
Place: NEW LOCATION + NEW SCHOOL
At the Menlo Park Elementary School
12900 NE Glisan, Portland,OR 97230
PROGRAM including FOOD FAIR
10:00 a.m: Taking Five Precepts and blessings from the Sangha
10:30 a.m: Paying homage and offering gifts to Sangha and elders
11.45 a.m: Listen New Year Dhamma Talk and sharing merits
11:15 a.m: Offering lunch to the Sangha
Noon: Food Fair begins
11:30 pm: Burmese Water Festival entertainment begins
Burmese Youth Cultural Singing, Dancing, and Music
4:30 pm: Program Ends
Please call (503) 253 - 5318 begin_of_the_skype_highlighting (503) 253 - 5318 end_of_the_skype_highlighting for additional information.
Direction coming from Downtown Portland
1. Take exit 300 to merge onto I-84 E/US-30 E toward Portland Airport/The Dalles 6.2 mi
2. Take exit 7 for Halsey St toward Gateway District 0.2 mi
3. Turn right at NE 99th Ave 0.5 mi
4. Turn left at NE Glisan St 1.5 mi
5. Turn right at NE 128th Ave or on 12900 NE Glisan St, Portland, OR 97230.
Last Updated (Monday, 11 April 2011 16:23)

0 comments:
Post a Comment