* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 14, 2011

*ဖြစ်ပျက် သဘောတရား ၏ မူလပျက် သုညတ တရား*

ဓမ္မပီယ—- နံပါတ် (၃) မူလပျက် သုညတတရား ဖြစ်တဲ့ *ဖြစ်ပျက် သဘောတရား ၏ မူလပျက် သုညတ တရား* ကိုလည်း ရှင်းပြဟောကြားတော်မူပါဘုရား။

ဦးဝိဇယ—- (၃၁) ဘုံမှာ ရှိနေ ဖြစ်နေသမျှ အလုံးစုံသော တရားတွေဟာ အဝိဇ္ဇာမာန ပညတ် နှင့်ဝိဇ္ဇာမာန ပညတ် နှစ်မျိုး နှုတ်လိုက်ရင် (သို့မဟုတ်) မူလပျက် သုညကို နားလည်သဘောပေါက်သွားရင် စက္ကန့်မခြား ဖြစ်ပျက်နေတဲ့ သဘောမျှသာကျန်ပါတော့တယ်ဘုရား။ ထို စက္ကန့်မခြား ဖြစ်ပျက်နေတာကို အနိစ္စ၊ဒုက္ခ၊အနတ္တ ရှုလျှင်တော့ (ဝိဉာဏ်သိဝိပဿနာ) ဟုခေါ်ပါတယ်ဘုရား။

စက္ကန့်မခြား ဖြစ်ပျက်နေတဲ့ သဘောကို အနိစ္စ ၊ဒုက္ခ၊ အနတ္တ ရှုခြင်းဟာ ဘာကြောင့် ဝိဉာဏ်သိ ဖြစ်ရသလဲဆိုရင် ဖြစ်နိုင် ပျက်နိုင်တဲ့ အနှစ်သာရရှိနေတယ် ဟုထင်နေသောကြောင့် သန္တတိ ဖြစ်စဉ်၊ပျက်စဉ် ကို ထိုးထွင်း မသိသောကြောင့်ပင်ဖြစ်ပါတယ် ဘုရား။

ထိုဖြစ်စဉ် ပျက်စဉ် သန္တတိအစဉ်ကို မူလပျက် သုညတမြင်အောင် ရှုရ မှာဖြစ်ပါတယ်ဘုရား။ထထထို သန္တတိ အစဉ်ကို မူလပျက် သုညတ မြင်ရန်မှာ အောကာင်းအကျိုးကိုနားလည် ဘို့ လိုပါတယ်ဘုရား။

ပဋိသမ္ဘိဒါမဂ် ပါဠိတော် မှာ အဝိဇ္ဇာ ပစ္စယာ ရူပသမုဒယော စသည် ဖြင့် ရုပ်အကြောင်းကို အဝိဇ္ဇာ ၊ တဏှာ၊ ကံ အာဟာရ ဟု လာပါတယ် ဘုရား။ နာမ် ရဲ့အကြောင်းကိုလည်း အဝိဇ္ဇာ ၊ တဏှာ ၊ ကံ ၊ ဖဿဟု လာပါတယ် ဘုရား။ သဘာဝ အသိဉာဏ် နဲ့ ကြည့်လိုက်ပြန်ရင်လည်း အတိတ် တုန်းက အဝိဇ္ဇာ ချုပ်ငြိမ်းအောင် အားထုတ်နိုင် ခဲ့လျှင် လက်ရှိ ရုပ်နာမ် ဖြစ်မလာ နိုင်ပါဘူး။ တဏှာ ချုပ်အောင် အားထုတ်နိုင်ခဲ့လျှင်လည်း လက်ရှိ ရုပ်နာမ် ဖြစ်မလာနိုင်ပါဘူး။

လက်ရှိဘဝမှာ အစာအာဟာရ မစားရလျှင်လည်း ရုပ် နာမ် မဖြစ်နိုင်ပါဘူး။ မျက်စိ နှင့်အဆင်း စသည့် ထိတွေ့ မှု ဖဿ မဖြစ်ရင် လည်းလက်ရှိ ရုပ်နာမ် မဖြစ်နိုင်ပါဘူး။ လက်ရှိရထားတဲ့ စက္ကန့်မခြား ဖြစ်ပျက်နေတဲ့ သဘော၊ခန္ဓာ ကြီး ဟာ၊ အဝိဇ္ဇာ ၊တဏှာ၊ ကံ၊ အာဟာရ ၊ဖဿ ဆိုတဲ့အကြောင်း မရှိရင် လုံးဝ မဖြစ်လာနိုင် ပါဘူး။

အကြောင်းရှိလို့သာ အကျိုး ခန္ဓာ ရှိရတာပါဘုရား။ အကြောင်း နုတ်လိုက်ရင် စက္ကန့်မခြား ဖြစ်ပျက်နိုင်တဲ့ စွမ်းအားလုံးဝ မရှိပါဘူး။ အတိတ် တုန်းကလည်းမရှိခဲ့ဘူး။ ပစ္စုပ္ပန်မှာလည်း မရှိနိုင်ခဲ့ဘူး။ အနာဂတ်မှာလည် ရှိမလာနိုင်ဘူး။

ကာလ (၃)ပါးလုံးမှာ ကိုယ်ပိုင် ဖြစ်ပျက်နိုင်တဲ့ စွမ်းအား၊ သတ္တိ လုံးဝမရှိသောကြောင့် ၊ မူလပျက် သုညတ သာလျှင် ဖြစ်ပါတယ်ဘုရား။

ဓမ္မပီယ—- အရှင်ဘုရား ပြောပြလို့ ဖြစ်ပျက်သဘောရဲ့ မူလပျက်သုညတ ကို တပည့်တော် နားလည် သလိုပြောရလျှင် ဥပမာ— မီးနှင့် မီးရောင် ဟာ မီးသည်အကြောင်း ၊မီးရောင်သည်အကျိုး၊ အကျိုးဖြစ်တဲ့မီးရောင်ဟာ အကြောင်းဖြစ်တဲ့ မီးမရှိဘဲ ကိုယ့်စွမ်းအား နှင့် တစ်စက္ကန့်လောက်မျှ မလင်းနိုင်ပါဘူး။

မီး မှာ ကိုယ်ပိုင်စွမ်းအား မရှိဘဲ မူလပျက် သုညတ တရားဖြစ်သလို …အဝိဇ္ဇာ ၊တဏှာ၊ ကံ ၊အာဟာရ၊ဖဿ ဟူသောအကြောင်းတရား၊ရုပ် နာမ် နှစ်ပါးဟူသော အကျိုးတရား၊အကျိုးဖြစ်သော စက္ကန့်မခြား၊ဖြစ်ပျက်သဘော ရုပ်နာမ် သည်၊အကြောင်းဖြစ်သော အဝိဇ္ဇာ ၊တဏှာ ၊ကံ ၊အာဟာရ ၊ဖဿ တရားများမပါလျှင် ၊ကိုယ်ပိုင်စွမ်းအားဖြင့် ဖြစ်ပျက်သဘောမျှ မဖြစ်နိုင်သောကြောင့် မူလပျက် သုညတ တရားဖြစ်ကြောင်းကို နားလည်ပါ တယ်ဘုရား။

  • အတိတ် တုံးကလည်း ကိုယ်ပိုင်စွမ်းအားမရှိ၊
  • ပစ္စုပ္ပန်မှာလည်း ကိုယ်ပိုင်စွမ်းအားမရှိ၊
  • အနာဂတ်မှာလည်း ကိုယ်ပိုင်စွမ်းအားမရှိ သောကြောင့်

ဖြစ်ပြီးပျက်သော အပျက် မဟုတ်ပဲ။ ကာလ သုံးပါး မှလွတ်သော မူလပျက် တရားသာ လျှင် ဖြစ်ပါတယ်ဘုရား။

admin @ April 13, 2011

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP