* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 18, 2011

မဟာဗုဒ္ဓ၀င်အကျဉ်း (၁၆)



“အာဠာရနှင့် ဥကဒတို့ထံ နည်းနာခံ”
အလောင်းတော် သိဒ္ဓတ္ထသည် ဘုရင်ဗိဗ္ဗိသာရနှင့် တွေ့ဆုံပြီး ကတိက၀တ်ပြုခဲ့ပြီးနောက် ထိုရာဇဂြိုဟ်ပြည်မှ သစ္စာတရားကို ရှာဖွေဖို့အတွက် ထွက်ခွာတော်မူခဲ့ပါတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး နန်းတော်ကိုစွန့်ခွာကာ တောထွက်သွားတယ်ဆိုတဲ့ သတင်းစကားကို ကြားမိတဲ့ လောကသုံးပါးတွင် သဗ္ဗညုဘုရားစင်စစ်ဧကန်ဖြစ်မည် လို့ ရဲရဲတောက်တောက် နိမိတ်ဖတ်ကြားခဲ့တဲ့ ကောဏ္ဍညသည်လည်းသူ၏ သူငယ်ချင်းများဖြစ် သူနဲ့အတူနိမိတ်ဖတ်ကြားကြတဲ့ ပုဏ္ဏားများ၏ သားများလည်းဖြစ်ကြတဲ့ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ တို့နဲ့အတူ အ၀ါရောင်သင်္ကန်းဝတ်ဆင်မြန်းပြီး အလောင်းတော် ဘုရားဖြစ်က တရားဦးတရားမြတ်ကို နာကြားရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ တောထွက်ခဲ့ကြပါတယ်။
အလောင်းတော် သိဒ္ဓတ္ထသည် ပဏ္ဍ၀တောင်မှ ထွက်ခွာခဲ့ပြီး ဘဂ၀ အမည်ရှိတဲ့ရသေ့ထံ ရောက်ပြီး ထိုဘဂ၀၏ ကျင့်စဉ်ကို ဦးစွာနည်းခံကျင့်ကြံခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ ထိုကျင့်စဉ်အားလုံးကိုနားလည်သဘောပေါက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုနည်းလမ်းဟာ သေခြင်းကင်းရာ နိဗ္ဗာန်ကို တွေ့မြင်ဖို့အတွက်အကျိုးမပြုနိုင်မှန်းသိတာကြောင့် ထွက်ခွာခဲ့ပါတယ်။ အဲဒီအချိန်အခါတုန်းက ပုရာဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ သဉ္စယဗေလဌပုတ္တ၊ နိကဏ္ဍနာဋပုတ္တ အမည်ရှိတဲ့ မိမိကိုယ်ကိုယ် ဘုရားလို့အမည်ခံ ကောလာဟလများလွှင့်ထူကာ ကျင့်ကြံအားထုတ်နေကြတဲ့ တိတ္ထိဆရာကြီးခြောက်လည်းရှိပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP