* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 18, 2011

စစ်ကိုင်းတောင်ရိုး မဟာဝိဇ္ဇောဒယ ဆရာတော်ကြီး၏ ဆုံးမစာ

ကံရှိကံမွဲ ဆင်းရဲကုံတံ ဆက်ဆံပေါင်းသင်း လူခပင်းကို
ကိုယ်ချင်းစာနာ ကရုဏာနှင့် မေတ္တာပြန့်ပွား သကာပြားသို့
စကားနှုတ်ချို ရန်မလိုပဲ ကိုယ့်ကိုနှိမ်ထား သူမြှောက်စား၍
ထောင်လွှားကင်းဘိ အဆံပြည့်သည့် ကောက်၏ခိုင်ညှာ
ညွှတ်ကိုင်းလာသို့ ပညာဓန ယသဘုန်းဂုဏ် အဖုံဖုံတို့
ပြည့်စုံလေလေ ညွတ်လေလေနှင့် စိတ်နေပျော့ပျောင်း ယှဉ်မှကောင်း၏။

အပေါင်းအစည်း မေတ္တာနည်း၍ လူလည်းမချစ် နတ်မချစ်နှင့်
အပြစ်များကာ အရာရာဝယ် ငါသာငါနှင့် နှိုင်းယှဉ်သင့်ဟု
မိုးမြင့်ဘုံဖျား မှန်ကင်းလားသို့ တက်ကြွားမြင့်မောက် ခြေဖျားထောက်လျက်
ဘုဘောက်ပြောကာ ကျယ်စွာစွာနှင့် ယုတ်မာညစ်ဆိုး နွားကျစ်သိုးသို့
ကိုးယိုးကားယား လူမုန်းများအောင် စကားဖောင်ဖောင် ချိုမထောင်နှင့်
အမောင်အမိ ရိုးမြေထိအောင် သတိတရား အမြဲထားလော့ ရိုးသားဖြောင့်စင်း
လိမ္မာခြင်းနှင့် မိုက်ခြင်းတဖြာ သာယာချိုအေး ယဉ်ကျေးကြမ်းကြုတ်
အယုတ်အမြတ် နူးဆက်ပျော့မာ စိတ်ကြောင့်သာလျှင် သေချာဝေခွဲ
အရိုးစွဲအောင် အမြဲမှန်စွာ ဥာဏ်ပညာနှင့် မေတ္တာစိတ်ထား အချစ်ပွား၍
တရားမကွာ အရာရာ၌ လိမ္မာယဉ်ကျေး စိတ်ကောင်းမွေးလျက် လူရေးလူရာ
သူ့ထက်သာအောင် ပညာရှိနည်း ရွေ့ရွေ့ဆည်းလော့ ရှင်လည်းကားယား
သေကားယားနှင့် ထင်ရှားလူ့ဘောင် ပင့်ကူကောင်လို
အမောင်မဖြစ်စေနှင့်နော အမိမဖြစ်စေနှင့်နော။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP