* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 6, 2011

ဧည့်သည်ကောင်းတစ်ယောက် ဖြစ်ပါစေ - အရှင်နန္ဒဝံသ

၂၀၁၁ ခုနှစ် ဧပြီလ ၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့ စုပေါင်း ဝိပဿနာတရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်း ပို့ချ သင်ကြားခြင်း၊ တရားပွဲ ကျင်းပခြင်းတို့ကို ပြုလုပ်၏။

အပတ်စဉ် စနေနေ့ စုပေါင်း ဝိပဿနာတရားရှုမှတ်ခြင်းကို မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ပြုလုပ်ပြီး၊ လောကချမ်းသာဆရာတော်က ညွှန်ကြား ပြသပေး၏။



မွန်းလွဲ ၃ နာရီ ၁၀ မိနစ်မှ ၄ နာရီ ၁၀ မိနစ်ထိ လောကချမ်းသာဆရာတော်က ဓမ္မစကြာတရားတော်နှင့်ပတ်သက်၍ သင်ကြား ပို့ချပေး၏။

စတုန္နံ အရိယသစ္စာနံ၊ ယထာဘူတံ အဒဿနာ
ပုနပ္ပုနံ သံသရန္တိ၊ သတ္တာ သံသာရ သာဂရေ။

သစ္စာလေးပါး၊ မြတ်တရားကို၊ ပိုင်းခြားထင်ထင်၊ မသိမြင်၍
ရေပြင်သံသရာ၊ များသတ္တာ၊ ခါခါ မျောလည်နေကြသည်။




+++++

လောကချမ်းသာ ညနေဆည်းဆာ တရားပွဲကို ညနေ ၄ နာရီခွဲမှ ညနေ ၆ နာရီအထိ ကျင်းပ ပြုလုပ်ရာ အရှင်နန္ဒဝံသက “ဧည့်သည်ကောင်းတစ်ယောက် ဖြစ်ပါစေ”တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။



  • ဤလူ့ဘဝ၊ လာခဲ့ရ၊ ခဏလေးသာ ဖြစ်သည်။
  • ခဏလေးလာ၊ ဧည့်သည်မှာ၊ ပြန်ကာ သွားရမည်။
  • အလာလည်းကောင်း၊ အနေကောင်း၊ ပြန်ကောင်းဧည့်သည် ဖြစ်သင့်သည်။
အိုးငယ်အိုးကြီး၊ လုပ်ပြီးထွေထွေ

နောက်ဆုံးချိန်ကျ၊ ကွဲရပုံပေ

ဇာတိမယွင်း၊ ခပင်းဝေနေ

တစ်နေ့ကျ သေရ အမှန်ပေ။
  • လူ့ဘုံခရီး၊ တွေ့ကြုံပြီး၊ ဆုံဆည်းနေသူတွေ။
  • ဘဝလမ်းခွဲ၊ ရောက်စမြဲ၊ စိတ်စွဲ မြတ်သံဝေ။
  • ကောင်းမှုပြုဘိ၊ သုဂတိ၊ မိမိလမ်းခွဲပေ။
  • မကောင်းပြုဘိ၊ ဒုဂ္ဂတိ၊ မိမိလမ်းခွဲပေ။
သံဝေဂများ၊ စိတ်မှာထား၊ တရားရှာရမည်။

အိုနာသေမှု၊ အမြဲရှု၊ မေ့မှုမရှိ ဖြစ်ရမည်။

ပြန်ကောင်းဖြစ်ရန်၊ သတိပဋ္ဌာန်၊ ကျင့်ကြံသင့်ပေသည်။
  • အိုခြင်းဇရာ၊ ဆွဲငင်ရာ၊ သူငါလိုက်ရမြဲ။
  • ကိုယ်နှင့်ရွယ်တူ၊ ကိုယ့်အောက်လူ၊ ကြီးသူသေကြ များလှပြီ။
  • ခဏမစဲ၊ အိုစမြဲ၊ ငါလည်း သေဘက်နီးခဲ့ပြီ။
အိုနာသေသို့၊ ဆောင်နှင်းပို့၊ လူတို့ မမြဲပါတကား။

အိုဘေးကင်းရန်၊ နည်းလမ်းမှန်၊ သတိပဋ္ဌာန်ကို ပွားပါ့မယ်။

နာဘေးကင်းရန်၊ နည်းလမ်းမှန်၊ သတိပဋ္ဌာန်ကို ပွားပါ့မယ်။

သေဘေးကင်းရန်၊ နည်းလမ်းမှန်၊ သတိပဋ္ဌာန်ကို ပွားပါ့မယ်။
  • ဘေးရောဂါဆိုး၊ ဆွဲငင်တိုး၊ ဘေးဆိုး ပြည့်နေသည်။
  • တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်မှ မကယ်ပြီ။
  • စောင့်ရှောက်သူမဲ့၊ ကိုးရာမဲ့၊ အားနွဲ့လှချေတကား။
  • အကျိုးရှိရန်၊ နည်းလမ်းမှန်၊ သတိပဋ္ဌာန်ကို ပွားပါ့မယ်။
စည်းစိမ်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရမြဲ။

ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရမြဲ။

ကိုယ်ပိုင်ဥစ္စာ၊ မရှိပါ၊ စွန့်ခွာသွားရပါမည်တကား။

ကိုယ်ပိုင်ရရန်၊ နည်းလမ်းမှန်၊ သတိပဋ္ဌာန်ကို ပွားပါ့မယ်။
  • တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရမြဲ။
  • လိုမပြည့်ဝ၊ စိုးမရ၊ တဏှာ့ကျွန်ချည်းပါတကား။
  • တဏှာကျွန်ခံ၊ လွတ်မြောက်ရန်၊ သတိပဋ္ဌာန်ပွားပါ့မယ်။
  • အလာလည်းကောင်း၊ အနေကောင်း၊ ပြန်ကောင်းဧည့်သည် ဖြစ်ရမယ်။
အတိတ်ကိုတွေး၊ စိတ်မလေးနဲ့

အတိတ်ဆိုတာ၊ ပြန်မလာဘူး။

အနာဂတ်ကို မှန်း၊ သိတ်မလွမ်းနဲ့

အနာဂတ်ဆိုတာ၊ မသေချာဘူး။

ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာကို

ပညာလုံ့လ၊ အသုံးချ၍

ဘဝနောက်နှောင်း၊ ကောင်းထက်ကောင်းအောင်

မြတ်နိုးကြည်ဖြူ အရယူ။

+++++

တရားပွဲပြီးနောက် ခေတ္တမျှ တရားရှုမှတ်ကြပြီး ကုသိုလ်စုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP