၂၀၀၀အဖွဲ့ (2000 GROUP) မှ မြရတနာတွင် ဆောင်ရွက်မှုများ
၃.၄.၂၀၁၁ ရက်နေ့ မှ၎.၄.၂၀၁၁ ရက်နေ့အထိ စစ်ကိုင်းမြို့ မြရတနာရပ်ကွက်တွင် ကလေးငယ်များအား ယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ် ၂၉/၂၀၁၁ အဖြစ်
စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။
ကျောင်းဆရာတော်နှင့်သံဃတော်များအား နေ့ဆွမ်းကပ်လှူကြပြီး ကလေးများအား နေ့လည်စာ ကျွေးမွေးကြပြီး ဆေးခန်းများဖွင့်လှစ်ပေးခြင်း ဖန်မီးအိမ်အဖွဲ့မှ ဗလာစာအုပ်များလှူဒါန်းပေးခြင်းနိဗ္ဗာန်ဈေးများဆောင်ရွက်ခြင်းများကို ဆရာမ ဒေါ်မေအေးဦး
မှဦးဆောင်၍ အားကြိုးမာန်တက်စွာဖြင့်ဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါအဖွဲ့အစည်းမှ မြရတနာရပ်ကွက်တွင် ၂၀၁၁~၂၀၁၂ ပညာသင်နှစ်အတွက်
၆ တန်းမှ ၇ တန်းတက်ရောက်မည့်ကလေးငယ်များအတွက် ကလေးရှစ်ယောက်ရှိတာ
ကလေးငါးဦးအတွက်ပညာသင်ကြားစားရိတ်တစ်ဦးလျှင် တစ်သိန်းကျပ်စီလှူဒါန်းပေးခဲ့
ကြပါသည်။ စာဖတ်သူများဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။

IMG_0566.JPG

0 comments:
Post a Comment