* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 13, 2011

အစွဲ မျိုးစုံ ရဲ့ စွဲ ပုံစွဲနည်း တရားတော်

ဓမ္မပီယ—-ဟာ—- တရားအားထုတ်ရင် မသိမဖြစ်လိုအပ်တာက စိတ်အကြောင်း ဆိုတာ ကောင်းကောင်း ကြီး သဘောပေါက် ပါပြီဘုရား။ ချမ်းသာစွာ နေဘို့ဆိုရင် စိတ်၏ ပြေး ခြင်း အထင်နှင့် မပြေးခြင်းအမြင် ကို မဖြစ်မနေသိအောင် ကြိုးစားသင့် လှ ပါတယ်ဘုရား။

အစွဲ မျိုးစုံ ရဲ့ စွဲ ပုံစွဲနည်း ကိုလည်း ရှင်းပြတော်မူပါဘုရား။

ဦးဝိဇယ—- စိတ်ကတော့ ( ကြံပြီးပျက်-သိပြီးပျက် )သဘော သက်သက် သာ ရှိပါတယ် ဘုရား။စိတ်ကိုပြေးတယ် ထင် နေရင် တော့ အစွဲမျိုးစုံ ဝင်မှာသေချာပါတယ်ဘုရား။

(၁) ခန္ဓာငြိမ်တာ ကို -တရား- ဟုစွဲလျှင် လောဘ၊ မငြိမ်တာ ကို -မတရား-ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၂) စိတ်က အာရုံတစ်မျိုးတည်း သိတာ -တရား- ဟုစွဲလျှင် လောဘ၊ အာရုံ အမျိုးမျိုးကို -မတရား- ဟုစွဲလျှင် ဒေါသဖြစ်ပါတယ်ဘုရား။

(၃) ကိုယ်သိခိုင်း တဲ့အာရုံကို စိတ်ကသိနေလျှင် -တရား-ဟုစွဲလျှင် လောဘ၊ ခိုင်းတဲ့ အာရုံကို မသိဘဲ တခြား အာရုံသိတာကို -မတရား- ဟုထင်ပြီးစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၄) စိတ်ကို အချိန်သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း သိခိုင်းတာ ၊သိနေတာကို -တရား-ဟုစွဲလျှင် လောဘ၊ သတ်မှတ်ချိန်မှာ သိခိုင်းတာ မသိတာကို -မတရား-ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၅) နံနက် ည စသော အချိန်မှ -တရား- ဟုစွဲလျှင် လောဘ၊ ကျန်တဲ့အချိန် -မတရား-ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၆) ဘုရား၊ ကျောင်း စသော နေရာမှ -တရား- ဟုစွဲလျှင် လောဘ၊ ကျန်တ့နေရာ -မတရား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၇) ထိုင်တာ ကို -တရား-ဟုစွဲလျှင် လောဘ၊ သွားခြင်း၊ရပ်ခြင်း၊ အိပ်ခြင်း ကို -မတရား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၈) တရား အလုပ် သက်သက်မှ -တရား-ဟုစွဲလျှင်လောဘ၊ စားဝတ်နေရေးကို -မတရား-ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၉) နေကောင်းမှ -တရား အားထုတ်နိုင်မယ်-ဟုစွဲလျှင်လောဘ၊ နေမကောင်းရင် -တရားအားမထုတ်နိုင်ဘူး- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၁၀) ငါတို့ တရားနည်းမှ -တရား-ဟု စွဲလျှင် လောဘ၊ တခြားနည်း -မတရား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၁၁) ငါတို့ အားထုတ်တဲ့ – တရား – မှ မှန်တယ် ဟုစွဲလျှင် လောဘ၊ တခြားနည်း မတရားဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၁၂) ငါတို့ ဆရာ မှ -အမှန်- ဟုစွဲလျှင် လောဘ၊ တခြားဆရာ -အမှား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၁၃) အတိတ် ဖြစ်ရပ်များကို ပြန်တွေး ပြီး -ကောင်းတယ်-ဟုစွဲလျှင် လောဘ၊ -မကောင်းဘူး-ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၁၄) အနာဂတ်ဖြစ်ရပ်များ ကို ကြိုတွေးပြီး -ကောင်းတယ်- ဟုစွဲလျှင် လောဘ၊ မကောင်းဘူး ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၁၅) ပစ္စုပ္ပန် ဖြစ်ရပ်များကို ပြန်တွေး ပြီး -ကောင်းတယ်-ဟုစွဲလျှင် လောဘ၊ -မကောင်းဘူး-ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၁၆) အတွင်းကိုသိတာ -တရား- ဟုစွဲလျှင် လောဘ၊ -မတရား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၁၇) အပြင် ကိုသိတာ -တရား- ဟုစွဲလျှင် လောဘ၊ -မတရား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၁၈) အကြမ်းကိုသိတာ -တရား- ဟုစွဲလျှင် လောဘ၊ -မတရား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၁၉) အနု ကိုသိတာ -တရား- ဟုစွဲလျှင် လောဘ၊ -မတရား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၂၀) အယုတ် ကိုသိတာ -တရား- ဟုစွဲလျှင် လောဘ၊ -မတရား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၂၁) အမြတ် ကိုသိတာ -တရား- ဟုစွဲလျှင် လောဘ၊ -မတရား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၂၂) အဝေး ကိုသိတာ -တရား- ဟုစွဲလျှင် လောဘ၊ -မတရား- ဟုစွဲလျှင် ဒေါသ ဖြစ်ပါတယ်ဘုရား။

(၂၃) အနီး ကိုသိတာ -တရား- ဟုစွဲလျှင် လောဘ၊ -မတရား- ဟုစွဲလျှင် ဒေါသတရားများ ဖြစ်နေကြ ပါတယ်ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP