*သားရဟန်းက အမေကို ရှိခိုးသင့်လား?*
ဒီပို့စ်ကလေးတော့ ဟားခါးက နောင်နောင် ကမေးတဲ့ မေးခွန်းလေးဖြစ်ပါတယ်။ မေးထားတော့ ကြာပါပြီ မအားတာနဲ့ မရေးဖြစ် မဖြေဖြစ်တာကိုတော့ မောင်ရင် နားလည်စေလိုပါတယ်။ ပေါ့ပေါ့ပါးပါး ဖြေထားခြင်းဖြစ်တယ်၊ ပြည့်စုံမည်ဟူ၍ မထင်မိပါ။ သို့ကြောင့် ဖြည့်စွပ်ပြီး ဖြေကြည့်ကြပါလေ။
အမေး
အရှင်ဘုရား .... တပည့်တော်က (အရင်တခါ ကာမေသု..ကံ နဲ့ပတ်သက်လို့ ဘုန်းဘုန်းဆီ စာရေးဖူးတဲ့) ဟားခါးမြို့က နောင်နောင် ပါဘုရား။ ဒုတိယအကြိမ် တပည့်တော်စိတ်ထဲ မရှင်းတာလေး မေးချင်လို့ပါဘုရား။
တပည့်တော်အခု စဉ်းစားမိတာက ငါးပါးသီလနဲ့တော့ မပတ်သက်ပေမဲ့ ငယ်ငယ်တုန်းကအကြောင်းနဲ့ ဆက်စပ်ပြီးတွေးမိတာပါဘုရား။

0 comments:
Post a Comment