* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, March 9, 2011

အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

ရွှေမြန်မာအပေါင်းအား ဖိတ်ကြားအပ်ပါသည်။
နှစ်စဉ်လှူဒါန်းနေကျဖြစ်သော ကျွန်တော်တို့ ယုံအမ်းရွှေညီအစ်ကိုများနှင့် သူငယ်ချင်းတစ်စုတို့၏ သဒ္ဓါကြည်ဖြူ ကုသိုလ်တော် ဆွမ်းအလှူတော်မင်္ဂလာတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းအားလည်း နေ့လယ်စာ ဒံပေါက်ထမင်းဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းမည်ဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း အတူတကွ ကုသိုလ်ယူကာ ကြွရောက်ချီးမြှောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၁၃ - ၃- ၂၀၁၁ (တနင်္ဂနွေနေ့)
တရားနာချိန် = နံနက် ၁၀ နာရီ
ဧည့်ခံချိန် = နံနက် ၉ နာရီမှ နေ့လယ် ၂နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

လေးစားစွာဖြင့်
ယုံအမ်းရွှေညီအစ်ကိုများနှင့် သူငယ်ချင်းတစ်စု

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP