* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 14, 2011

သီတဂူကရုဏာ

ယနေ့ ၁၄-၀၁-၂၀၁၁ နေ့ နံက်ပိုင်းတွင် သီရိလင်္ကာရောက် မြန်မာကိုရင်ငယ်လေးများကို သီတဂူဆရာတော်ကြီး အမိန့်အတိုင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သီတဂူသာသနာပြုအဖွဲ့မှ ကမကထ ပြုလုပ်ကာပြန်လည်ပင့်ဆောင်ရေးနှင့် ကြိုဆိုရေး ကျွေးမွေးဧည့်ခံရေးများကို စနစ်တကျ ပြုလုပ်သည်။

ထိုကိုရင်ငယ် ၂၄ ပါးတို့၏ လေယာဉ်စရိတ်များကို ဂျပန်နိုင်ငံရှိ မြန်မာဒကာများဖြစ်ကြသော ဦး +ဒေါ် မိသားစုတို့က ယာနဒါ ပြုကြသည်။ အလှူရှင် အမည်မသိ၍ ချန်ထားသည်ကို သည်းခံ ခွင့်လွတ်ပါရန်။

အစီအစဉ်များ
၁။ သီတဂူကပ္ပိယ ဦးဟန်၊ ဦးဝင်းအောင်နှင့် ဦးမြင့်အောင်တို့က သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ ကိုရင်လေးများအား မြန်မာပြည်သို့ ပင့်ဆောင်ခြင်း။
၂။ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သီတဂူကပ္ပိယအချို့က ကြိုဆိုပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သို့ ပင့်ဆောင်ကြခြင်း။
၃။ နေ့ဆွမ်းအလှူရှင် ရွှေစင်မိသားစုက ကြွရောက်လာကြသော သီတဂူကပ္ပိယအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ လူကြီးမင်းများ၊ ကိုရင်ငယ်လေးများ၊ ထိုကိုရင်ငယ်များ၏ ဆရာများ၊ မိဘများနှင့် ဖိတ်မန်ထားသော ပရိသတ် ၂၀၀ အား ဒံပေါက်ဆွမ်း၊ မုန့်ပဲသရေစာ ရေခဲမုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံခြင်း။
၎။ ကိုရင်ငယ်များကို ဆရာ မိဘများထံ အပ်နှံသည့် အခမ်းအနား ကျင်းပခြင်း။
၅။ ထိုအခမ်းအနားတွင် သီတဂူဒေါက်တာစန္ဒာသိရီက ကြိုဆိုနုတ်ခွန်းဆက် ကျေးဇူးတင်စကားပြောခြင်းနှင့် သီတဂူသာသနာပြုအဖွဲ့က သူတို့၏ဆန္ဒအလျောက် ပြန်ချင်သော ကိုရင်လေးများကိုသာ ပြန်လည်ပင့်ဆောင်ခြင်းဆိုတဲ့ အကြောင်း မိန့်ကြားခြင်း။
၆။ ဒေါက်ပညာသီဟာလင်္ကာရက ကိုရင်ငယ်များ၏ စာရင်းဖတ်ကြားခြင်း။
၇။ သာသနာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုလို ကိုရင်ငယ်လေးများ ပြန်လည်ပင့်ဆောင်ရခြင်း အကြောင်းနှင့် မြန်မာသီရိလင်္ကာ နှစ်နိုင်ငံအကြား ဘာသာရေး နိုင်ငံရေးများသည် ရှေးယခင်ကထဲက ရင်းနှီးချစ်ကျွမ်းဝင်ပြီးဖြစ်ကြောင်းများ ပြောကြားခြင်း။
၈။ သီတဂူသာသနာပြုအဖွဲ့က ကိုရင်လေးများအား တစ်ပါးလျှင် နှစ်သောင်း ငါးထောင်(၂၅၀၀၀) ကျပ်စီ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း။

ဤကဲ့သို သီတဂူသာသနာပြုအဖွဲ့က ထိုကိုရင်လေးများနှင့် ဆရာမိဘများအား နွေးနွေးထွေးထွေး ကြိုဆိုပြုစုခြင်သည်ကား သီတဂူသာသနာပြုအဖွဲ့၏ သာသနာပြုနည်း Ministry များစွာထဲက တစ်စိတ်တဒေသသော ကရုဏာ သာသနာပြု ဖြစ်ပါကြောင်း ၀မ်းမြောက်နုမော် သာဓုခေါ်လိုက်ပါသတည်းးးးးး။

မှတ်ချက်။ ။ အစစအရာရာ ကူညီပံ့ပိုးသော မြန်မာနိုင်ငံသာသနာရေးဝန်ကြီးဌာနအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၀၁-၂၀၁၁ Posts Relacionados

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP