* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 29, 2010

၀၁၀ နဲ့ ပုံရိပ်ဟောင်းများ (၆)

မိမိရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမှာ ၀ါတွင်းသုံးလတာ နေထိုင်ခဲ့ပါပြီ၊ ၁၉၈၈ ခုနှစ်က.စလို့ သာသနာ့ဘောင် ၀င်ရောက်ခဲ့တဲ့ မိမိဟာ ဂန့်ဂေါ ယောမြေမှာ ရဟန်းဝါဆိုဖူးတာ ဒီအကြိမ်ကော ပေါင်းမှ ၂ ကြိမ်ပဲ ရှိခဲ့တယ်။ ရန်ကုန် မန္တလေး စုံချည် ဆန်ချည်နဲ့ စာသင်သားဘ၀ကို လှည့်လည်နေခဲ့ရတာကိုး၊အခုထိလည်း သင်ယူနေရဆဲ နောင်လည်းသင်ယူနေရအုံးမှာပါ၊

ရဟန်းဘ၀ဆိုတာ စာသင် စာချ တရားဟော တရားပြ ပရဟိတနဲ့ တရားထိုင်တဲ့အလုပ်တွေပဲ ရှိတာကိုး၊ စာသင်ရင်း ပရဟိတလုပ်၊ စာသင်ရင်း တရားထိုင် စာသင်ရင်း စာချ ဒါဟာ ရဟန်းဘ၀ရဲ့ ပြယုဂ်တွေပါပဲ။မိမိရဲ့ ဇာတိချက်ကြွေမွေးရပ်မြေအတွက် ကိုယ်နိုင်သလောက် လုပ်ပေးခဲ့တဲ့ အတိတ်ရဲ့ ပုံရိပ်လေးတွေက မိမိစိတ်ကို ကျေနပ်စေခဲ့တာတော့ အမှန်ပါ။

သီတင်းကျွတ်ပြီးချိန်မှာတော့ မိမိရဲ့ခရီးစဉ်တွေကို စတင်စီစဉ်ပါတော့တယ်။ ဂန့်ဂေါ..ကနေ မန္တလေး၊ မန္တလေးကနေ နေပြည်တော်၊ နေပြည်တော်..ကနေ ရန်ကုန်ကိုရောက်လာပြန်တယ်၊ ရန်ကုန်ရောက်တော့ မိမိဦးဆောင်ဖွဲ့စည်းပြီး ဦးမြတ်ခင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ ယောအသင်း(စင်္ကာပူ).က မိမိထံ ဖုန်းဆက်ပါတယ်။ တိပိဋက ယောဆရာတော်ကြီးက ကျပ်သိန်း (၆၀၀) မ.တည်ပြီး အလှူရှင်များက စုပေါင်းတည်ဆောက်နေတဲ့ သတ္ထာဒေ၀ မနုဿာနံ ယောအသင်းဓမ္မာရုံကြီး တည်ဆောက်တဲ့ထဲမှာ တပည့်တော်တို့ ယောအသင်းစင်္ကာပူကလဲ အလှူငွေ (၁၀) ပါဝင် လှူဒါန်းလိုပါတယ်၊ အရှင်ဘုရားရှိတုန်း ကိုယ်တိုင်လှူပေးပါလို့ ဖုန်းဆက်ပါတယ်။ မနီလာခိုင်၊မမြင့်စိန်၊ မလွင်လွင်စန်းနဲ့ မခင်အေးမြင့်တို့က ဖုန်းဆက်ကြတာပါ။


မိမိလဲ ၇န်ကုန်ကနေ တာဝန်ယူပြီး တိပိဋကယောဆရာတော်ကြီးထံ သွားရောက်လှူဒါန်း ရေစက်ချခဲ့တယ်။ ဆရာတော်ကြီးက…..ဥာတ္ထစရိယ..ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဆွေ ကိုယ့်အမျိုးကိုစောင့်ရှောက်တာဟာ ဘုရားလောင်း သူတော်ကောင်းကြီးတွေရဲ့ ကျင့်စဉ် လုပ်ရိုးလုပ်စဉ်ပဲ၊ မဟာကပိဇာတ်တော်မှာ ဗာရဏသီမြစ်ကမ်းဘေးက သရက်ပင်ပေါ်မှာ သရက်သီး စားနေရင်း ဒုက္ခရောက်နေတဲ့ မျောက် (၈၀၀၀၀)ကို ဘုရားလောင်းမျောက်မင်းက ကျောကုန်းကို တံတားခင်းပြီး ဆွေမျိုးတွေရဲ့ အကျိုးကို သယ်ပိုးခဲ့တာ သက်သေပဲ၊ရောဟိနီမြစ်ကမ်း ရေခွဲဝေရေး ကိစ္စမှာလဲ ဘုရားရှင်ကိုယ်တော်တိုင် ၀င်ပါခဲ့ရသေးတယ် မဟုတ်လား၊

ဒါကြောင့် မိမိအတွက် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဆွေ ကိုယ့်အမျိုးအတွက် လောကအတွက် သာသနာအတွက် ကိုယ်အား ဥာဏ်အား ပစ္စည်းအားတွေနဲ့ အလှဆင်ပေးရတယ်၊ ညီညီညွတ်ညွတ်နဲ့ အောင်မြင်အောင်လဲ ကြိုးစားကြ..လို့ ဩ၀ါဒပေးတော်မူပါတယ်။ သူတော်ကောင်းကြီးတွေရဲ့ စကားသံ..အဆုံးအမ ဩ၀ါဒကို ခံယူခွင့်ရတာ ဘ၀မှာ အမြင့်မြတ်ဆုံး ဆုလာဘ်ကို ရရှိခြင်းပဲလို့ ခံယူမိပါတယ်။
မိမိတို့ယောအသင်း(စင်္ကာပူ)ဟာ ၂၀၀၉ခု မေလ(၁၉)ရက် ၀ိဆတ်ဒေးနေ့မှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အသင်းဝင်များ အခြင်းခြင်းနွေးထွေးမှုရှိဖို့၊ အကူအညီပေးနိုင်ဖို့၊ အခါအားလျော်စွာ စုပေါင်းညီညာ ကုသိုလ်ပြုနိုင်ဖို့နဲ့ ရန်ပုံငွေအပေါ်မူတည်ပြီး ဂန့်ဂေါ၊ထီးလင်း၊လောင်းရှည်၊ဆော စတဲ့ ယောလေးမြို့နယ်မှာ လိုအပ်တာတွေကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့အသင်းပါ၊

ဝါဆို ကထိန် နှစ်သစ်ကူးမှာ စုပေါင်းပြုနိုင်ခဲ့ကြသလို အသင်းဝင်အချင်းချင်းရဲ့ သာရေး နာရေးတွေမှာလဲ တတ်နိုင်သလောက် ကူညီပေးခဲ့ကြပါပြီ။ ဆက်လက်ပြီး ညီညွတ် တက်ကြွ စည်းလုံးသော ယောအသင်း(စင်္ကာပူ)ဖြစ်ဖို့ ကြိုးစားကြရလိမ့်အုံးမယ်။ ၂၀၁၀ ဒီဇင်ဘာ (၁၂) တနင်္ဂနွေနေ့က ယောအသင်းမိတ်ဆွေစားပွဲကို စင်္ကာပူနိုင်ငံ East Coat ကမ်းခြေမှာ ကျင်းပခဲ့ကြောင်း သိရလို့လဲ ၀မ်းသာကြည်နူးရပါတယ်။ ဟုတ်ပါတယ်.. အများညီရင် အားလုံးက ညွတ်ကြရတာကိုး။ ညွတ်စေချင်ရင် ညီမှ ရမယ်မဟုတ်လား။ Congratulation ပါ ယောအသင်း(စင်္ကာပူ)။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP