*ကိုယ်စားမိဘ*

သက်ရှိထင်ရှား၊ ဘိုးဘွားများကို
ငါကတွေ့မြင်၊ သည်ခါတွင်မူ
မိခင်ဖခင်၊ ကျေးဇူးရှင်ကို
ငါလျှင်တမ်းတ၊ သတိရ၏။
ငါ့အမိအို၊ အဖအိုသည်
သည်လိုအရွယ်၊ ဘိုးဘွားရွယ်တွင်
ကွယ်လွန်ခဲ့ကြ ရှာသည်တကား။
သို့သည်ဖမိ၊ တမ်းတမိတိုင်း
သက်ရှိထင်ရှား၊ ဘိုးဘွားများကို
ငါကားကြည်ညို၊ မေတ္တာပိုသည်
ကိုယ်စား မိဘပါတကား။
မင်းယုဝေ
—————————————
“ဆည်းဆာချိန်လေး လှပစေဖို့
ဘိုးဘွားများကို ကူညီစို့”
လေးစားစွာဖြင့်
ဖိုးသား

0 comments:
Post a Comment