* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 22, 2010

သက္ကရာဇ်, သကရာဇ်, ကောဇာ, ဂေါဇာ ဘယ်ဟာက မှန်ပါသလဲ

သက္ကရာဇ်, သကရာဇ်, ကောဇာ, ဂေါဇာ ဘယ်ဟာက မှန်ပါသလဲ

ဒကာ။ ။ ထိုထိုကျမ်းစာအုပ်တွေရဲ့ ခု-နှစ်-လ ကို ရေးထိုးမှတ်သားကြရာမှာ တချို့ဆရာတွေက “သက္ကရာဇ်” ဟု ရေးကြပါတယ်၊ တချို့ဆရာတွေက “ သကရာဇ်” ဟု ရေးပြန်ပါတယ်၊ တချို့ဆရာကတော့ “ ကောဇာ” တဲ့၊ ဆရာအချို့ကျတော့ “ဂေါဇာ” တဲ့၊ ဘယ်ဟာကို အမှန်မူထားပြီးတော့ ရေးသားရမှာလဲ ဆရာတော်၊ မိန့်ကြားပါဦးဘုရား။
ဆရာ။ ။ အင်း….ဒါတွေက လောကသင်္ကေတ ဝေါဟာရတွေပါ၊ တကျောင်းတဂါထာ၊ တရွာ တပုဒ်ဆန်း ဆိုတာလိုပေါ့၊ ဒီအကြောင်း အကျယ်သိချင်ရင် သမန္တ စက္ခု ဒီပနီကျမ်း ဒုတိယတွဲမှာ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး ဖြေဆိုထားတာ ရှိတယ်၊ အဲဒီထဲမှာ ရှာကြည့်ပေတော့။
ဒကာ။ ။ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးရဲ့ လိုရင်း အဆုံးအဖြတ်ကလေး လောက်ကို အသည်းမှာ မှတ်ကျောက်တင် ဖြေကြားကြရအောင် မိန့်ကြားပါဦးဆရာတော်၊ ဒကာကြီးတို့ဆီမှာ သမန္တစက္ခု ဒီပနီ စာအုပ်လည်း မရှိလို့ပါဘုရား။
ဆရာ။ ။ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးရဲ့ နောက်ဆုံးနိဂုံးချုပ်၏ ဆိုလိုရင်း မှတ်ချက်ချတာကတော့-
ဒီ အရေးအသားမျိုးတွေကို ငါတို့ တွေ့ဖူးပါတယ်၊ ကာလဒေသ အလျောက် သင်္ကေတပညတ်မျှတွေသာဖြစ်၏၊ အမှတ်အက္ခရာ မှားယွင်းခြင်းကြောင့် သံသရာပြစ်ဟူ၍လည်း မတင်နိုင်ရာ၊ အကယ်တိ မှန်ကန်တယ် ဆိုစေဦးတော့ မဂ်ဖိုလ်ရကြောင်း သမ္မာဒိဋ္ဌိဉာဏ်ရဲ့ အာရုံလည်း မဟုတ်ပါ၊ အဲဒါကြောင့်မို့ ကိုယ်ကြိုက်သလို လျော်ရာကိုသာ ရေးကြစေ တဲ့။
ကဲ….အဲဒါဟာ မုံရွေးဇေတ၀န် ဆရာတော်ဘုရားကြီးရဲ့ အလွန်နှစ်သက်စရာကောင်းတဲ့ လျော်ကန် သင့်မြတ်သော လိုရင်းအဆုံးအဖြတ်ပဲ၊ ဒီပဥှာဟာ အလယ်တောရ အရှင်ဇ၀နတိက္ခ ဆရာတော်လေး ဆွေးနွေးတယ်လို့ မှတ်သားမိတယ်။
ဒကာ။ ။ ဒီလို သိရတာ ၀မ်းသာလှပါတယ် ဆရာတော်၊ ငြင်းခုံဖို့လည်း မလိုတော့ဘူးပေါ့၊ နိဗ္ဗာန်ရောက်ကြောင်း တရားမှမဟုတ်တာပဲဟာ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP