* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, December 20, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ (၂)

ကျိုက်ထိုးရိုးစေတီတော်
ဂျပန်စစ်သင်းချိုင်း
ဟံသာဝတီ ဘကကျောင်းရှိ ကလေးငယ်များနှင့် ဆရာ ဆရာမများ

သံဖြူဇရပ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို လေ့လာပြီး နောက်ရက်မှာတော့ ဓမ္မာရမာတောရ စာသင်တိုက်က စာသင်သား သံဃာတွေကို မွေးနေ့အလှူအဖြစ် ဆွမ်းဆက်ကပ်ဖြစ်တယ်၊ သံဖြူဇရပ်မှာ ဂျပန်ဘုရား၊ ဂျပန် စစ်သင်းချိုင်းနဲ့ အင်ကြင်းတောင်တောရ နေရာတွေကို လေ့လာပြီး မုံဒုံ မော်လမြိုင်ကတဆင့် ရန်ကုန်ကို ပြန်ရောက်ခဲ့တယ်။
ရန်ကုန်ပြန်ရောက်တော့ မိမိတို့ ရက်ခြောက်ဆယ် အားထုတ်ရတဲ့ တရားထိုင်နည်းကို ဆယ်ရက်နဲ့သင်ပေးတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်ဆိုလို့ စိတ်ဝင်စားသွားတယ်၊

ဆရာကြီးရဲ့ နာမည်က ဦးစောသာယံ.တဲ့၊ ကန္နီဆရာတော်ကြီးရဲ့ တပည့် အရှင်ထေရတိဿ(သံသာရမဂ္ဂပါရဂူကျမ်းပြု) နဲ့ တရားအတူ ကျင့်ခဲ့ကြ တယ်။ လက်ရှိဆရာကြီးနေတဲ့ နေရာက မြောက် ဥက္ကလာ ဂုံကျော်တံတားအနီးမှာပါ၊ လက်ထောက် တရားပြဆရာက ဦးသန်းအောင်၊ သူကတော့ ရွှေတောင်ကြားမှာ နေတယ်။ တရားစခန်းကိုတော့ ရွှေတောင်ကြားမှာ ရှိတဲ့ ဒကာဦးသန်းအောင်ရဲ့ နေအိမ်မှာ ကျင်းပတယ်။ ရှာဖွေလို့ရသမျှ ပစ္စည်းကို ဓမ္မအတွက် အသုံးချနေတဲ့ ရိုးသားဖြူစင်တဲ့ ဒကာ ဒကာမတွေပါ၊ နယ်တကာလှည့်လည်ပြီးလဲ တရားပြတယ်။ တရားလဲပေး အစာလဲကျွေးပြီး ကိုယ်အား ဥာဏ်အား ပစ္စည်းအားတွေနဲ့ လောကကို အလှဆင်နေကြတယ်၊ အံ့ဩဖွယ် သဒ္ဓါတရားပိုင်ရှင်များပါ။
တရားပြဆရာ ဦးစောသာယံ၊ဦးသန်းအောင်တို့နှင့်အတူ ရွှေတောင်ကြားတရားစခန်း ယောဂီအချို့

ရွှေတောင်ကြားတရားစခန်း (၁၀) ပြီးတော့ ပိုင်းလော့ဆရာတော်ကြီးရဲ့ ငါးရက်တရားစခန်းကို ၀င်ဖြစ်တယ်။ သူ့နည်း သူ့ဟန်နဲ့ တရားတော်တွေကို လွယ်ကူအောင် ဟောပြော ပြသနိုင်တဲ့ဆရာတော်တစ်ပါးပါ၊ ဆရာတော်ရဲ့ အဆုံးအမ လမ်းညွှန်ချက် တွေထဲက အရမ်းသဘောကျခဲ့ စကားလုံးတွေကတော့.. အ၀ိဇ္ဇာ.ဆိုတာ စိတ်ရဲ့အမှောင်၊ ပညာ..၀ိဇ္ဇာဆိုတာ စိတ်ရဲ့အလင်းဆိုတဲ့ စကားတွေပါ၊ လက်တွေ့တရား အားထုတ်တဲ့နေရာမှာ အသုံးဝင်လှပါတယ်။

ပြီးတော့ ချမ်းသာချင်ရင် အတင်းမပြောနဲ့၊ နိဗ္ဗာန်လိုချင်ရင် အတင်းမပြောနဲ့ဆိုတဲ့ အဆုံးအမကိုလဲ သဘောကျမိတယ်၊(ဘုရားဟောတဲ့ တရားတော်မှာတော့.. ပရ၀ဇ္ဈာနုပဿိဿ နိစ္စံ ဥစ္ဇျာန သညိနော၊ အာသ၀ါ တဿ ၀န္တိ(၀ဋ်ဍန္တိ) ၊အာရာသော အာသ၀က္ခယံ။ ဆိုတဲ့ ဒေသနာကို နားလည်အောင် ဆုံးမတော်မူတာဖြစ်ပါတယ်။ ပိုင်းလော့ဆရာတော်ကြီးထံမှာ တရားစခန်းဝင်ပြီးတော့ ဂျူး ပူ တင်တို့ရဲ့ စံနန်းတော် နေပြည်တော်ကို သွားရောက်ခဲ့တယ်။ နေပြည်တော်မှာ ငါးရက်လောက် အနားယူပြီး ရွှေမန္တလေးကို ရောက်လာခဲ့တယ်။

ဆက်ပါအုံးမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP