* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 9, 2010

Heads Coming into Head - ဦးခေါင်းထဲဝင်လာသည့်ဦးခေါင်းများ


"သူက ခေါင်းမာတယ်။ ခေါင်းကောင်းတယ်။ သူ့နိုင်ငံ တိုးတက်တာပေါ့။" စင်္ကာပူခေါင်းဆောင် Lee Kuan Yewကို မိတ်ဆွေတစ်ယောက်က အကဲဖြတ် မှတ်ချက်ပေးပါတယ်။ မနေ့တစ်နေ့ကပါ။ စင်္ကာပူခေါင်ဆောင်ကြီးအကြောင်း အပွန်းတတီး မရှိလှပေမယ့် မိတ်ဆွေရဲ့ စကားနဲ့ ဆက်စပ်ပြီး ခေါင်းတွေအကြောင်း စဉ်းစားမိပါတယ်။ စတုကင်္ဂုတ္တရပါဠိတော်ထဲကလို စက်လှည့်ကြည့်မိတာပါ။

၁။ တစ်ချို့ခေါင်းက မာလည်းမာတယ် ကောင်းလည်းကောင်းတယ်။
၂။ တစ်ချို့ခေါင်းက မာတော့မမာဘူး ဒါပေမယ့် ကောင်းတယ်။
၃။ တစ်ချို့ခေါင်းက မာလည်းမမာဘူး ကောင်းလည်း မကောင်းဘူး။
၎။ တစ်ချို့ခေါင်းက ကောင်းတော့မကောင်းဘူး ဒါပေမယ့် မာတယ်။

ဒီ ခေါင်းလေးမျိုးနဲ့ လူလေးမျိုးဟာ သာမန်အခြေအနေမှာ ရှိနေတာဆိုရင် သူတို့ရဲ့ ဖြစ်တည်မှုက လောကအပေါ် သက်ရောက်အား မပြင်းထန်လှပါဘူး။ သူတို့ ခေါင်းဆောင်နေရာ ရောက်သွားရင်တော့ သူတို့ခေါင်းဆောင်တဲ့ အ၀န်းအ၀ိုင်းပေါ်မှာ ကောင်းတဲ့ သက်ရောက်မှုတွေ၊ မကောင်းသော သက်ရောက်မှုတွေ ပြင်းပြင်းထန်ထန် ကျရောက်ပါတယ်။

မာပြီးကောင်းတဲ့ ခေါင်းတစ်လုံးကြောင့် စင်္ကာပူနိုင်ငံ တိုးတက်တာဖြစ်တယ်လို့ မိတ်ဆွေက မှတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီမိတ်ဆွေ မွှေးပေးခဲ့တဲ့ အတွေးမီးက မငြိမ်းနိုင်သေးပါ။ မမာဘဲ ကောင်းတဲ့ ခေါင်းတွေ၊ မာလည်းမမာ ကောင်းလည်းမကောင်းတဲ့ ခေါင်းတွေ၊ မကောင်းဘဲ မာတဲ့ ခေါင်းတွေ။ ခေါင်းမျိုးစုံက တစ်အိမ်တစ်မိသားစု အဆင့်ကနေ တစ်ကျွန်းတစ်နိုင်ငံ တစ်ကမ္ဘာအဆင့်အထိ ကမ္ဘာကြီးထဲမှာ ခေါင်းဆောင်တွေ ဖြစ်နေကြပါတယ်။ ဘယ်လိုဘယ်လို ခေါင်းတွေက ဘယ်လိုမိသားစု ဘယ်လိုနိုင်ငံတွေကို ဘယ်လိုဘယ်ပုံ ခေါင်းဆောင်နေကြပါသလဲ။ ဘယ်အ၀န်းအ၀ိုင်းပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ကျရောက်နေပါသလဲ။ ကိုယ်နဲ့မဆိုင်လှတဲ့ ဘာသာရပ် ကမ္ဘာ့ကြီးရဲ့ အရေးအရာ ဖြစ်နေတော့ ခွဲခြမ်းစရာ သရုပ်သကန်က ကြီးကျယ်ကြီးလွန်းနေတာမို့ ခေါင်းသေးသေးလေး ပူလာပါပြီ။ ဆက်မတွေးနိုင်တော့ပါ။

English Exercise
အင်္ဂလိပ်စာလေ့ကျင့်ခန်း

တစ်ချို့ ခေါင်းကောင်းသည်။
Some are smart.
တစ်ချို့ ခေါင်းမာသည်။
Some are stubborn.
တစ်ချို့ ခေါင်းဆောင်နေကြသည်။
Some are leading.
တစ်ချို့ ခေါင်းချင်းဆိုင်နေကြသည်။
Some are discussing.
တစ်ချို့ ခေါင်းကိုက်နေကြသည်။
Some have head-ache.
တစ်ချိ့ ခေါင်းညိတ်နေကြသည်။
Some are nodding.
တစ်ချို့ခေါင်းခါနေကြသည်။
Some are refusing.
တစ်ချို့ ခေါင်းချသွားပြီ။
Some died.

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP