* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 9, 2010

ငြိမ်းချမ်းရေးစိတ်ဓာတ်


အပိုင်း(၁)

14th August 2009

"An eye for an eye
A tooth for a tooth."

ခပ်ပြင်းပြင်းစိတ်ရှိသူတို့က “မျက်လုံးတစ်ဖက်အတွက် မျက်လုံး” “သွားတစ်ချောင်းအတွက် သွားတစ်ချောင်း” ဟူသော လက်စားချေအယူအဆကို ခံယူကြသည်။ အချိန်၊ အခါ၊ အသက်အရွယ်၊ အခြေအနေတစ်ရပ်သည် အယူအဆတို့ကို အခါအားလျော်စွာ အပြောင်းအလဲပြု၏။ အရာအားလုံးသည် တစ်သမတ်သဘောမရှိ၊ “မတည်မြဲခြင်း” ဟူသည်သာ မှန်ကန်သောသဘောရှိသည်။

အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက လွတ်လပ်ရေး၏ ဖခင်ကြီးဟု တင်စားခံရသည့် မဟတ္တမဂန္ဒီကြီးသည် "Non-violence" ဟူသည့် အကြမ်းမဖက်သည့် ငြိမ်းချမ်းရေးလမ်းစဉ် အယူအဆတစ်ရပ်ဖြင့် ဗြိတိသျှတို့ကို တော်လှန်ခဲ့သည်။ တစ်နိုင်ငံလုံး၏ ချစ်ခင်၊ လေးစား၊ ကြည်ညိုမှုတို့မှ ရရှိလာသော ဂန္ဒီကြီး၏ Personal Power သည် Constitutional Power, Authority Power, Military Power စသော အဘက်ဘက်ကပြည့်စုံသည့် Multi Power ပိုင်ရှင် ဗြိတိသျှတို့ကို တွန်းလှန်နိုင်ခဲ့သည်။ အိန္ဒိယတို့ လွတ်လပ်ရေးရခဲ့၏။ သင်ခန်းစာတစ်ရပ်မှာ Multi Power ကို Personal Power က ပြည်သူ့အား People Power အဖြစ် အောင်နိုင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ၏ ပထမဆုံး ၀န်ကြီးချုပ်မှာ နေရူးဖြစ်လာသည်။ ဂန္ဒီကြီးသည် ၀န်ကြီးချုပ်နေရူး၏ ဆရာလည်းဖြစ်သည်။

ဗြိတိသျှတို့ကို အောင်နိုင်ခဲ့ပြီးသော်လည်း ဂန္ဒီကြီးက သူ၏အယူအဆကို မပြောင်းလဲခဲ့။ ၀န်ကြီးချုပ်ကို ပြောကြားခဲ့သော သူ့စကားမှာ မှတ်သားဖွယ်ရာကောင်းသည်။

"If an eye for an eye and a tooth for a tooth, then soon the world becomes blind and toothless."


ရင့်ကျက်သော၊ အမှန် ငြိမ်းချမ်းရေးစိတ်ဓာတ်ရှိသော၊ နိုင်ငံကောင်းကျိုးတစ်ခုတည်းကိုသာ Mission အဖြစ်ဆောင်ရွက်သော ဒဿနဖြစ်သည်။

“မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းနဲ့သာ လက်စားချေကြစတမ်းဆိုရင် ကမ္ဘာကြီးဟာ မျက်လုံးတွေကန်းပြီး သွားတွေရှိကြတော့မှာ မဟုတ်ဘူး”

မြင့်မြင့်ကြံ၊ မြင့်မြင့်ပျံ၊ ခေါင်းဆောင်လုပ်ကြမည့်သူများ မပစ်ပယ်သင့်သော အယူအဆဖြစ်သည်။


ဒေါက်တာနေဇင်လတ်

(ဆက်လက်ဖော်ပြပေးပါမည်။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP