* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 13, 2010

"မဟာဗုဒ္ဓ၀င် အကျဉ်း"

“လယ်ထွန်မင်္ဂလာ”

ကပိလ၀တ္ထုပြည်သူပြည်သားများတိုင်း (အိန္ဒိယ လူများ)ဟာ သူတို့ရရှိ သုံးဆောင် စားသောက်နေတဲ့ စားဝတ်နေမှု့ စသည်တို့ကို လယ်ယာလုပ်ကိုင်ခြင်းမှ ရရှိကြတယ်ဆိုတာ လူတိုင်းနားလည်ထားကြပါတယ်။ ဒါကြောင့်လည်းပဲ၊ လယ်ယာထွန်ယက် ပေါင်းသင်ပြီး ဆန်စပါးများ စိုက်ပျိုးခြင်းကို သူတို့ရဲ့ အရေးပါတဲ့၊ တိုင်းပြည်နဲ့ တိုင်းသူပြည်သားများကို အကျိုးကြီးမားတဲ့ အလုပ်တစ်ခုအနေနဲ့ တောင်သူ လယ်သမားများအားလုံးက မြတ်နိုးစွာ တန်ဖိုးထားသတ်မှတ်ထားကြတာပါ။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်းမှာ လယ်ထွန်မင်္ဂလာပွဲတော်ကို ဘုရင်နဲ့ အမတ်ကြီးများပါမက တိုင်းသူပြည်သားများပါ လယ်ထွန်မင်္ဂလာပြုလုပ်ပုံ၊ ကောက်စပါများ စိုက်ပျိုးပုံ၊ စသည့် လယ်ယာလုပ်ကိုင်ခြင်းနဲ့ ပတ်သက်တဲ့ အရာများကို သွားရောက်ကြည်ရှု့ကြပါတယ်။

ဒီလို လယ်ယာပြုလုပ်ခြင်းအမှု့ကို အထင်သေးစရာမလိုသလို၊ လယ်ယာလုပ်ကိုင် စားသောက်နေကြရလို့လည်း ဂုဏ်ငယ် သေးသိမ်တယ်လို့ မခံစားကြဘဲနဲ့ တကယ် တိုင်းပြည်နဲ့ တိုင်းသူပြည်သား အားလုံးအတွက် မင်္ဂလာပြုလုပ်ခြင်း တစ်ပါးလို့ သတ်မှတ်ထားကြတာပါ။ ကပိလ၀တ္ထုပြည်မှာ နွေရာသီရဲ့ နောက်ဆုံးတစ်လကနေစပြီး လယ်သမားများဟာ လယ်ထွန်မင်္ဂလာကို စတင်ပြုလုပ်ကြပါတယ်။ ဘုရင်သုဒ္ဓေါဓနနဲ့ အမတ်ကြီးများ၊ မှုးမတ်များဟာလည်း လယ်ထွန်မင်္ဂလာကို နှစ်စဉ်နှစ်တိုင်း မဖြစ်မနေ သွားရောက်ကာ ဘုရင်ကိုယ်တိုင် စတင်ပြီး လယ်ထွန်မင်္ဂလာကို ဖွင့်ပေးလေ့ရှိပါတယ်။ နိုင်ငံရဲ့ ကြီးမားပြီး စည်ကားလှတဲ့ လယ်ထွန်မင်္ဂလာ ပွဲလမ်းသဘင်ကြီးတစ်ခုပါပဲ။ တိုင်းသူပြည်သားများဟာလည်း ဘုရင်ကိုယ်တိုင် လယ်ထွန်မင်္ဂလာကို ဘုရင်ကိုယ်တိုင် လယ်ထွန်ယက်ပြီး ဖွင့်လှစ်တာကို ကြည့်ရှု့ဖို့ လာရောက်ကြပြီး စည်ကားလှတဲ့ ပွဲတော်ကြီးနဲ့အတူ ပျော်ရွှင်စွာ တစ်နေ့တာကို ကုန်စေကြပါတယ်။ ဒီနှစ် လယ်ထွန်မင်္ဂလာပွဲတော်ကို ဘုရင်သုဒ္ဓေါဓနနဲ့အတူ မင်းသားလေး သိဒ္ဓတ္ထလည်း လိုက်လာခဲ့ပါတယ်။ ဘုရင်သုဒ္ဓေါဓနကိုယ်တိုင် လယ်ထွန်မင်္ဂလာကို လှလှပပတန်ဆာဆင်ထားတဲ့ ရွှေဖြင့်လုပ်ထားတဲ့ ထွန်နဲ့ စတင်ထွန်ယက်ပြီး ဖွင့်လှစ်ပါတယ်။ ခဏနေမှ ဆိုင်ရာလယ်သမားများဟာ ဆိုင်ရာဆိုင်ရာ နေရာတွေမှာယူပြီး ကောက်ပဲသီးနှံ စပါးများ စိုက်ဖို့အသင့်ဖြစ်သည့်တိုင်အောင် ထွန်ယက်ကြပါတယ်။
နေ့လည်စာစားချိန်မှာ သိဒ္ဓတ္ထမင်းသားလေးကို ထိန်းသိမ်းစောက်ရှောက်တဲ့ အထိန်းတော်များဟာ လယ်ထွန်မင်္ဂလာကို ပျော်ရွှင်ကြည်နှုးဖို့ သွားရောက်ကြည့်နေပြီး သိဒ္ဓတ္ထမင်းသားလေးကို တစ်ယောက်တည်း ပစ်ထားခဲ့ကြပါတယ်။ ဒီအချိန်မှာ သိဒ္ဓတ္ထမင်းသားလေးဟာ ဇမ္ဗုပင်ကြီးရဲ့အောက်ကို တစ်ယောက်တည်း လျှောက်လာပြီး ငြိမ်သက်စွာထိုင်ရင်း တွေးတော ဆင်ခြင်လိုက်တာကတော့ “ငါ၏ခမည်းတော် ဘုရင်သုဒ္ဓေါဓန၊ အမတ်ကြီးများနဲ့ တိုင်းသူပြည်သားများဟာ လယ်ထွန်မင်္ဂလာပွဲတော်ကို လာရောက်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနေကြတယ်။ ဒါပေမယ့် နွားများမှာတော့ ပျော်ရွှင်မှု့ အရိပ်အယောင် နည်းနည်းကလေးမှ မတွေ့မြင်ရဘူး။ မရှိဘူး။ သူုတို့မှာ ကြမ်းတမ်းမာကြောတဲ မြေကြီးကို ဖောက်ခွဲဖို့အတွက် ထွန်တုံးများးကို ပင်ပန်းဆင်းရဲစွာ ရှိသမျှအား အကုန်ထုတ်ကာ ရုန်းကန်နေကြရတယ်။ သူတို့ဟာ သူတို့ရဲ့ နာကျင်ခံစားမှု့များကို ကိုယ့်ဆန္ဒအရ ပပျောက်သက်သာအောင် ရပ်နားချင်ကြပေမယ့်လည်း မနားရဘဲ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြရတဲ့အတွက် သူတို့မှာ ပျော်ရွှင်မှု့အရိပ်အယောင် အမှုအရာ လုံးဝကိုမရှိကြဘူး။ တစ်နေကုန် လူအများဟာ ပျော်ပါးနေကြပေမယ့်လို့ သူတို့ နွားတွေမှာတော့ ကြမ်းတမ်းပင်ပန်းစွာ လုပ်ကိုင်နေကြရတယ်။” သူတို့မှာ အရှင်သခင်များဆီက အကြင်နာမဲ့စွာ ဆဲဆို ကြိမ်းမောင်းသံများနဲ့အတူ ပင်ပန်းစွာနဲ့ပဲ သခင်များအတွက် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ပေးနေကြတယ်။
နောက်တော့ သိဒ္ဓတ္ထမင်းသားလေးဟာ သူအနီးအနားမှာ ရှိတဲ့ အခြားသတ္တ၀ါများရဲ့ များစွာသော လှုပ်ရှားဖြစ်ပေါ်နေတဲ့ အရားများကို သတိထား ရှု့ကြည့်မိလိုက်ပါတယ်။ ပုတ်သင်ညိုတစ်ကောင်ဟာ မြေပေါ်တွားသွားရင်း ပုရွက်ဆိတ်များ အခြားပိုးမွှားလေးများကို လိုက်လံစားသောက်နေတာကို မြင်တွေ့လိုက်ပါတယ်။ မကြာခင်မှာပဲ မြွေတစ်ကောင်ဟာ လာရောက်ပြီး ထိုပုတ်သင်ညိုလေးကို ခေါင်းကို ကိုက်ဖြတ် ဖမ်းယူ စားသောက်ပစ်လိုက်ပါတယ်။ ထိုတိုတောင်းတဲ့ အချိန်လေးတွင်းမှာပါပဲ၊ ကောင်းကင်ပေါ်ကနေပြီး စွန်ငှက်တစ်ကောင်က ထိုးဆင်းလာပြီး ထိုမြွေကိုတစ်ဖန် ကုတ်ယူဖမ်းဆုပ်ပြီး စားသောက်ပစ်လိုက်ပြန်ပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ သိပ်ကိုအံအားသင့်သွားပါတယ်။ နောက်တော့ သိဒ္ဓမင်းသားလေးဟာ သူရဲ့အတွေးစိတ်များကို အာရုံစူးစိုက်ပြီး သူ့ကိုသူ မေးခွန်းထုတ်ပါတယ်။ “အရာအားလုံးဟာ ဒီအတိုင်းသာဆိုရင် ဘ၀မှာ အလှတရားများလို့ ပြောဆိုနေကြတဲ့အရာအားလုံးဟာ သူရဲ့နောက်ကွယ်မှာ မလှပခြင်း၊ ဆင်းရဲခြင်းများဟာ ပုန်းကွယ်နေမှာ သေချာတယ်။ ”သိဒ္ဓတ္ထမင်းသားလေးဟာ အခုလက်ရှိဘ၀အချိန်လေးမှာ သူဟာ အပှုအပင်မရှိ သိပ်ကို ပျော်ရွှင်နေပေမယ့် လူသားအားလုံး သတ္တ၀ါများအားလုံးကို ဖုံးလွှမ်းထားတဲ့ ဆင်းရဲခြင်းတရားများကို နားလည်သဘောပေါက်သွားပါတယ်။ ထိုအကြောင်းအရာများကို ဆင်ခြင်ပြီးတော့ ပထမဈာန်ကို ၀င်စားနေတော်မှုလိုက်ပါတယ်။
လယ်ထွန်မင်္ဂလာပြီးမြောက်သွားတဲ့အချိန်မှာ သူ့ရဲ့အထိန်းတော်များကို သိဒ္ဓတ္ထမင်းသားလေးကို သတိရသွားပြီး သိဒ္ဓတ္ထမင်းသားလေး ပထမဈာန်ဝင်စားနေတဲ့နေရာကို အပြေးကလေးလာရောက်ပြီး နှိုးကာ ဘုရင်သုဒ္ဓေါဓနက မင်းသားလေးကို နန်းတော်သို့ ပြန်ဖို့အချိန်ပြီးဖြစ်တဲ့အတွက် ရှာဖွေနေတဲ့အကြောင်း လျောက်ထားပြီးကာ ခေါ်ဆောင်သွားကြပါတယ်။ နန်းတော်သို့ အပြန်လမ်းမှာ သိဒ္ဓမင်းသားလေးဟာ အားလုံးသောသတ္တ၀ါများအပေါ်မှာ သနားခြင်းကရုဏာတော်များကို ဖြစ်စေခဲ့ပါတယ်။ သတ္တ၀ါအားလုံးဟာ သူတို့ရဲ့ ဘ၀အသက်ရှင်နေထိုင်ရေးအတွက် နာကျင်မှု့တွေ၊ ဆင်းရဲမှု့တွေကြားမှာ ပင်ပန်းစွာ ရုန်းကန်လှုပ်ရှား နေကြရတာကို တွေးမြင်မိလို့ပါ။
ဒီနေရာမှာ သိဒ္ဓမင်းသားလေးရဲ့ ကြီးမြတ်တဲ့ ကရုဏာတော်ကို သိရှိပြီး ကြည်ညိုတတ်စေချင်ပါတယ်။

(ဥယျာဉ်မှုးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP