* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 13, 2010

ဗောဓိပင်နှင့် ဆန်းဒေးစကူးလ်





ဆန်းဒေးစကူး ဖွင့်ပွဲ အမှတ်တရ
ဘုရားထံ ပန်း ဆီမီး ပူဇော်ထားပုံ




သီရိလင်္ကာမိသားစုများမှ
ရွှေမဟာဗောဓိပင် လှူဒါန်းကပ်စဉ်




ဆန်းဒေးကူး ကလေးငယ်များ
သင်တန်းမစမီ
သင်တန်းဆရာတော် မှ ရှင်းပြနေစဉ်





နမော တဿ သုံးကြိမ် ရွတ်ပြီး
သရဏဂမန ( သရဏဂုမ် ) သုံးပါး
ရှင်းလင်း ပြောကြားစဉ်





ကလေးဆိုတော့လည်း စာထက်
ဘုရားပုံတော်ကြည့်နေတာကို
သဘောကျတယ်ဆိုတာ သဘာဝပါပဲ



ဗောဓိပင်

အာ- ဗော- ကာ- ယ- ဆန်- ရွှေ- ကဏ် ဆိုတာ မြန်မာလို ဘုရားရှင်နဲ့  ဖွားဖက်တော်ကို ရည်ညွှန်း ပြောဆို ထားတာပါ။ ဖွားဖက်တော်ဆိုတာ နေ့ တူ မွေးဖွားတာကို ဆိုလိုပါတယ်။

အာ- အရှင်အာနန္ဒာ။ ဗော-မဟာဗောဓိပင်။ ကာ- ကာဠုဒါယီ။ ယ- ယသော်ဓရာ။ဆန်-အရှင်ဆန္န။ ရွှေ-ရွှေအိုးကြီးလေးလုံး။ ကဏ်-တောထွက်ချိန်မှာစီးတဲ့ ကဏ္ဍက စီးတော်မြင်းတို့ ပါပဲ။

အဲဒီဖွားဖက်တော်များထဲက ဘုရားရှင် ဖွားဖက်တော်ဖြစ်တဲ့ မဟာဗောဓိပင်အောက် ရွှေပလ္လင် ထက်မှာ ဘုရားဖြစ်တော်မူပါတယ်။ ဘုရားရှင် ဘုရားဖြစ်တဲ့ ဗောဓိပင်မိုလို့  ဘုရားရှင်ကို ရိုသေ လေးစား မြတ်နိုးသောအားဖြင့် ဗောဓိပင်ရဲ့  ဗောဓိရွက်တို့  ဗုဒ္ဓဘာသာ လူမျိုးအသီးသီးတို့ က ကိုးကွယ် ဆည်းကပ်ကြပါတယ်။

အဲဒီလို ကိုးကွယ် ဆည်းကပ်သည့်အထဲတွင် သီရိလင်္ကာ ပိုပြီး လေးစားသမှုပြုကြတာတွေပါ တယ်။ ဘုန်းကြီးကျောင်းမှန်ရင် ဗောဓိပင်ရှိရမယ် လို့  စေတီ ရှိရမယ် ပုံစံမျိုး ပြောရလောက် အောင် ဘုန်းကြီးကျောင်းမှာ ရှိတာကိုတွေ့ ရပါတယ်။ ပြီးတော့ လမ်းဆုံလမ်းခွတွေမှာလည်း ဗောဓိပင်တွေ တွေ့ ရတယ်။ ဗောဓိပင်ကိုလည်း ခုတ်ခြင်း ဖြတ်ခြင်း လုပ်တာ လုံးဝကို မကြိုက်
် ခုတ်ဖြတ်လျင် သူတို့  အလွန်မတန် ၀မ်းနည်း တတ်ပါတယ်။ ငိုသည့်အထိ ၊ ပြဿနာ ဖြစ်သည် အထိ ဖြစ်တယ်လို့  သီရိလင်္ကာနေစဉ်က ကြားဖူးခဲ့ပါတယ်။

သီရိလင်္ကာ ကန္နီမြို့ ရှိ သီရိမဟာဗောဓိကိုလည်း ဘုရားရှင် အသုံးပြုတော်မူသွားခဲ့တဲ့ မူလ ဗောဓိ ပင်မှ အကိုင်းကို သင်္ဃမိတ္တ ဘိက္ခုနီ အရှင်မ သယ်ယူပင့်ဆောင်ကာ စိုက်ပျိုးထားတယ် လို့ ဆိုပါ တယ်။ ဒါကြောင့်မို့ လည်း သီရိလင်္ကာ ပြည်သူပြည်သားများဟာ ဗောဓိပင်ကို အသက်တမျှ လို့  ပြောရလောက်အောင် ဘုရားရှင်နဲ့  မခြား ကိုးကွယ်ကြပါတယ်။

ဒီနေ့ မှာလည်း မဟာဗောဓိပင်ရဲ့  ဗောဓိညောင်ရွက် တစ်ရွက်ကို ရွှေဗောဓိညောင်ပင်ကြားညှပ် ကာ ပင့်ဆောင်လာခဲ့ပြီး ကျောင်းကို လှူဒါန်းခြင်းဖြစ်ပါတယ်။

ဆန်းဒေးစကူးလ်

သီရိလင်္ကာနိုင်ငံရှိ ကလေးသူငယ်များသည် အစိုးရကျောင်းများ ၌ ၅ နှစ်အရွယ်မှ စတင်ပြီး ပညာသင်ယူရသကဲ့သို့  ဆန်းဒေးစကူးလ်ကို အစိုးရကျောင်းများနှင့် တူညီစွာပင် အတန်းများကို သူ့ အဆင့်သူခွဲခြားထားပါသည်။ အစိုးရကျောင်းများက သူငယ်တန်းဆိုလျင် ဆန်းဒေးစကူးမှာ သူငယ်တန်းပင်ဖြစ်သည်။

ဆန်းဒေးစကူးကို ... ၁။ သူငယ်တန်း ( Primary ) ၂။ ၁ တန်းမှ ၁၀ ( Grade 1 to Grade 10 )။
၃။နောက်ဆုံးအဆင့် ၁ ၊ ၂ ( Final1.2 ) ဟု အတန်းပေါင်း ၁၃ တန်း ခွဲခြားပြီး သင်ကြားပေးပါ သည်။ ပြဋ္ဌာန်းထားသည့် စာအုပ်များမှာ ငါးရာငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်ကအဖြစ်ပျက်များ၊ ကဗျာများ၊ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပါယ် စသည်တို့  ဖြစ်သည်။

သင်ရိုးပြဋ္ဌာန်းစာအုပ်တွေကိုလည်း သာသနာရေး ၀န်ကြီး ဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ ဖြန့် ဝေ၏။ ယင်း ဆန်ဒေး စကူးလ် စာမေးပွဲကို သာသနာရေး ၀န်ကြီး ဌာနကပင် တာဝန်ယူပြီး ဒီဇင် ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည်။
( နန္ဒစိုးမင်း- တန့် ဆည်၊ လင်္ကာတမန် မဂ္ဂဇင်း မှ)

မြန်မာနိုင်ငံမှာတော့ ဆန်းဒေးစကူးရယ်လို့  ထူးပြီး မပေါများလှသေး။ နွေရာသီ ယဉ်ကျေးမှု သင် တန်း များနဲ့ အဘိဓမ္မာသင်တန်း၊ ၀ိသုဒ္ဓိမဂ် စာမေးပွဲများလောက်သာ ရှိပါတယ်။

မြန်မာနိုင်ငံ သင်တန်းနဲ့  စာမေးပွဲများကတော့ လေ့လာဖို့  အချိန်ရသူနဲ့  စားဝတ်နေရေး ပြေလည် သူလောက်သာ တတ်နိုင်ပါတယ်။ မတတ်နိုင်သူ အဖို့ ကတော့ ကလေးလည်း ကလေးနဲ့  ထိုက် တန်တဲ့ အလုပ် လုပ်နေရတာမို့  တစ်ချို့ လည်း ကျောင်း မရောက်ပဲ ဓမ္မနဲ့  ဆိုင်ရာ ဗဟုသုတ နဲနေတာ တွေ့ ရပါတယ်။

သီရိလင်္ကာနိုင်ငံမှာတော့ မဖြစ်မနေ ဆိုသလို သင်တန်း တတ်ကို တတ်ကြရတာမို့  ဘာသာရေး အသိက အတော် လေး အဆင်ပြေလှတယ်။ အလုပ်ခွင် ၀င်တာတောင် ဆန်းဒေးစကူး လက်မှတ် ပြရတယ် လို့  ကြားဖူးတယ်။ ဆန်းဒေးစကူးလ် တက်ထားမှ အလုပ်ကောင်းတဲ့ သဘောထိ ပြောပါတယ်။

ဒါကြောင့်လည်း ဒီနေ့  ဆန်းဒေးစကူးမှာ သီရိလင်္ကာ ကလေးများက လေးယောက် ထိုင်းကလေး က တစ်ယောက် အစနေ့ မှာ စခဲ့ပါတယ်။

သင်တန်းကိုတော့ ကိုယ်ကိုယ်တိုင် စဖွင့်လှစ်ပေးခဲ့ပါတယ်။ သင်တန်းဆရာများအနေနဲ့ ဘုန်းကြီး များနဲ့  သီရိလင်္ကာ ဆရာမ၊ ထိုင်းဆရာမ ၊ ဂျာမန် ဆရာ တို့ ဖြစ်ပါတယ်။

တစ်လ တစ်ကြိမ် ကလေးများအဖို့  ဗုဒ္ဓဘာသာ နဲ့  ပတ်သက်တဲ့ သိသင့်သိထိုက်ထားတာတွေ ကိုတော့ သိသွားကြမယ်လို့  ယုံကြည်လျက် ဆန်းဒေးစကူး စတင်ကာ ဖွင့်လိုက်ပါတယ်။



မှတ်ချက် ။ ။ သင်တန်း တက်လို က
http://bodhi-vihara.org/blog/ မှာ
အသေးစိပ် ဖတ်ရှုနိုင်ပါသည်။



မြတ်ရောင်နီ

( ၁၂ ၊၀၉ ၊၂၀၁၀ )

.

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP