* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 1, 2010

*လူတိုင်းဆင်မြန်းသင့်သောအဆင်တန်ဆာ *

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:


ကျွန်တော်တို့တတွေဟာမိမိတို့၏ ကိုယ်ခန္ဓာလှပဖို့အတွက် လောကီရတနာတွေဖြစ်သော ရွေ၊ငွေ၊ပတ္တမြား၊ ပုလဲစသောရတနာများ အ၀တ်တန်ဆာများကို ၀တ်ဆင်ရပါသည်။ ထို့သို့ဝတ်ဆင်ရာတွင် ယနေ့ခေတ်ဝတ် စားဆင်ယင်မှုမျိုးဖြစ်သော လူငယ်များဝတ်ဆင်သ လိုအိုမင်းရင့်ရော်နေသူတွေက၀တ်ဆင်ကြရင် ကဲ့ရဲ့ပြစ် တင်ကြလိမ့်မည်။လူငယ်ဆိုလည်းလူငယ်အလျောက် အများအမြင်သင့်တော်သော ၀တ်စားဆင်ယင်မှုမျိုး အိုမင်းသူတို့ကလည်းမိမိတို့နှင့်သင့်လျော်သော ၀တ်စားဆင်ယင်မှုမျိုးကိုသာ ၀တ်ဆင်မှသာ ကဲ့ရဲ့ခြင်းကင်း လိမ့်မည်။
သို့သော်လည်း လူကြီး၊လူငယ်လူလတ် အဆင့်အတန်းမရွေး ဆင်မြန်းနိုင်သောအဆင်တန်ဆာမျိုးတော့ရှိပါ သည်။ထိုအဆင်တန်ဆာကား သီလပင်ဖြစ်ပါသည်။ သီလသည် လူတစ်ဦးချင်းစီ၏ ခွန်အားနှင့်အလှတရား ပင်ဖြစ်ပါသည်။သီလပျက်လျှင် လူ၏အလှပျက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့သည် ခါးဝတ်ပုဆိုး ကိုမြဲမြံအောင်ဝတ်ဆင်သကဲ့သို့ သီလကိုလည်းစောင့်ထိန်းရပါမည်။သီလဆိုသည်မှာ ငါးပါး၊ရှစ်ပါး၊ဆယ်ပါး၊ သာမဏေသီလ၊ ရဟန်းသီလစသည်ဖြင့်အမျိုးမျိုးရှိပါသည်။ကိုယ်နဲ့လုပ်၊နှုတ်နဲ့ပြောတဲ့ အလေ့အထမှန်သမျှ သီလဟုခေါ်ဆိုနိုင်ပါသည်။
သီလတွင်ရှောင်ကြဉ်ရမည့်သီလ(၀ါရိတ္တသီလ)နှင့် ပြုကျင့်ရမည့်သီလ(စာရိတ္တသီလ) ဟူ၍နှစ်မျိုးခွဲခြားထား ပါသည်။
ဥပမာအားဖြင့် ငါးပါးသီလတွင်ပါဝင်သော သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မုသားစကားဆိုခြင်း၊သူ့ သားမယားပြစ်မှားကူးလွန်ခြင်း၊ မူးယစ်သောက်စားခြင်း၊ ဥပဒေအရတားမြစ်ထားသောအရာများကိုမကူး လွန်ခြင်းတို့သည် ရှောင်ကြည်ရမည့် ၀ါရိတ္တသီလကိုစောင့်ထိန်းခြင်းဖြစ်ပါသည်။
ပြုကျင့်ရမည့် စာရိတ္တသီလမှာ မိဘကလည်းမိဘ၀တ္တရား၊ သားသမီးကလည်းသားသမီးဝတ္တရား၊ ဆရာက လည်းဆရာဝတ္တရား၊ တပည့်ကလည်းတပည့်ဝတ္တရားစသည်ဖြင့် မိမိတို့နှင့်သက်ဆိုင်သော နယ်ပယ်အသီး သီးတွင်တာဝန်ကိုကျေပွန်အောင်ပြုလုပ်ခြင်းသည် စာရိတ္တသီလကို စောင့်ထိန်းခြင်းပင်ဖြစ်ပါသည်။ စာရိတ္တသီလပျက်ခြင်းသည် အကျင့်မကောင်းခြင်းဖြစ်၍ အကျင့်ပျက်ခြင်းနှင့်အတူတူပင်ဖြစ်ပါသည်။
ပညာရှိသူတော်ကောင်းတို့က
  • ရစ်မသည် မိမိ၏အသက်ကို စွန့်၍ဥကို စောင့်ရှောက်သကဲ့သို့၊
  • စာမရီသားကောင်သည် မိမိအသက်ကိုစွန့်၍ မြီးဆံကို စောင့်ရှောက်သကဲ့သို့၊
  • သားတစ်ယောက်တည်းရှိသူ မိခင်သည် တစ်ယောက်တည်းသောသားကို စောင့်ရှောက်သကဲ့သို့၊
  • မျက်စိတဖက်တည်းသာ အကောင်းရှိသူသည် ထိုတစ်ဖတ်တည်းသော မျက်စိကိုအရေးယူ စောင့်ရှောက်သကဲ့သို့၊
  • လူသည်သီလကိုစောင့်ထိန်းရာ၏ဟု ဆုံးမ၏။
“သီလခြေ၊ သဒ္ဓါလက်” ဆိုတဲ့စကားရှိပါတယ်။သီလမရှိတဲ့သူဟာ ခြေထောက်မရှိတဲ့သူနဲ့တူပြီး သဒ္ဓါမရှိတဲ့သူ ကတော့လက်မရှိတဲ့သူနဲ့အတူတူပဲဖြစ်ပါတယ်။သီလရော၊သဒ္ဓါရောမရှိရင်တော့ ခြေမဲ့လက်မဲ့နဲ့ တကယ့်ကို လူဖြစ်ရှုံးရမှာပါဘဲ။
လူတစ်ယောက်သည် ဘယ်လောက်လှလှ ပညာဘယ်လောက်တတ်တတ် သီလမရှိလျှင်တော့ ခြေမဲ့လက်မဲ့ လူနဲ့အတူတူဘဲဖြစ်ပါတယ်။ ထို့ကြောင့်ကျွန်တော်တို့တတွေဟာ ဘာလုပ်လုပ်၊ဘာပြောပြော သူတစ်ပါးကို မထိခိုက်၊မနစ်နာအောင် ပြုမူပြောဆိုမှသာ သီလရှိပြီးကိုယ်ကျင့်ကောင်းသော သူတော်ကောင်းများဖြစ်လာ ပါမည်။ နိဂုံးချုပ်အနေဖြင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏
“သီလရနံ့ မွေးပျံ့ကြိုင်စွာ၊
သီလဆင်တိုင်း ရှုတိုင်းလှပါ၊
သီလစောင့်ငြား မလားပါယ်ရွာ၊
မြတ်သီလ စိတ်ချကိုးကွယ်ရာ” ဆိုတဲ့ဆုံးမစာလေးနဲ့နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
ဓမ္မမိတ်ဆွေများလည်း သီလနဲ့ပြည့်စုံသော သူတော်ကောင်းတရားများကို မှီဝဲဆည်းကပ်နိုင်သောသူ များဖြစ်ပါစေ။
ဆရာချစ်စံဝင်း၏“အရည်အသွေး”စာအုပ်ကိုမှီးငြမ်းပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP