* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 1, 2010

“မိန်းမ ကြောက်သူ မ၀င်ရ”

တစ်ခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်ကြီးတစ်ပါးရှိလေသည်။ ဘုရင်ကြီးသည် သူ၏ မိဖုရားခေါင်ကြီးကို အလွန်အင်မတန်မှကြောက်ရလေသည်။ထိုဘုရင်ကြီးသည် တိုင်းပြည်ရေးရားကိစ္စနှင့် နန်းရေးနန်းရာကိစ္စများကို စီမံရာတွင် သူ၏ မိဖုရားခေါင်းကြီး၏ စကားကို လိုက်နာကာ စီမံနေရသည်။ တစ်နေ့ ဘုရင်ကြီးအကြံဖြစ် သည်ကား
“ငါရဲ့တိုင်းပြည်အတွင်းမှာ နေထိုင်နေကြတဲ့ အမျိုးသားမှန်သမျှလဲ သူတို့၏ အမျိုးသမီးတွေကို ငါလိုပဲကြောက် ကြသလား သို့တည်းမဟုတ် မကြောက်ကြဘူးလားဆိုတာကို စုံစမ်းကြည့်အုံးမှပဲ”ဟု အကြံဖြစ်တော်မူလေသည်။ သို့ဖြစ်သဖြင့် မှူးကြီးမတ်ရာများနှင့်တိုင်ပင်ကာ မဏ္ဍပ်ကြီးနှစ်ခုကို ဆောက်လုပ်လိုက်လေသည်။ ထိုမဏ္ဍပ်နှစ်ခု တွင် တစ်ခုသည်ကား
“မိန်းမကို ကြောက်သော ယောက်ျားများဝင်ရန်ဖြစ်သည်။ နောက်မဏ္ဍပ်တစ်လုံးသည်ကား မိန်းမကို မကြောက်သော အမျိုးသားများဝင်ရန်ဖြစ်သည်” ပြိုင်ပွဲနေ့ရောက်လာပါပြီ။ ဘုရင်ကြီးသည် သူ၏ နန်းတော် လေသာပြုတင်းပေါက်မှ ထိုင်တော်မူကာ အမျိုးသမီးကို ကြောက်သော အမျိုးသာကများသလား သို့တည်းမဟုတ် အမျိုးသမီးကို မကြောက်သော အမျိုးသားကများသလားဆိုသည်ကို ကြည့်ရှုတော်မူနေလေသည်။ အမျိုးသား များသည်ကား
“အမျိုးသမီးကို ကြောက်သော အမျိုးသားများဝင်ရန်”ဟူသော မဏ္ဍပ်သို့သာ စုပြုံတိုးဝင်နေကြသည်ကို တွေ့နေရ သဖြင့် ဘုရင်ကြီးသည်
“အော် ငါ့တိုင်းပြည်အတွင်းရှိ အမျိုးသားတွေလဲ ငါလိုပဲ သူတို့ရဲ့ အမျိုးသမီးတွေ(မိန်းမတွေ)ကို ကြောက်နေရတဲ့ သူတွေချည့်ပါလား”ဟု စိတ်ပျက်အားငယ်တော်မူနေလေသည်။ ထိုအချိန်တွင် ထူးထူးခြားခြား အမျိုးသား တစ်ယောက်သည် မိန်းမကို မကြောက်သော မဏ္ဍပ်ဆီသို့ တမ်းတမ်းမတ်မတ်ဝင်လာလေသည်။ ထိုအခါ ပရိသတ်ကြီးသည် သြဘာလက်ခုပ်တစ်ဖျောင်းဖျောင်းဖြင့် ကောင်းချီးပေကြလေသည်။ ဘုရင်ကြီးသည်ပင် အားရကျေနပ်နှစ်သက်တော်မူခဲ့လေသည်။ သို့ဖြစ်သဖြင့် ထိုအမျိုးသားအား ဆုပေးရန် နန်းတော်သို့ ဖိတ်မန်ကာ
“အမောင်ယောက်ျား သင်သည်ကား မိန်းမကို မကြောက်သော အမျိုးသားများဝင်ရန်လို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ မဏ္ဍပ်ကို ၀င်တယ်ဆိုတော့ သင်သည်ကား သင်ရဲ့ မိန်းမကို မကြောက်ဘူးဆိုတဲ့သဘောလားကွယ့်”ဟု မေးတော်မူသောအခါ အမျိုးသားက
“ဘုရင်ကြီးရယ် ကျွန်တော်က မိန်းမကို မကြောက်လို့မဟုတ်ပါဘူး၊ ကျွန်တော်မိန်းမက မှားလိုက်တယ်ပါတယ်၊ မိန်းမကြောက်သူများ ၀င်ရန်လို့ ရေးထားတဲ့ မဏ္ဍပ်ထဲကို တော်သွားမ၀င်နဲ့နော်လို့မှာလိုက်လို့ ကျွန်တော်မျိုးက မ၀င်တာပါအရှင်မင်းကြီး”ဟု လျှောက်ထားလိုက်လေသည်။ ထိုအခါ ဘုရင်ကြီးညည်းချင်းထုတ်လိုက်သည်ကား
“အော် ငါ့တိုင်းပြည်အတွင်းရှိ အမျိုးသားမှန်သမျှလဲ သူတို့ရဲ့ အမျိုးသမီးတွေကို ငါကိုယ်တော်မြတ်ကဲ့သို့ ကြောက်နေကြရပါလားနော်”ဟူ၍ပင်ဖြစ်သတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP