* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 1, 2010

ရုန်းတက် မှန်ရမယ်။

ရုန်းတက် မှန်ရမယ်။ (တိပိဋကဓရ၊ ယောဆရာတော်)

လူတိုင်းရုန်းတက်သမားချည်းပါ။ သေးသေးတင် ရုံးတော့ မဟုတ်၊ နသတ် ရုန်းပါ။ နေ့တိုင်း ရုန်းတက်နေကြတယ်။ မနိုင်မနင်း ရုန်းပြိးတက်နေကြတာမျိုး မဖြစ်စေရဘူး။ ဒါန၊သီလ၊ ၀ိပဿနာပုံစံနဲ့ စွမ်းအားပေါ်အောင် ရုန်းပြီး တက်နေကြတာပဲ ဖြစ်စေ ရမယ်။ ၀ီရိယစွမ်းအား နဲ့ စိတ်အပူ အခိုးအငွေ့တွေထဲက ကျွတ်ထွက်အောင် ရုန်းပြီး တရားစွမ်းရည် ပေါ်အောင် တက် ရမယ်။ ၀ီရိယဟာ စိတ်ရဲ့ အပူတွေကိုလည်း ကန်ထုတ်ပစ်ရတယ်။ စွမ်းအားပေါ်အောင် ရှေ့ကိုလည်း တွန်းပြီး ရုန်းတက်ရတယ်။ ကန်တာ အားကောင်းမှ ရုန်းတက် မှန်သွားမယ်။ လိုရင်းကတော့ သတိပါပဲ။

ဓာတ်လုံးပေးရမယ်
ဖိုးထူး ဆိုတဲ့ လူငယ်တစ်ယောက် ဦးပဉ္ခင်းထံရောက်လာတယ်...သူက...

အရှင်ဘုရားတို့မှာ ဓာတ်လုံးရှိသလား၊ ရှိရင် တပည့်တော်ကိုလည်းပေးပါဘုရားတဲ့။

ရှိပါတယ်ကွယ်၊ လိုချင်ရင် ၃လုံးပေးရမှာပေါ့။

၃လုံးကြီးတောင် ပေးမယ် ဆိုတော့ သိပ်ဝမ်းသာလိုက်တာ ဘုရားတဲ့။

ကဲ ဖိုးထူး၊ ဓာတ်လုံးပေးမယ်၊ လိုက်ဆိုပါ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတော့ ဖိုးထူးက ဒီသရဏဂုံ၃ပါး ကို တပည့်တော်ငယ်ငယ်ကလေးက စရပြီးသားပါ။ လိုက်ဆို စရာ မလိုပါဘူးတဲ့။

ဟဲ့...ဖိုးထူး၊ အဲဒီ နှုတ်ကျိုးလို့ရနေတာက ဓာတ်မပါဘူးကွဲ့၊ ရတနာသုံးပါး ရဲ့ ကောင်းတဲ့ အံ့ဖွယ်စွမ်းအားဓာတ်တွေ ကိုယ်သန္တာန်မှာ၊ ကိုယ်စိတ်နှလုံးမှာ ကူးစက်ပြီး ကျန်နေခဲ့မှ ဓာတ်လုံးဖြစ်မျာပေါ့။ ကောင်းတဲ့ စွမ်းအားဓာတ်တွေ ကူးနေခဲ့ဖို့ ဆိုရင် စစ်မှန်သန့်စင်လေးနက်တဲ့ သဒ္ဓါ၊ သတိ၊ ပညာ လိုတယ်။ အကောင်းဓာတ်တွေ နှလုံးသား အရောက်ပို့ဆောင်ထည့်သွင်း ပေးနိုင်မှ ဓာတ်လုံးခေါ်ရတယ်။ ဒီဓာတ်လုံးတွေက တကယ်စွမ်းတာကွဲ့၊ တစ်ဘ၀တွင်မကဘူး၊ နိဗ္ဗာန်အရောက် သံသရာ တလျှောက် ကြောက်တာလည်း အကုန်လွတ်စေ၊ လိုတာမှန်သမျှလည်း အကုန်ရစေနိုင်တဲ့ အံ့ဖွယ် ဓာတ်လုံးတွေဖြစ်လို့ တစ်သက်လုံးလက်မလွတ်ဘဲ အမြဲဆောင်ထားစမ်းပါ။

ဗေဒင်ကော ဟောသလား

ဓာတ်လုံး၃လုံးရလို့ အားတက်ဝမ်းသာလှတဲ့ ဖိုးထူးက ဆက်ဆေးတယ်။ အရှင်ဘုရား.... ဗေဒင်ကောဟော သလား ဘုရားတဲ့။

ဟောတော့ ဟောပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဓမ္မ ဗေဒင် အတိုချုပ်လောက်ပဲဟောတယ်။

စိတ်ညစ်၊ စိတ်ရှုပ်၊ စိတ်ပူစရာ မကောင်းကျိုးရနေတာက မကောင်းတဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံကြောင့်ပဲ၊ စိတ်အေးမြ ရွှင်လန်းတက်ကြွဖွယ် ကောင်းကျိုးရနေတာကတော့ ကောင်းတဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံကြောင့်ပဲ။ ကံဆိုတာ အလုပ်ပဲ။ အလုပ်မှားရင် မလိုတာတွေ ရတယ်။ အလုပ်မှန်တော့ လိုတာရတယ်။ အတိတ်ကံ ကိုသာ ကံလို့ခေါ်တာ မဟုတ်ဘူး။ ပစ္စုပ္ပန်ကံကိုလည်း ကံလို့ခေါ်တာပဲ။ အတိတ်ကံကောင်းလျက် နဲ့ ပစ္စုပ္ပန်ကံညံ့လို့ မဖြစ်သင့်တာ ဖြစ်ရတာတွေ အများကြီးပါ။ အချုပ်ကတော့ မကောင်းကျိုးရတာ မှန်သမျှ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံကောင်းလို့ ပါပဲ။

ယတြာတွေကော ချေသလား

ဖိုးထူး ဆက်မေးတယ်။
ယတြာကော ချေပေးသလား ဘုရားတဲ့။

ဗုဒ္ဓဓမ္မ ယတြာတော့ ချေပေးပါတယ်။ အောက်ကျ ဆင်းရဲ မလိုချင်ရင် မကောင်းတဲ့ အလုပ်၊ အပြော၊ အတွေးကိုရှောင်၊ အဆင့်မြင့် ချမ်းသာတာ လိုချင်ရင် ကောင်းတဲ့အလုပ်၊ အပြော၊ အတွေးကို ဆောင်ထား၊ လိုရင်းကတော့ သတိပညာပါပဲ။


တိပိဋကဓရ၊ ယောဆရာတော် ၏ တရားတော်
အပ္ပမဒ ဓမ္မရသမဂ္ဂဇင်း တွင်ဟောကြားသော နှလုံးသားဝယ်ဘုရားတည် (၈) မှ ကူးယူတင်ပြပါသည်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP