* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 1, 2010

ထွန်းဦး နှင့် ထွန်းလှ

ထီးချိုင့် တည်တော ဆရာတော်ရဲ့  ဒါနဟူသည် - လို့ ရေးထားတဲ့ စာအုပ်မှ အလုံမြို့ ပရမတ်ဆရာ ထွန်းဦး နှင့် ထွန်းလှ နှစ်ဦးကို အသိပေး သတိသံဝေဂ စပ်ဆိုထားတဲ့ လယ်တီ ဆရာတော်ဘုရားကြီး တေးထပ်ကို ဖတ်မိပါတယ်။

အဲဒီ လူ နှစ်ယောက်က တကယ့် ကျမ်းတတ်အကျော် လူတတ်ကြီးတွေပါ။ ကျမ်းတတ်သလို အဟော အပြော ကလည်း ကောင်းမှ ကောင်းတဲ့။ လျှာမှာ လိုတရ ပဒေသာပင်လို အော်တိုမက်တစ် လူငေးရလောက်အောင် စကားတွေက ထွက်နေတော့တာပါပဲတဲ့။

အလုပ် တကယ်လုပ်မည့်ချိန်ဆိုရင်တော့ ရှောင်တောင်ရှောင်တောင်။ နောက်တွန့် ဆုတ် တွန့် ဆုတ် ရယ်။ အကြွားကတော့ မျက်နှာ ပြောင်ပြောင်ပဲ ကြွားတတ်တယ်။

သူတို့ က မှားမှန်းသိလျက်နဲ့ လည်း စကားကို ဟိုလိုလို ဒီလိုလို ယောင်တောင်ပေါင်တောင် လှည့်ပတ် ပြီး ပြောတတ်ကြတယ်။ သံသရာမှ ကျွတ်လမ်း လွတ်လမ်း က သူတို့  နှစ်ယာက်အတွက် ဝေးစွာ့။

သူတို့ အကြောင်းကို အဲဒီလို သိထားတာနဲ့ ပဲ လယ်တီဆရာတော် ဘုရားကြီး က ပရမတ်ဆရာဆိုသူ ဒကာ နှစ်ယောက်ကို ဒီလိုလေး တေးထပ်လေးနဲ့  ဆိုဆုံးမခဲ့ပါတယ်။

ထွန်းဦး နှင့် ထွန်းလှ ဖွဲ့ တေးထပ်

ထွန်းဦး နှင့် ထွန်းလှ
လွမ်းစရာ့ နှစ်လူ
ကျမ်းဓမ္မ အဆူဆူမှာ
သူမတူ ဉာဏ်သွား
ဟောပြောမှု ထွေအလာ
ပဒေသာ နှုတ်လျှာကပါး...။

အလုပ်နဲ့  အဟုတ်တယ်လျှင်
ဆုတ်ပြယ်ပြယ် လူစား
တကယ်ဆို ရှောင်သမား
ပြောင်ကြွားကြွား ဟန်ပို
ပြောဟောဉာဏ် စာအရေးမှာတော့
လျှာကလေး သွက်ကြသကို...။

သိလျက်သားနဲ့  အမှားပို
စကားထိုထို ရိုးမယ်ဖွဲ့ လို့ 
ဘယ်တဲ့ ညာတဲ့ ယောင်ယောင်ပေါင်ပေါင်
ပြောကြဟန်ဆောင်
နစ်မြဲ နစ်ဖို့  အလွတ်ဆောင်လျင်

အကျွတ်ဟိုနောင် ကွာလှမ်း ရှာလိမ့်လေး....။


လူတိုင်းလည်း ကိုယ့် သဘောနဲ့ ကိုယ်ပဲ တေးထပ်မူရင်းကို နားလည် နိုင်ပါတယ်။ ဒါမှ ပိုထိရောက် ပါ့မယ်။ ခု ကိုယ့်အနေနဲ့  ကိုယ်နားလည်သလို ပဲ ပြောကြည့်တာပါ။

တကယ်တမ်းက တရားကို နာယူသင့်တယ်။ တရားဘလော့များကိုလည်း ဖတ်သင့်တယ်။ တရားမနာ တရားအကြောင်းရေးရာ မလေ့လာ မနာယူပါက လှော်တာ လှော်ခတ်နေတာ ပဲ့မပါတဲ့ လှေလို သူရောက်ချင်ရာ ရောက်ပါလိမ့်မယ်။

ပြီးတော့ တရားတွေ နားလည်တယ်ဆိုပြီး တကယ်ကို လက်တွေ့ မကျင့်လည်း နောက်က ပဲ့တော့ ပါတယ် ၊ လှော်တပ် မရှိတော့ ၊ မလှော်ရင်တော့ ကိုယ်မှန်းရာကိုတော့ ရောက်မှာ မဟုတ်ဘူး။ ထွန်းဦး နှုင့် ထွန်းလူ လိုသာ ဖြစ်ပါလိမ့်မယ်။

ကဲ ဒီလောက်ဆို အားလုံး သဘောပေါက် လောက်ပါပြီနော်။ ဘယ်တရား နာနာ ၊ ဘယ်ဘလော့ ဖတ်ဖတ် နာတဲ့ အတိုင်း ကျင့် ၊ ဖတ်တဲ့အတိုင်း ကျင့်။ သို့ မဟုတ် သင်ခန်းစာ ယူနိုင်ဖို့ ပါဘဲ။

ဗုဒ္ဓဘာသာတို့  ပန်းတိုင်ကို ရောက်လိုပါလျင်...

ထွန်းဦး နှင့် ထွန်းလှ လိုမျိုး အသိဥာဏ် ကျမ်းများတတ်မြောက်ကြပြီး ၊

တကယ့် အလုပ်ကို အလုပ်နဲ့  တူအောင် အပြောသန်မဟုတ်ပဲ
လက်တွေ့  အလုပ်များ ကျင့်ကြံနိုင်ကြပါစေ...



မှတ်ချက်။ ။ ဒဿန ခရီးစဉ်မှ တည်တော ဆရာတော် ဒါနဟူသည်မှ
တေးထပ်ကို
ဖတ်ရှု ရေးသားပါတယ်။
ပြန်လည် ဖေါ်ပြပေးသော
ဒဿန ခရီးစဉ်ကိုလည်း ကျေးဇူးတင်စွာ။



မြတ်ရောင်နီ

( ၃၁ ၊ ၀၇ ၊ ၂၀၁၀ )

.

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP