မချိုမော် (Thailand) ကုသိုလ်ပြုပွဲ
ယနေ့ ၁၃၇၂ ခု ပထမ၀ါဆိုလဆန်း( ၁၀ )ရက် တနင်္လာနေ့ (၂၁.၆.၂၀၁၀)
အရုဏ် မုန့်ဟင်းခါးဆွမ်းကပ်လှူခဲ့ပါတယ်။ အရုဏ်မနက် ၅
နာရီမှာစတင်ကပ်လှူဖြစ်ပါတယ်။ သံဃာ အပါး ၂၅၀ ကျော်ဘုန်းပေးကြပါတယ်။
နေ့ဆွမ်းလောင်းကို နံနက် (၅း၄၅ ) မှာစတင်လောင်းလှူခဲ့ပါတယ်။
သံဃာအပါး ၃၀၀ ကျော် ဆွမ်းခံယူကြပါတယ်။
နေ့ဆွမ်းကို
ဝက်သား+အာလူး
ပဲသုတ်၊
သရက်ချဉ်
ငါးပိ+ငါးရုပ်သီးကြော်
တို့ဖြင့်လောင်းလှူခဲ့ကြပါတယ်။
ဝေယျာဝစ္စ များကတော့
သီလရှင် ဒေါ်စန္ဒသိင်္ဂီ၊ ဒေါ်သူဇာ တို့ဖြစ်ကြပါတယ်။
ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊ မပွေး၊ မောင်စိုးလင်းအောင်၊
မြရတနာတွင်စာသင်နေသော
ဒါယိကာမကြီးတစ်ဦးနှင့်မောင်ဇော်မျိုး+မအိုမီတို့ဖြစ်ကြပါတယ်။
သံဃာအင်အားများလာတာဖြစ်လို့ အခုဝေယျာဝစ္စ ထပ်မံဌားရမ်းဖို့စီစဉ်နေပါတယ်။
ဆွမ်းဟင်းခွက်များကို ယနေ့လှူဖို့စီစဉ်ခဲ့ပေမဲ့ ၂၃ ရက်နေ့အလှူရှင်မှ
သံဃာတော်များစာရေးတံမဲများဖောက်မှာဖြစ်တဲ့အတွက် ထိုနေ့တွင်
ဆွမ်းဟင်းခွက်ထဲဆွမ်းထည့်ချိန် ၊စာရေးတံမဲနှိုက်ချိန်
နှင့်အချိန်များကြာမည်ဖြစ်၍ ထိုနေ့တွင
ဆွမ်းဟင်းခွက်ထဲဆွမ်းဟင်းများတစ်ခါတည်းထည့်ပြီးလှူနိုင်ရန်စီစဉ်ထားပါကြောင်းဆွမ်းဟင်းခွက်အလှူရှင်
များသိစေအပ်ပါသည်။

Tags: အလှူ
Prev: ၁၉.၆.၂၀၁၀ ရက်နေ့ မေတ္တာရှင်စေတနာရှင်တစ်ဦး မွေးနေ့အလှူပွဲ

0 comments:
Post a Comment