* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 21, 2010

မချိုမော် (ထိုင်းနိုင်ငံ) ဆွမ်းအလှူ

ဗုဒ္ဓဟူးနေ့ လောင်းလှူမည့် ဆွမ်းဟင်းခွက်များ










သာသနာ သက္ကရာဇ် ၂၅၅၄ ခုနှစ် ပထမ၀ါဆိုလဆန်း( ၁၀ )ရက် တနင်္လာနေ့။ (၂၁.၆.၂၀၁၀)
အရုဏ်ဆွမ်း+ နေ့ဆွမ်း - မချိုမော် (ထိုင်းနိုင်ငံ)

အရုဏ် မုန့်ဟင်းခါးဆွမ်းကပ်လှူခဲ့ပါတယ်။ အရုဏ်မနက် ၅ နာရီမှာ စတင်ကပ်လှူဖြစ်ပါတယ်။ သံဃာ အပါး ၂၅၀ ကျော်ဘုန်းပေးကြပါတယ်။

နေ့ဆွမ်းလောင်းကို နံနက် (၅း၄၅ ) မှာစတင်လောင်းလှူခဲ့ပါတယ်။ သံဃာအပါး ၃၀၀ ကျော် ဆွမ်းခံယူကြပါတယ်။ နေ့ဆွမ်းကို ၀က်သား+အာလူး၊ ပဲသုတ်၊ သရက်ချဉ်၊ ငါးပိ+ငရုတ်သီးကြော်တို့ဖြင့်လောင်းလှူခဲ့ကြပါတယ်။

ဝေယျာဝစ္စ များကတော့ သီလရှင် ဒေါ်စန္ဒသိင်္ဂီ၊ ဒေါ်သူဇာ တို့ဖြစ်ကြပါတယ်။ ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊ မပွေး၊ မောင်စိုးလင်းအောင်၊ မြရတနာတွင် စာသင်နေသော ကျောင်းဆရာမ ဒါယိကာမကြီးတစ်ဦးနှင့် မောင်ဇော်မျိုး+မအိုမီတို့ ဖြစ်ကြပါတယ်။

သံဃာအင်အားများလာတာဖြစ်လို့ အခုဝေယျာဝစ္စ ထပ်မံဌားရမ်းဖို့စီစဉ်နေပါတယ်။ ဆွမ်းဟင်းခွက်များကို ယနေ့လှူဖို့စီစဉ်ခဲ့ပေမဲ့ ၂၃ ရက်နေ့အလှူရှင်မှ သံဃာတော်များ၊ စာရေးတံမဲများဖောက်မှာဖြစ်တဲ့အတွက် ထိုနေ့တွင် ဆွမ်းဟင်းခွက်ထဲဆွမ်းထည့်ချိန်၊ စာရေးတံမဲနှိုက်ချိန်နှင့် အချိန်များ ကြာမည်ဖြစ်၍ ထိုနေ့တွင် ဆွမ်းဟင်းခွက်ထဲ ဆွမ်းဟင်းများတစ်ခါတည်းထည့်ပြီးလှူနိုင်ရန် စီစဉ်ထားပါကြောင်း ဆွမ်းဟင်းခွက်အလှူရှင်များအား သိစေအပ်ပါသည်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP