* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 9, 2010

ဂ ငယ်ကွေ့ရှိသည်

အနိစ္စ၊ ဒုက္ခ၊ အနတ္တ တဲ့
နေ့စဉ် ဆင်ခြင်မှုကင်းမဲ့စွာ
နှုတ်က တစာစာ ထွေးအံချရဲ့
အတ္တမီးလောင်ပြင်ထဲက စိတ်ဓာတ်ကို
ကယ်တင်ဖို့ကျတော့ နောက်တွန့်ချင်သေး
လက္ခဏာယဉ်ဆိုတာ
နိဗ္ဗာန်ယဉ်လိုလား ဘာလဲ
မသိဘူး မသိဘူး

တစ်ကိုယ်ရေ ချမ်းသာမှုအတွက်
မြှုပ်နှံသင်္ဂြိုဟ်ပစ်ခဲ့တဲ့
ငယ်ဘ၀တွေရဲ့ ဖြူစင်ခြင်းများ
ကျေးဇူးရှင်လား နားထား
သူငယ်ချင်းဆို ပစ်ခဲ့
အမြီးကျက်ပလား အမြီးစားမယ်
ခေါင်းကျက်ရင် ခေါင်းဖဲ့
ဒီလိုနဲ့ လေ
ဘနှဖူးကိုတောင် သိုက်တူးခဲ့ပြန်ရော


ဟန်ဆောင်မှုလိမ်းကျံထားတဲ့
ဖြောင့်မတ်မှုအတုတွေနဲ့တော့
ဘ၀ကိုတည့်တည့်ရပ်ကြည့်လို့မရဘူး
ရိုးသားခြင်းဟာ လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလေ
တစ်ချိန်မှာ ၀ိုက်လက်သီးတွေနဲ့
ထိုးသတ်လှဲချပစ်မှာပဲ
ပြန်လည်ထူမဖို့
အချိန်းနည်းနည်းတော့ရမယ်
မထနိုင်ရင် သေပေါ့
ဘ၀ကြိုးဝိုင်းမှာ သရေဆော့တယ်ဆိုတာ
သေချာတယ် မရှိဘူးနော်

အမှတ်စဉ်ရေတာ ပြည့်တော့မယ်
ငါသာဆိုရင်လေ
အမှန်တရားရဲ့ လက်တစ်ဖတ်ကိုတွဲလိုက်မယ်
သူလည်းခွင့်လွတ်ခြင်းနဲ့ ဖေးမမယ်လို့
သေချာယုံကြည်တယ်
..
စိုင်းစိုင်းသီချင်းထဲကလိုပေါ့
လာပါလက်ဆွဲနှုတ်ဆက်ကြစို့
ဘယ်လိုလဲ စူးစမ်းချင်လား တဲ့
အဲဒီနေရာမှာ
ရိုးသားခြင်းအလှတရားတွေရှိနေမယ်
ဒါဟာသေချာတယ်လေ



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP