(၁)နှစ်ပြည့် အထိမ်းအမှတ် စာမူ တောင်းခံလွှာ။
ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (MYANMAR STUDENT MONKS ORGANIZATION IN THAILAND (M.S.M.O.) ) သည် အောက်ပါရည်ရွယ်ချက်များဖြင့် ( 28-6-2009) နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
၁။ ကျောင်းသားရဟန်းတော်များ အချင်းချင်းညီညွတ်မှု ပိုမိုရရှိစေရန်။
၂။ ကျောင်းသားများဧ။်အခက်အခဲများကို ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရန်။
၃။ မြန်မာနှင့်ထိုင်း ရဟန်းတော်များအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်။
၎။ မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ ကျောင်းသားသံဃာ့အဖွဲ့စည်းများနှင့် သာသနာရေး ပညာရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုပူပေါင်းဆောင်ရွက်နိုင်ရန်။
၅။ ကျန်းမာရေးကိစ္စရပ်များ ဖြစ်ပေါ်လာလျှင် ဝိုင်းဝန်းအဖြေရှာ ကူညီဖြေရှင်းနိုင်ရန်။
၆။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဘာသာရေး ပညာရေး လူမှုရေး ဆိုင်ရာကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ရန်။
၇။ စာသင်သားရဟန်းတော်များဧ။် ဘွဲ့၊ နာမည်၊(သို့မဟုတ်)အဖွဲ့နာမည်ကို အလွဲသုံးစား ပြုလုပ်၍ ကိုယ်ကျိုးရှာမှု။ အမျိုး၊ ဘာသာ၊ သာသနာ၏ ဂုဏ်သိက္ခာ ကို ညှိုးနွမ်းပျက်စီးအောင်ပြုလုပ်မှုများမှ လက်တွဲညီညီ ကာကွယ်သွားနိုင်ရန်။
(28-6-2010) နေ့တွင် M.S.M.O-သည် (၁)နှစ်တင်းတင်း ပြည့်မြောက်မည်ဖြစ်ပါသည်။ ထိုသို့ (၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာစောင်ထုတ်ဝေရန် ၁၆-၁-၂၀၁၀၊ နေ့လည် ၁၄း၀၀-နာရီတွင် ကျင်းပခဲ့သော အဖွဲ့အစည်းအဝေးတွင် ညှိနှိုင်း တိုင်ပင်၍ အတည်ပြု ဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မည်သည့် စာပေပညာရှင်မဆို အောက်ပါ အကြောင်းအရာများအနက် မိမိ ကြိုက်နှစ်သက်သည့် ခေါင်းစဉ်အောက်တွင် A4 စာမျက်နှာ(ဆောင်းပါးအတွက်) လေးမျက်နှာခန့် မပိုစေဘဲ ရေးသားနိုင်ကြပါသည်။
၁။ ကဗျာ၊
၂။ ဆောင်းပါး(ရသ၊ဗဟုသုတ၊ပညာပေး)၊
၃။ ဘာသာရေးနှိုင်းယှဉ်လေ့လာမှု၊
၎။ အင်္ဂလိပ် (ဆောင်းပါး၊ ကဗျာ)
၅။ ပါဠိ (ဂါထာ၊ စုဏ္ဏိယ)၊
၆။ အထွေထွေ။
ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ အနေဖြင့် အထက်ပါ အကြောင်းအရာများအပြင် မိမိတို့ သင်ကြားတက်ရောက်နေသော တက္ကသိုလ် အသီးသီး၏ အတွေ့အကြုံများ၊ အခက်အခဲများ၊ အားနည်းချက်/ အားသာချက်များ စသော အထွေထွေ ဗဟုသုတများကိုလည်း ရေးသားနိုင်ကြပါသည်။
မိမိတို့ရေးသားပြီးသော စာမူများကို (28-2-2010) နေ့ နောက်ဆုံးအရောက် အောက်ပါစာမူ စုဆောင်းရေး အရှင်မြတ်များထံသို့ ပေးပို့နိုင်ကြ ပါသည်။
၁။ အရှင်ပညာဇောတ ၊ pyinyar08@gmail.com
၂။ အရှင်စန္ဒိမာ၊ bhikkhu.1972@gmail.com
၃။ အရှင်သြဘာသ၊ obhasamin@gmail.com
၎။ အရှင်နန္ဒောဘာသ၊ ven.shwenyathar@gmail.com
၅။ အရှင်ကဝိန္ဒ။ ashinkavinda1977@gmail.com
အထက်ပါ စာမူစုဆောင်းရေး အရှင်မြတ်များသည် မိမိတို့ ရရှိထားသော စာမူများကို studentmonks@gmail.com
လိပ်စာသို့ ပို့ပေးကြပါရန် မေတ္တာရပ်ခံ လျှောက်ထား တောင်းပန်အပ်ပါသည်။
အဖွဲ့ကိုယ်စား
မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com
ဖုန်း (၀၀၆၆) ၈၁၄၈ ၁၁၁၄၅

0 comments:
Post a Comment