* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 25, 2010

ဘာသာခြားများ ၀ိပဿနာအားထုတ်ရပါသလား။

အမေး။ ။အရှင်ဘုရား…ဘာသာခြားတစ်ဦးက တပည့်တော်ကိုမေးလာပါတယ်။ သူဟာ ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ် ချင်ပါတယ်။ ၀ိပဿနာတရားအား ထုတ်လို့ရပါသလားဘုရား။ ရတနာသုံးပါးကို မကြည်ညိုသေးတဲ့အတွက် တရားအား ထုတ်တဲ့နေရာမှာ အနှောက်အယှက် များဖြစ်နိုင်ပါသလားဘုရား။ ဒီလိုမေးရတာကလဲ သရဏဂုဏ်မတည်ပဲ တရားမရနိုင် ဘူးဆိုလို့ သိထားလို့ပါဘုရား။ မေတ္တာရှေ့ထား ဖြေကြားပေးပါဘုရား။
ပြည့်စုံအောင်
ရုရှား

အဖြေ။ ။ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ဟာ ဗုဒ္ဓဘာသာဝင်များမှ ကျင့်သုံးရမယ်၊ အခြားဘာသာဝင်များနဲ့ဘာသာမဲ့များ မကျင့်သုံးရဘူး ဆိုတဲ့ ကန့်သန့်ချက် မရှိပါဘူး။ လူမျိုးမရွေး ဘာသာမရွေး ကျင့်သုံးနိုင်ပါတယ်။ အားလုံးနဲ့သင့်ဆိုင်တဲ့(universal)တရားတော်ဖြစ်ပါတယ်။ ဒါကြောင့် ၀ိပဿနာတရားကို ဗုဒ္ဓဘာသာဝင်များအပြင် အခြားဘာသာဝင်များအားလုံး လွပ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိတယ်၊ ကျင့်သုံးလို့ရပါတယ်။ ရတနာသုံးပါးကိုးကွယ်မှုမရှိသေးသော်လဲ တရားအားထုတ်တဲ့နေရာမှာ ဘာအနှောက်အယှက်မှမရှိနိုင်ပါ။ လွပ်လပ်စွာ စိတ်ချလက်ချ အားထုတ် နိုင်ပါတယ်။ ဒါနဲ့စပ်လို့
ဘုရားရှင်လက်ထက်တော်က ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပဉ္စ၀ဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့တယ်။ ပဉ္စ၀ဂ္ဂီငါးဦးဟာ တရားကို စတင်နာယူတဲ့အချိန်မှာ ရတနာသုံးပါးကို ယုံကြည်မှုမရှိသေးဘူး(သရဏဂုံမတည်သေးဘူး)လို့ ဆိုရပါမယ်။ ဓမ္မစကြာ တရားနာယူပြီး၊ တရားထူးသိမြင်တဲ့အခါမှသာ ဘုရားရှင်နဲ့တကွ တရားတော်ကိုပါ ယုံကြည်မှုရှိသွားတာပါ။
ယနေ့ခေတ်မှာလဲ အခြားဘာသာဝင်အချို့ဟာ သရဂုံတည်တာပဲဖြစ်စေ၊မတည်တာပဲဖြစ်စေ၊ ၀ိပဿနာတရားကို လွပ်လပ်စွာ နည်းခံကျင့်သုံး နေကြတယ်ဆိုတာ သတိပြုမိကြမှာပါ။
ဥပမာ…….လူတစ်ယောက်ဟာ ဟင်းချက်ကောင်းတာကို လူတွေက မယုံကြည်ပါဘူး။ ဒါပေမဲ့ ဒီလူချက်တဲ့ဟင်းကို စားသုံးလိုက်ကြရတဲ့ အခါ အရသာအထူးကောင်းမွန်နေတာကို ခံစားကြရပါတယ်။ အဲဒီအခါမှာ “ဒီဟင်းဟာ အရသာကောင်းလှတယ်။ ဒီဟင်းကိုချက်တဲ့သူဟာလဲ ဟင်းချက်ကောင်းတဲ့လူတစ်ယောက်ပဲဖြစ်တယ်” ဆိုတာကို စားသုံးသူများက တထစ်ချလက်ခံပေးနိုင်လာကြပါတယ်။ ဒီလိုပါပဲ….ဘုရားရှင်က ဓမ္မံ အပဿန္တော မံ နပဿတိ၊ ဓမ္မံ ပဿန္တော မံ ပဿတိ၊ လို့ဟောတော်မူထားပါတယ်။ အဓိပ္ပါယ်က တရားမမြင်ရင် ဘုရားမမြင်ဘူး၊ တရားမြင်မှ ဘုရားမြင်မယ် လို့ ဟောတော်မူထားပါတယ်။ ဒါကြောင့် ပထမမှာ တရားမြင်သိဖို့ အရေးကြီးပါတယ်၊ တရားသိရင် ဘုရားစစ်ဘုရားမှန်ကို ဘယ်သူမှတိုက်တွန်းစရာမလို အလိုအလျောက်လက်ခံလာမှာပါ။
အချုပ်ပြောရရင် ဘုရားရှင်ရဲ့တရားတော်ဟာ လူမျိုးမရွေးဘာသမရွေးကျင့်လို့ရတဲ့ (universal)တရားတော်ဖြစ်တယ်ဆိုတာပါပဲ။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP