* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 13, 2009

မေတ္တာရှင်ဆရာတော်ရဲ့ အကူအညီ

ကျွန်တော် ဒီနေ့ ဦးကောဝိဒဆီ ရောက်ဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ အလှူခံလို့ ရရှိတဲ့ ငွေလေးနဲ့ ဘာလှူပေးရရင် ကောင်းမလဲလို့ သွားမေးမလို့ပါ။ ကျွန်တော် တစ်ရက် နောက်ကျသွားပါတယ်။ တကယ်လို့ မနေ့က သူငယ်ချင်းတွေနဲ့ အချိန် မဖြုန်းလိုက်ဘူးဆိုရင် မေတ္တာရှင်ဆရာတော်ရယ် ၊ ဆရာ ချစ်စံဝင်းရယ်ကို ကျွန်တော် တွေ့ဆုံနိုင်ခဲ့မှာပါ။ ခုတော့ ဓာတ်ပုံတွေပဲ ရခဲ့ပါတယ်။


မေတ္တာရှင်ဆရာတော်ဆိုတာ တကယ်အလုပ်လုပ်တဲ့ တကယ်လိုအပ်တဲ့ နေရာတွေမှာ တကယ်လည်း လိုက်လှူနေတဲ့ ဆရာတော်ပါ။ ပြီးတော့ ဆရာတော်က ရှိလို့ လှူတာ မဟုတ်ဘဲ သိလို့ လှူတဲ့ ဆရာတော်ပါ။ ခုလို ဆရာတော်ကြီးက ဦးကောဝိဒအတွက် အခက်အခဲ အနည်းငယ်ရှိနေတဲ့ ကုဋီအတွက် ၂၅ သိန်းလှူသွားပါတယ်။ နောက် အခက်အခဲရှိရင်လည်း အကူအညီလှမ်းတောင်းနိုင်ကြောင်း လမ်းဖွင့်ပေးသွားတဲ့အပြင် အခြားလိုအပ်တာတွေကိုလည်း ကြည့်ရှုပြီး ဖြည့်ဆီးလှူဒါန်းသွားပါတယ်။
ကျွန်တော် ဓာတ်ပုံကို ကြိုးစားပြီး တင်နေတာ တစ်နာရီကျော်လာပြီခင်ဗျ။ မရဘူးဖြစ်နေတယ် ထားပါ။ ပထမအကြိမ် ကျွန်တော် ဒီဓာတ်ပုံကို ကြိုးစားတင်စဉ်က ဆရာတော် ဦးကောဝိဒနှင့် စစ်ကိုင်းမှာ အတူတူပါ။ မီးစက်နဲ့ ဟုတ်နေတာကို မီးက ငါးမိနစ်လောက် ဖျတ်ခနဲ ကြည်စယ်သွားလို့ ရေးထားတာတွေ ပျက်သွားတယ်။ ဆရာတော် ဦးကောဝိဒလည်း တင်ရမယ့် ရေးလက်စ ပိုစ့်တွေ ပျက်သွားပါတယ်။ အဲဒီအတွက် ကုသိုလ်ရှင်စာရင်းကို မတင်နိုင်သေးကြောင်း ပြောပါတယ်။ ဆရာတော်ကတော့ အလုပ်ရှိလို့ ဒီနေ့ သူ ပိုစ့်တွေ မတင်နိုင်သေးကြောင်း သူရဲ့ http://kovida.cbox.ws/ ထဲက ငွေလှူထားသူအတွက် ပိုစ့် မတင်နိုင်သေးကြောင်း အဲဒီအတွက် ဒီမှာလည်း အသိပေးထားပါဦး ဆိုတဲ့အကြောင်း စကားပါးပါတယ်။


ဓာတ်ပုံကတော့ ဘယ်လောက်ပဲ သည်းခံ သည်းခံ မရဘူး။ ခုမန္တလေးမှာ တစ်နာရီလောက် ပြန်သည်းခံပြီးတင်ပါတယ်။ ပိုစ့်ရဲ့ အတွေးကတော့ နည်းနည်းပျက်သွားပါတယ်။ မကောင်းရင် သည်းခံပေးပါ။ ဓာတ်ပုံကတော့ ပျက်ပျက်သွားလို့ ရတုန်းလေး တစ်ပုံတည်းတင်ပေးလိုက်ပါယ်။
ဦးကောဝိဒမှလည်း ထပ်ပြီး ဒီထက်မက လုပ်ငန်းကို တိုးချဲ့သွားမည်ဖြစ်ကြောင်း အထူးသဖြင့် နည်းပညာမဖွံ့ဖြိုးသော နယ်မြို့များသို့ အခမဲ့ သင်တန်းကို တိုးချဲ့လိုကြောင်း ပြောပါသေးတယ်။

မေတ္တာရှင်ဆရာတော်
ဆရာတော် ဦးကောဝိဒမှ မေတ္တာရှင်ဆရာတော်နှင့် တပည့်တကာမများလှုပ်ရှားမှုဓာတ်ပုံကို တင်ခိုင်းပါသော်လည်း (ကျွန်တော် ဘာမှ သိပ်မတတ်လို့လည်း ဖြစ်နိုင်ပါတယ်) အခက်အခဲများကြောင့် တင်ပေးနိုင်ခြင်းမရှိပါဘူး။
မေတ္တာရှင်ဆရာတော်နှင့်အတူ ဦးကောဝိဒကိုရော အခြားသူများကိုပါ တောင်းပန်ပါတယ်။ http://friendsdaygroup.ning.com ကလည်း MPT ဆိုင်မှာ ဖွင့်လို့မရလေတော့ ဓာတ်ပုံကို မတင်နိုင်သေးပါဘူး။ သည်းခံပေးပါရန်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP