ဘ၀အတွေ့ ဘ၀အမြင် ဆောင်းပါးရှင်နှင့် မိတ်ဆက်ပေးခြင်း
ယခုအခါ စစ်ကိုင်းမင်းရှိန်၏ ဆောင်းပါးများကို စာဖတ်သူတို့အတွက် တင်ပေးပါတော့မည်။ ဆောင်းပါးမဖတ် ခင်စစ်ကိုင်းမင်းရှိ၏ ဘ၀ဖြစ်စဉ်ကို ဖေါ်ပြခွင့်ပြုပါ။ဆရာတော်ငယ်ရွယ်စဉ် ရဟန်းငယ်ဘ၀က ရေးသားထားသည် အတွေ့အသစ်အမြင် စာအုပ်မှ လူငယ် လူရွယ်အများစု ဖတ်သင့်ဖတ်ထိုက်သည့် ဆောင်ပါးများကို မျှဝေ သိရှိစေဖို့ မနက်ဖြန်မှ ဘလော့တွင် တင်ထားရေးထားခွင့်ပြုပါဟု လျှောက်ထားခဲ့သည် မှာ အမိမြန်မာပြည် မပြန်ဖြစ်ခင်ကတည်းကဖြစ်သည်။
ထို့ကြောင့်လည်း မနက်ဖြန်သည် မြန်မာပြည်ပြန်မည်အကြောင်း ဘလော့မှမိတ်ဆွေများ ကို နှုတ်ဆက်စာ သ၀ဏ်လွှာနှင့် စစ်ကိုင်းမင်းရှိန်၏ ဆောင်းပါးများကို မျှဝေတင်ပေမည်ဖြစ် ကြောင်းကြေညာဖူးပါသည်။ မှတ်မိမည်ဟုထင်ပါသည်။အရှင်မဟောသဓပဏ္ဍိတသည် ၁၃၀၃-ခု တပိုတွဲလပြည့်ကျော် (၆)ရက်၊ ကြာသာပ တေးနေ့တွင် ဘုတလင်မြို့နယ် ဗသျှူးကျေးရွာ၌ ဦးထွေး+ဒေါ်ငွေယုန်တို့မှ ဖွားမြင်သည်။ သားသမီး (၆)ဦးအနက် အထွေးဆုံးသားရတနာဖြစ်သည်။
၁၃၁၄-ခုနှစ်တွင် နောင်တော်ဖြစ်သူ အရှင်ဣန္ဒာစရိယ၊ အရှင်က၀ိသာရ တို့၏ခေါ် ဆောင်မှုကြောင့် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော် အရှင်ဇနကာဘိဝံ သထံသို့ရောက်ရှိခဲ့သည်။ဆရာတော်ထံတွင် (၁၃)နှစ်တိုင်တိုင် အခြေခံနှင့် အထက် တန်းစာပေများကို သင်ကြားခဲ့သည်။ သက်တော် ၁၇-နှစ်အရွယ်မှာပင် သာမဏေကျော် စာမွေးပွဲကိုအောင်မြင်ကာ ဓမ္မာစရိယစာပေများကို သင်ယူကာ ကိုရင်ဘ၀ဖြင့်ပင် စာချဘုန်းကြီးဖြစ်ခဲ့သည်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရေးသားသည့် စာအုပ်များသည် ဆရာတော်၏ လက်ရေးမူများ အများပြားပါဝင်ပေသည်။ ဆရာတော်နှုတ်ကပြောသွားသည်ကို နောက်ကနေလိုက်ရေးရခြင်းဖြစ်သည်။ အရှင်မဟောသဓပဏ္ဍိတသည် ယခုအခါ စစ်ကိုင်းတောင်ရိုးရှိ ဝေဇယန္တာစာသင်တိုက်၊ မုံရွာမြို့ရှိ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် ပညာသင်ယူနိုင်ရန် ဘုန်းတော် ကြီးပညာသင်ကျောင်း၊ ရန်ကုန်မြို့ရှိ လူငယ်ပရဟိတကျောင်း၊ ဧရာဝတီတိုင်း ချောင်းသာတွင်ရှိသည့် ဘုန်းတော်ကြီးသင် ပရဟိတကျောင်းများဖွင့်လစ်ကာ လူငယ်လူ ရွယ်များအတွက် ပညာများ ဖြန့်ဝေခြင်းလုပ်ငန်းများ ပြုလုပ်လျက်ရှိပါသည်။
ဆရာတော်၏ လုပ်ငန်းများအောင်မြင်မှုသည် ယခုအခါ တက္ကသိုလ်ဘွဲ့ရကျောင်းသား ကျောင်းသူပေါင်း (၃၀၀)ကျော်ကို မုံရွာနှင့် ရန်ကုန်ရှိ ဘုန်းတော်ကြီးသင်ပညာကျောင်းများ မှ မွေးထုတ်ပေးနိုင်ခဲ့သည်မှာ အထူးပင် ပီတိဖြစ်စရာကောင်းပေသည်။
လက်ရှိပညာရည်နို့သောက်စို့နေသည့် နွမ်းပါးသည့် ကလေးများသည် အရှင်မဟော သဓပဏ္ဍိတ၏ မေတ္တာအရိပ်အောက်တွင် အခမဲ့ပညာသင်ကြားခွင့်နေသည်မှာ အထူးပင် ကံကောင်းကြပါသည်။ လိမ်မာယဉ်ကျေး၍ အသိပညာတိုးတက်သော သားရတနာ သမီးရတနာလေးများ ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်လာမည် မုချဧကန်ပင် ဖြစ်ပေသည်။ ယခုအခါ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘော်တီမိုးမြို့ ဝေဇယန္တာကျောင်းတွင် သီတင်သုံးနေထိုင်ကာ မဃဒေ၀ကျမ်းကြီး၏ နားလည်ရခက်သည့် ဝေါဟာရများကို ဖတ်ရသူတိုင်းနားလည် စေဖို့အတွက် ခက်စစ်ဝေါ ဟာရအနေဖြင့် မြန်မာပြန်ရေးသားနေပါသည်။အရှင်မဟောသဓပဏ္ဍိတ (စစ်ကိုင်းမင်းရှိန်)၏ သာသနာအတွက် လူမျိုးအတွက် လုပ်ဆောင်မှုများကို သိရှိပြီးနောက် ဘ၀အသစ်ဘ၀အမြင် စာပေကိုဖတ်ခြင်းဖြင့်လည်း စစ်ကိုင်းမင်းရှိန်၏ အသိပညာ မေတ္တာဓာတ်များကို စာပေပရိသတ်များ ရယူခံစားနိုင်ပါသည်ဟု…..ပြောပါရစေ။ အရှင်မဟောသဓပဏ္ဍိတ (စစ်ကိုင်းမင်းရှိန်)၏ ဘ၀အတွေ့ ဘ၀အမြင်စာအုပ်သည် ဓမ္မဗျူဟာမဂ္ဂဇင်း အစရှိသော ဘာသာရေးမဂ္ဂဇင်းတို့၌ အခွင့်ခါသင့်သလိုရေးသားခဲ့ သည့် ဆောင်းပါးများကို စုစည်းကာ ထုတ်ဝေသည့် စာအုပ်ဖြစ်ပါသည်။ ဖတ်ရှု့နိုင်ရန် ဆောင်းပါးတစ်ခုခြင်း ဖေါ်ပြပေးသွားပါမည် စောင့်မျှော်ကြပါ…….မနက်ဖြန်၁၂-၀၆-၂၀၀၉သောကြာနေ့
Posted by အရှင်နာယကာလင်္ကာရ at 6/12/2009 03:40:00 PM
Posted by အရှင်နာယကာလင်္ကာရ at 6/12/2009 03:40:00 PM

0 comments:
Post a Comment