* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 16, 2009

မင်းသမီးဖရာသေး(သို့)ဟာရီကိန်း(သို့)မဟာချက်ကရီသီရိဒုံ


သူမ၏ ငယ်မည်မှာ‘‘ ဖရာသေး‘‘ ဖြစ်သည်။ ဖရာသေး ဟူသည် ‘‘နတ်သမီးလေး‘‘ဟု အဓိပ္ပါယ်ရသည်။ ငယ်စဉ်က အလွန်ဆော့လွန်းသောကြောင့် ချစ်စနိုးလေးဖြင့် ‘‘ဟာရီကိန်း‘‘ဟူ၍လည်းခေါ်ကြသေးသည်။ သို့သော် ယခုအခါတွင်း‘‘ ပညာရှိမင်းသမီးလေး‘‘ဟူ၍သာ ခေါ်ဝေါ်ကြလေသည်။ သူသည်ကား အခြားသူ မဟုတ်၊ ထိုင်းနိုင်ငံသူ နိုင်ငံသားတိုင်း၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံယူရရှိထားသည့် ‘‘မဟာချက်ကရီ သီရီဒုံ‘‘ ပင် ဖြစ်သည်။

မင်းသမီးသီရီဒုံသည် ထိုင်းဘုရင်းမင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်) နှင့် မိဖုရားကြီး သီရီခေတ် တို့၏၊ တတိယမြောက် သမီးတော် ဖြစ်ပြီး၊ ၁၉၅၅-ခုနစ်၊ ဧပြီလ ၂-ရက်နေ့တွင်၊ ဘုရင့်နန်းတော်၌ ဖွားမြင်ခဲ့သည်။ ၁၉၅၈-ခုနစ်တွင် ချီထရာလာဒါကျောင်း၌ စတင်ပညာသင်ယူခဲ့ပြီး၊ ၁၉၇၂-ခုနစ်တွင် တစ်နိုင်ငံလုံး၌ ဝိဇ္ဇာဘာသာ ရပ်ဖြင့် အောင်မြင်သူများအနက် ပထမကိုရရှိခဲ့လေသည်။ ၁၉၇၃-ခနစ်မှ၊ ၁၉၇၆-ခုနစ်အထိ ချူလာလောင်ကွန် တက္ကသိုလ် ဝိဇ္ဇာဌာနတွင်၊ ဆက်လက်ပညာသင်ကြားခဲ့ရာ၊ သမိုင်းဘာသာ ဂုဏ်ထူးတန်းတွင် မထမအဆင့်ဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့လေသည်။ ပညာသင်နစ် လေးနစ်စလုံးတွင် အတော်ဆုံးကျောင်းသူ ဖြစ်သဖြင့်၊ ရွှေတံဆိပ်ဆု ကို ရရှိခဲ့လေသည်။ ပညာထူးချွန်မူကြောင့် ပညာသင်ဆုကိုလည်း သုံးနစ်ဆက်တိုက်ရရှိခဲ့သည်၊ တက္ကသိုလ် ပထမနစ် အပြီးတွင်လည်း ပြင်သစ်ဘာသာရပ်၌ ပထမဆုကို ဆွတ်ခူးခဲ့ပြန်သည်။
ထိုနောက် သီရိဒုံသည်၊ ဆောလ်ပါကွန်း တက္ကသိုလ်မှ အရှေ့တိုင်း ကမ္ဗည်းကျောက်စာ ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့နှင့်၊ ချူလာလောင်ကွန်တက္ကသိုလ်မှ အရှေ့တိုင်းဘာသာရပ်များဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၁-ခုနစ်မှစ၍ စရီနာခရာရင် ဝီရက်တက္ကသိုလ်တွင် ပညာရေးဖွဲ့ဖြိုးမှူ ဘာသာရပ်များကို ဆက်လက် လေ့လာခဲ့ပြန်သည်။ မဟီဒိုးတက္ကသိုလ်၊ ကာဆက်ဆတ်တက္ကသိုလ်၊ ဘရင်မွန်ကယ်စက်မှူတက္ကသိုလ်၊ သမ္မာဆတ်တက္ကသိုလ်၊ ရမ်ခမ်ဂဟန်းတက္ကသိုလ်၊ ပက်ပါဒိုးတက္ကသိုလ်၊ ဆုကာထုံးသာမတ်သီရတ်တက္ကသိုလ် နှင့် ချူလာလောင်ကွန်တက္ကသိုလ်တို့က၊ သမီးတော် သီရီဒုံးအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့(၁၁)ခုကို ချီးမြှင့် ခဲ့သည်။ သီရီဒုံမင်းသမီးသည် သပ္ပံစာပေ ရာဇဝင်သမိုင်း ပန်းချီအနုပညာနှင့် ဂီတတို့တွင် ဝါသနာထုံ၍ လေ့လာ လိုက်စားသည်။ မင်းသမီးသီရီဒုံသည်‘‘ထိုင်းနိုင်ငံ ရှေ့နေများကောင်းစီ‘‘နှင့်‘‘ယိုဒယား ဗိသုကာ အသင်း‘‘တို့တွင် ဂုဏ် ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
သမီးတော်သည် အမေရိကန်ပြည်ထောင်စု၊ ဆွီဒင်၊ အစ္စရေး၊ အီရန်၊ နယ်သာလန်၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ သြစတြေးလျ၊ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၊ မလေးရှား၊ ဂျပန်၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံများသို့ အနှံအပြားသွားရောက် လည်ပတ်ဖူးသည်။ မြန်မာနိုင်ငံသို့ ၁၉၈၆-ခု မတ်လ ၂၁-ရက်မှ ၃၁-ရက်နေ့အထိ လာရောက်လည်ပတ်ဖူးလေသည်။ သီရိဒုံသည် ထိုင်း ကိုးရီးယားနှိင်ငံနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံတို့မှ ဘွဲ့ထူးဂုဏ်ထူးဆောင် ကိုးခုကိုရရှိခဲ့သည်။
သမီးတော် မဟာချက်ကရီသီရိဒုံသည် ထိုင်းကြက်ခြေနီအသင်း အမှူဆောင်အဖွဲ့၌ ဒုတိယဥက္ကဋ္ဌ၊ ဆိုင်ဂျိုင်း ထိုင်းဖောင်းဒေးရှင်း၌ ဥက္ကဋ္ဌ၊ ဒုတိယမြှောက်ရာမဘုရင်း အထိမ်းအမှတ်ဖောင်းဒေးရှင်း၌ ဥက္ကဋ္ဌ၊ မြဘုရား ကျောင်းတော်နှင့် မဟာနန်းတော်မွန်းမံထိန်းသိမ်းရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ နှင့် ချူလာလောင်ကွန် ဘုရင့် စက်မှူ တက္ကသိုလ် ဥပဒေ နှင့် လူမှူရေးသိပ္ပံဌာန ကထိကလည်းဖြစ်လေသည်။ သီရိဒုံသည် ထိုင်းဘုရင့် ကြည်း တပ်မ တော်တွင် ဂုဏ်ထူးဆောင် ဒုတိယဗိုလ်မှူးကြီးနှင့်၊ ထိုင်းဘုရင့် လေတပ်နှင့် ရေတပ်တွင် ဂုဏ်ထူးဆောင် ဒုတိယ ဗိုလ်မှူးကြီးလည်းဖြစ်လေသည်။
မင်းသမီးသီရိဒုံသည် အားလပ်ချိန်များတွင် သုတေသနနှင့် ကျောင်းတွင်းဖွဲ့ဖြိုးရေးပြုလုပ်ခြင်း၊ သီးချင်းဆိုခြင်း၊ ထိုင်းတူရိယာတီးမှူတ်ခြင်း၊ စာပေရေးသားခြင်း၊ ကဗျာစပ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်းနှင့်၊ ပန်းပုထုခြင်းတို့ကို ပြု လုပ်လေ့ရှိသည်။
မင်းသမီး ဖရာသေး ခေါ် မဟာချက်ကရီသီရိဒုံသည် ယခုအခါတွင် သက်တော် ၅၄ နစ်ရှိပြီ ဖြစ်ပြီး၊ ထိုင်းပြည်သူပြည်သားတို့၏ မေတ္တာကို အထူးတလေရရှိကာ ဘုရင့်သားတော် သမီးတော်များထည့်တွင် လူချစ်လူခင်အပေါဆုံး မင်းသမီးတစ်ပါး အဖြစ်ဖြင့် ထင်ပေါကျော်ကြားလျှက်ရှိပါသည်။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP