* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, December 14, 2009

*တရားနာနည်း(၅)မျိုး*

သူတော်ကောင်းတရားနာကြားဖို့မြတ်စွာဘုရားရှင်က(၅)နည်းလမ်းညွန်ထားပါတယ်။
(၁) တရားစကားကိုရိုရိုသေသေလေးလေးစားစားနာကြားပါတဲ့။
ဒီစကားတွေဟာသိပြီးသားနားလည်ပြီးသားတွေပဲဆိုပြီး အဲသလို မထီမဲ့မြင် သဘောမထားဘဲ ရိုရိုသေ
သေသေလေးလေးစားစားတရားစကားကိုတန်ဖိုးထား၍နာကြားပါ။
မြတ်စွာဘုရားတရားဟောတဲ့အခါရဟန္တာဖြစ်ပြီးသားရှင်သာရိပုတ္တရာမထေရ်ကြီးလည်းနာကြားတာပါ
ပဲ၊အရှင်သာရိပုတ္တရာဟောကြားတဲ့အခါမှာလည်းရံဖန်ရံခါမြတ်စွာဘုရားကိုယ်တော်တိုင်နာကြားတာပါ
ပဲ၊ဒါကြောင်တရားစကားဆိုတာရိုသေလေးစားတန်ဖိုးထားပြီးနာရပါတယ်။
(၂) တရားဟောတဲ့ ပုဂ္ဂိုလ်ကိုလည်း(အမှန်တရားသာ ဟောမယ်ဆိုရင်ပေါ့၊ အမှန်တရား မဟောဘဲမ
တောက်တစ်ခေါက်ဟောတဲ့ပုဂ္ဂိုလ်မဆိုလိုပါဘူး)မည်သူဘဲဟောဟောဘုရားကိုယ်စားဟောနေတာပဲ
လို့ရိုသေလေးစားတန်ဖိုးထားပြီးနာယူပါတဲ့။
ရဟန်းပဲဟောဟော၊သာမဏေပဲဟောဟော၊အမျိုးသားပဲဟောဟော၊အမျိုးသမီးပဲဟောဟောလမ်းမှန်
အတိုင်းသာဟောပြောတယ်မယ်ဆိုရင်အဲဒီပုဂ္ဂိုလ်ကိုရိုသေလေးစားစွာဘုရားကိုယ်စားဟောနေတာပဲ
လေလို့အဲသလိုတန်ဖိုးထားပြီးနာတတ်ဖို့လိုပါတယ်။
(၃)မိမိကိုယ်မိမိလည်းရိုသေလေးစားတန်ဖိုးထားပြီးနာရပါတယ်။
“ဒီစကားတွေကမြင့်တယ်၊ငါနဲ့မတန်ဘူး၊ငါကအဆင့်နိမ့်သေးတယ်၊ပါရမီနည်းသေးတယ်၊ဒီတရားနဲ့
ငါနဲ့မတန်သေးဘူး”ဆိုပြီးကိုယ့်ကိုကိုယ်လျှော့မချပါနဲ့၊“တရားတွေကငါ့အတွက်ဟောခဲ့တာပဲလို့”
မိမိကိုယ်မိမိမြင့်တင်ပြီးတော့ကိုယ့်ကိုကိုယ်လည်းရိုသေလေးစားတန်ဖိုးထားလို့နာရပါတယ်။
(၄)တရားနာတဲ့နေရာမှာလူကတော့တရားဟောပုဂ္ဂိုလ်ရဲ့ရှေ့မှာငုတ်တုတ်ကြီးထိုင်လို့စိတ်ကအိမ်မှာ
အလုပ်ရှုပ်နေတယ်၊လူကတစ်ခြားစိတ်ကတစ်ခြားဒီလိုနာရမှာမျိုးမဟုတ်ပါဘူး။ကိုယ်ကိုကိုယ်ကယ်တင်
တဲ့အလုပ်ဆိုတော့ တရားအပေါ်မှာစိတ်ပါလက်ပါ၊ စူးစူးစိုက်စိုက်၊ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကိုချ၍နာ
ကြားပါ။
(၅) တရားကိုနှလုံးသွင်းရင်ဆင်ခြင်ရင်းနဲ့အဲသလိုတရားလမ်းကြောင်းပေါ်မှာစိတ်ကလေးကိုတင်ပြီးနာ
ကြားပါလို့တရားနာနည်း(၅)နည်းကိုမြတ်စွာဘုရားရှင်ညွန်ကြားထားပါတယ်။
ယောဆရာတော် ဗုဒ္ဓလမ်းညွှန် အကျင့်မှန်
သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP