* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 17, 2009

စင်္ကာပူမှာ ခြိမ့်ခြိမ့်သဲတဲ့ သီတဂူ အထူးတရားပွဲ


ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစင်္ကာပူနိုင်ငံ၊စင်္ကာပူမြို့၊မင်္ဂလာဝိဟာရဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ စင်္ကာပူရောက် မြန်မာမိသားစုများ ပေါင်းစု၍ သီတဂူဓမ္မသဘင် ပွဲကြီးကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြပါတယ် ...။



တရားပွဲစတင်မည့်အချိန်က စင်္ကာပူစံတော်ချိန် ညနေ ၄ နာရီလို့ ကျမတို့ ကြေငြာထားခဲ့ပေမယ့် သီတဂူဆရားတော်ဘုရားကြီးရဲ့ တပည့် ဒကာ ဒကာမ များကတော့ နေ့လည် ၂ နာရီလောက်ကတည်းက အားခဲ၍ တစ်ဖွဲဖွဲ တသဲသဲ ရောက်ရှိလာလိုက်ကြတာ တရားပွဲမစမှီ ညနေ ၃ နာရီ လောက်မှာပဲ
မင်္ဂလ၀ိဟာရဓမ္မသဘင်ခန်းမကြီးရဲ့အပေါ်ထပ်၊အောက်ထပ်တိုင်းမှာသာမကကျောင်းဝန်းအပြင်ဘက်နေရာလပ် မကျန် တရားနာပရိတ်သတ်တွေနဲ့အရမ်းကိုပြည့်ကျပ်သွားခဲ့ပါတယ်...။


အားရကျေနပ်စရာကောင်းလှတဲ့ စင်္ကာပူရောက်မြန်မာဗုဒ္ဓဘာသာတရားနာပရိတ်သတ် တို့အား သက်တော် ၇၂ ရှိတော်မူပြီဖြစ်တဲ့ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကလည်းရင်းနှီးနွေးထွေးစွာနဲ့မမောနိုင်မပမ်းနိုင် တရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးတော်မူခဲ့သည်မှာလည်းအားရကျေနပ်ဖွယ်ကြည်နူးချမ်းမြေ့ဖွယ်
ကောင်းလှပြန်ပါတယ် .........။


ထိုနေ့တရားပွဲလေး၌ ဆရာတော်ဘုရားကြီးမှ အစွန်းနှစ်ဘက်မရောက်ကြစေနဲ့ ဆိုတဲ့ တရားတော်ကို ဟောကြားသွားခဲ့ပါတယ်...။

သီတဂူတရားပွဲသို့ အားခဲ၍ လာရောက်ကြသော တရားနာပရိတ်သတ်များ





သီတဂူဆရာတော်ဘုရားကြီး စင်္ကာပူကျွန်းလေးသို့ ကြွရောက်လာခြင်းမှာ မကြာမှီ ဖွင့်လှစ်ပေးမည့် သီတဂူဆေးရုံအသစ်ကြီးများအတွက် လိုအပ်တဲ့ ဆေးကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ၀ယ်ယူဖို့ရန်အတွက် ဖြစ်ပါတယ် ....။14 Nov 2009 (စနေနေ့) မှာ စင်္ကာပူကျွန်းသို့ ကြွရောက်လာခဲ့ပြီး ယနေ့ 17 Nov 2009 ( အင်္ဂါနေ့ ) မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ် ...။
သက်တော်ကြီးရင့်နေပြီဖြစ်သော်ငြားလည်း သွက်လက်တက်ကြွလွန်းစွာဖြင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေပုံ ၊ များပြားလှစွာသော သီတဂူ Project ကြီးများ၏ လစဉ်ကုန်ကျစရိတ်များအတွက် မနေမနားကြိုးစားနေရပုံများဟာ အံ့သြ၀မ်းမြောက်ဖွယ် ၊ လေးစားကြည်ညိုဖွယ် ၊ အတုယူအားကျဖွယ် ကောင်းလှပါတယ် .....။ ဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြ၀ါဒများကို အနီးကပ်ကြားနာခွင့်ရခြင်းကြောင့် ကြည်နူးကျေနပ်စရာကောင်းလှသလိုဘ၀ရဲ့အနှစ်သာရများပါတိုးပွားစေခဲ့ပါတယ်...။
လူသားတိုင်းရဲ့အပေါ်မှာထားအပ်သောဆရာတော်ဘုရားကြီးရဲ့မေတ္တာစွမ်းပကားမှာအင်မတန်ကြီးကျယ်ခမ်းနားလွန်းလှပါတယ်လို့တွေးတောမိရင်းသီတဂူဆရာတော်ဘုရားကြီးသက်တော်ရာကျော်ရှည်ပါစေကြောင်းလည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာမှီတင်းနေထိုင်ကြကုန်သောကျမရဲ့ဘလော့ဂါမောင်နှမများနဲ့စာဖတ်သူမောင်နှမများအတွက် ကျမတိုနဲ့ အတူတစ်ကွ သီတဂူဆရာတော်ဘုရားကြီး၏အဆုံးအမသြ၀ါဒများကိုနာကြားနိုင်ကြရန်အတွက် တရားတော်ကို ပြန်လည်မျှဝေ၍ ဓမ္မဒါနပြုလိုက်ပါတယ်။

အစွန်းမရောက်ကြစေနဲ့ တရားတော် .....
tayadaw

Omi | MySpace Video

တရားနာယူကြသော မောင်နှများအားလုံး အစွန်းမရောက်ကြစေပဲ အလယ်အလတ် အကျင့်မှန်ကို မှန်ကန်စွာ ကျင့်ကြံနိုင်ကြပါစေ.... ဘ၀ဇာတ်သိမ်း ဒုက္ခငြိမ်း၍ .... တရားကျင့်မူ၊ ခပ်သိမ်းသူ တို့ သီတဂူသို့ အေးပါစေ...............။

နှင်းဟေမာ
17 Nov 2009


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP