၂၀၁၂ မှာကမ္ဘာပျက်နိုင်လား၊ ဗုဒ္ဓဘာသာအရ ကမ္ဘာပျက်ပုံနှင့် ပျက်ချိန်
![[ Click Me ]](http://winkkk.com/photo/3951.jpg)
အချိန်အတော်ကြာကတည်းက ယခုတိုင်ရေပန်းစားနေတဲ့ အင်တာနက်သတင်းတစ်ပုဒ်ကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ နီဘရူး(Nibiru) အမည်ရတဲ့ ဂြိုလ်တစ်လုံးဟာ ကမ္ဘာနဲ့နေကြားကနေ ဖြတ်သန်းသွားဖို့ ရှိနေပါတယ်။ နေ၊ နီဘရူးဂြိုလ် နဲ့ ကမ္ဘာတို့ တစ်တန်းတည်း ဖြစ်တဲ့အချိန်မှာ ဆွဲငင်အားက ကမ္ဘာမြေအပေါ် သက်ရောက်လိမ့်မည်ဟု ပညာရှင်အချို့က စိုးရိမ်ရာမှ ကမ္ဘာပျက်မည်ဟူသော ကောလဟာလတွေ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ဒါကို ယုံကြည်ပါသလားဟုမေးခဲ့မယ်ဆိုရင် ဗုဒ္ဓ၏တရားတော်နှင့်သာ နှိုင်းယှဉ်ပြရပေလိမ့်မည်။
တည်ရှိလာသော ကမ္ဘာအပါအ၀င် စကြ၀ဌာသည်လည်း အချိန်ကြာလာသောအခါ ဖြစ်တည်ပျက်နိယာမတရားအရ တစ်နေ့တွင် ပျက်ဆီးအုံးမည်သာဖြစ်သည်။ ကမ္ဘာအပါအ၀င် စကြာဝဌာပျက်လျှင် စကြာဝဠာကုဋေတစ်သိန်းပါ အတူတူလိုက်ပျက်ကြသည်။ ကမ္ဘာနှင့် စကြာဝဠာပျက်ရာတွင် မီး၊ ရေ၊ လေ ဖျက်ဆီးမှု့ကြောင့် ပျက်ရခြင်းဖြစ်သည်။ ဘုံ ၃၁ဘုံရှိသည့်အနက် မီးကြောင့် ပထမဈာန်သုံးဘုံအထိ၊ ရေကြောင့် ဒုတိယဈာန်သုံးဘုံအထိ၊ လေကြောင့် တတိယဈာန်သုံးဘုံအထိ၊ စုစုပေါင်း အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်၆ဘုံ နှင့် ဗြဟ္မာ ၉ဘုံ ဟူသော ဘုံ၂၀တို့ပျက်ဆီးကြရသည်။
“ကမ္ဘာကြီးသည် မည်သည့်အချိန်တွင် ပျက်ဆီးမည်နည်း” ဟု မြတ်စွာဘုရားက ရဟန်းတစ်ပါးက မေးခဲ့ဖူးသည်။ မြတ်စွာဘုရားက “နှစ်အပိုင်းအခြားဖြင့် ပြရန်မလွယ်” ဟုမိန့်ကြားပြီး ဥပမာဖြင့်သာ ဟောတော်မှုခဲ့ပါသည်။ “အမြင့်တစ်ယူဇနာ၊ အရှည် တစ်ယူဇနာ၊ အကျယ်တစ်ယူဇနာရှိသော ကျောက်တောင်ကြီးကို အလွန်နူးညံ့သော ကတ္တီပါစဖြင့် အနှစ်တစ်ရာလျှင် တစ်ကြိမ်ကျပွတ်ပေးသည့်အတွက် ထိုကျောက်တောင်ကုန်သွားသော်လည်း ဒီကမ္ဘာကြီး မပျက်ဆီးသေးကြောင်း၊ အမြင့်တစ်ယူဇနာ၊ အရှည်တစ်ယူဇနာ၊ အကျယ်တစ်ယူဇနာရှိသည့် မြို့ရိုးကြီးနှင့်အပြည့် မုန့်ညင်းစေ့များထည့်ထားကာ အနှစ်တစ်ရာကျလျှင် တစ်လုံးကျဖြင့် ယူကာပစ်ထုတ်သောကြောင့် မုန့်ညင်းစေ့ကုန်သော်လည်း ဒီကမ္ဘာမြေကြီး မပျက်ဆီးသေးကြောင်း” ဟောတောမှုသည်။

0 comments:
Post a Comment