* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 22, 2009

စစ်ကိုင်တောင်ရဲ့ လပြည့်ဝန်းလမ်းလေး ညအမှောင်ချိန် လမ်းမီးလင်းနေပြီ

စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာကမ္ဘာာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။

စစ်ကိုင်းမြို့ ၊စစ်ကိုင်တောင်ရိုးမှာရှိတဲ့လပြည့်ဝန်းလမ်းလေးဟာဆိုရင်လည်း လမ်သွားလမ်းလာ များတဲ့လမ်းလေးတစ်ခုပေါ့။ အဲဒီလမ်းလေးရဲ့ ညနေပိုင်းမှာ လမ်းမီးကအလင်းရောင်မရှိတော့ ဆရာတော်ကြီးတွေလမ်းလျှောက်ကြွတဲ့အချိန်မှာ လမ်းလျှောက်တုတ်လေးတွေ ကိုင်ပြီးစမ်းသွားကြရတယ်။ တစ်ချို့ သီလရှင်များက စစ်ကိုင်းတောင်ရိုး မိုးကုတ်ရိပ်သာဆိုတာရှိတယ် အဲဒီမှာ တရားသွားထိုင်ပြီးအပြန်
ဆိုရင်နဲနဲမှောင်စပြုလာပြီ။ မိုးတွင်းဆိုရင်လမ်းဘေးက မြက်တွေနည်းနည်းရှိတော့ မြွေ၊ ကင်း၊ စတဲ့အကောင်တွေလည်း လမ်းပေါ်မှာ ရှိနေတတ်ပါတယ်။ အဲဒီအချိန်မှာ လမ်းမီးကမရှိတော့ စမ်းတဝါးဝါးသွားနေကြရတယ် စစ်ကိုင်းတောင်မှာ သီတဂူ ဆေးရုံကြီး ရှိတော့ အနယ်နယ်အရပ်ရပ်က ဒါယကာတွေဒါယိကာမတွေလည်း နီးစပ်ရာကျောင်းတွေမှာ တည်းခိုပြီးတော့ ဆေးဝါးကုသခံယူ ရာမှာလလည်း ညပိုင်းလမ်းပေါ်ကနေပဲ လျှောက်သွားကြရတယ်။ အဲဒီလို ရဟန်း၊သာမဏေ၊သီလရှင်များနှင့်
လူပုဂ္ဂိုလ်များအားလုံးအတွက် ချမ်သာစွာ လမ်းလျှောက်နိုင်ရေးအတွက် လမ်းမီး ထွန်းဖို့ဆန္ဒရှိခဲ့ တာတော့ကြာပါပြီ။ ဦးဇင်းမှာလည်းအခြား အလုပ်လေးတွေနဲ့ဆိုတော့ အဲဒီဘက်ကို ဦးစားမပေးနိုင်ခဲ့ဘူး။ အခု တော့ဦးဇင်းဆီကို ဒါယကာကိုရန်အောင်တို့ကထိန်လျှောက်ပြီးခင်းမည့်ရက်မှာ ရန်ကုန်က ကိုညီညီတို့
လာကြတယ်လေ။ အဲဒီမှာကိုညီညီတို့ကို ညပိုင်းလမ်းကိုပြတယ်။ ဒါယကာဘယ်လိုမြင်လဲ ။

ဦးဇင်းကတော့ အဲဒီလမ်းမှာမီးထွန်းချင်တယ်။ အများချမ်းသာဖို့အရေး ဒါယကာတို့ ကိုရန်အောင်တို့ကို အကျိုးအကြောင်းပြောပေးဖို့ ပြောလိုက်တော့ သူတို့လည်းသဘောပေါက်နားလည်ကြပါတယ်။ ချက်ချင်းလိုပဲ ကိုရန်အောင်တို့က လှူဖို့သဘောတူကြတော့ ဦးဇင်းလည်းတော်တော် လေးဝမ်းသာသွားမိတယ်။ ဆွမ်းလောင်းရက် မနက်ပိုင်းဆိုရင် ဆွမ်းခံကြွကြတဲ့သံဃာတော်တွေ အမှောင်ထု လမ်းပေါ်ကနေ ကြွနေရာကနေ အခုဆိုရင် အလင်းရောင်ရှိတဲ့လမ်းလေးပေါ်က ကြွလာကြနေပါပြီ။






0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP