* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 1, 2009

ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး အဓိပ္ပါယ် ရှင်းလင်းချက် (ပထမအပိုဒ်)

Friday, October 30, 2009


၁၂၅၆-ခုနှစ်အတွင်း ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး

မိုက်မလင်းနိုင်လို့၊ မြိုက်ခင်းညာဆီမှာ၊ ခါတော်မှီ သီမဝေ့နိုင်ဘု၊ ဒီကွေ့တွင် နေကုန်မျှော ပြန်ရ၊ အတော ဘယ်မသတ်နိုင်တဲ့၊ ရဟတ်ဗွေ။
******************************************************************************

မိုက်မလင်းဆိုသည်ကား

သစ္စာလေးတန် အမှန်လေးချက်ကို သက်သက်မမြင်အောင် ဖုံးပိတ်ထားသော အ၀ိဇ္ဇာလေးပါးသည် ရှိ၏။ ထိုအ၀ိဇ္ဇာလေးပါးကို အမိုက်ဆိုပေသည်။ အမှန်လေးချက်ကိုသိသော သစ္စာဥာဏ်လေးပါးကို မရ၍ ထိုအ၀ိဇ္ဇာလေးပါး ထင်ရှားရှိနေသည်ကို မိုက်မလင်းနိုင်ဆိုသည်။

အမှန်လေးချက်ဟူသည်ကား

၁။ ခန္ဓာငါးပါး ရုပ် နာမ်တရားသည် ဒုက္ခမျိုးအမှန်ဖြစ်သည် တစ်ချက်။
၂။ လောဘသည် ဒုက္ခမျိုးစေ့သာ အမှန်ဖြစ်သည် တစ်ချက်။
၃။ နိဗ္ဗာန်သည်သာ ငြိမ်းရာအမှန်ဖြစ်သည် တစ်ချက်။
၎။ သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်လမ်းကြောင်း မှန်သည်တစ်ချက်။
ဤကားအမှန်လေးချက်တည်း။

ဤအမှန်လေးချက်ကို ဖုံးလွှမ်းသော အ၀ိဇ္ဇာလည်း လေးပါးရှိသည်။ ဖွင့်လှစ်သော ၀ိဇ္ဇာလည်း လေးပါးရှိသည်။

မြိုက်ခင်းညာ ဆိုသည်ကား

နိဗ္ဗာန်သည် သေဘေးမှ ကင်းလွတ်ရာဖြစ်၍ အမြိုက်မည်၏။ ထိုအမြိုက်သည်ပင် သင်္ခါရဓမ္မတို့နှင့် မရောမယှက် တကွက်တကွင်းဖြစ်၍ အမြိုက်ခင်းမည်၏။ ထိုအမြိုက်ခင်းသည်ပင် သံသရာရေလျဉ်မှ ဆန်တက်ရာဖြစ်၍ ခင်းညာမည်၏။

ခါတော်မှီ သည်မဝေ့ ဆိုသည်ကား

နိဗ္ဗာန်ဆိုက်ကြောင်း လမ်းကောင်းလမ်းမြတ် ပဋိပတ်ကို မကျင့်နိုင် ဆိုလိုသည်။

ဒီကွေ့ဆိုသည်ကား

သံသရာဝဲသြဃကို ဆိုလိုသည်။

ရဟတ်ဗွေ ဆိုသည်ကား

ကိလေသာဝဋ် ကမ္မ၀ဋ် ၀ိပါက၀ဋ် ဤ၀ဋ်သုံးပါးလည်၍နေသော သံသရာဝဲအချက်ဟု ဆိုလိုသည်။ အ၀ိဇ္ဇာအစ ရှိသော ကိလေသာရှိ၍ ဒါနစသောကံဖြစ်သည်။ ဒါနစသော ကံဖြစ်၍ လူ့ဘ၀စသော ၀ိပါက်ရှိပြန်၍ အ၀ိဇ္ဇာစ သော ကိလေသာရှိပြန်ရသည်။

ကိလေသာရှိပြန်လျှင် ကံဖြစ်လာမြဲ၊ ကံဖြစ်လာလျှင် ၀ိပါက်ဖြစ်လာမြဲ၊ ၀ိပါက်ရှိလာပြန်လျှင် ကိသောဖြစ်လာမြဲ၊ ဤသို့ အဆုံးမသတ် ချားရဟတ်ကဲ့သို့ တပတ်လည်လည် နေကြရသည်ကို ရဟတ်ဗွေဟု ဆိုလိုသည်။

လယ်တီဆရာတော်ကြီး၏ ဂမ္ဘီရကဗျာကျမ်းမှ ကူးယူမျှဝေ ပညာဒါနပြုသည်။

ဆက်ဖတ်ရန်...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP