* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 16, 2009

Doing, Having & Being


Doing, Having & Being

Doing ဆိုတာ အလုပ်ကြီး အကိုင်ကြီးတွေ လုပ်ပြနိုင်တာ၊ အောင်မြင်တာကိုဆိုလိုတယ်။ လူအများမြင်နိုင်တဲ့ သိနိုင်တဲ့ အလုပ်မျိုး လူအထင်ကြီးတဲ့အလုပ်မျိုးကို လုပ်နိုင်မှ ကိုယ့်ကိုယ်ကို တန်ဘိုးရှိတယ်လို့  ယူဆတာ။ အဲဒါကိုမှ တစ်ခုတည်းသော တိုင်းတာစရာ ကျေနပ်စရာလို့  ယူဆရင်၊ လူအထင်ကြီးအောင် လုပ်ပြနိုင်မှ ငါ့ဘ၀ဟာ အောင်မြင်တာလို့  သဘောထားတဲ့လူဟာ မလုပ်နိုင်တော့တဲ့အခါ စိတ်ဓါတ်ကျသွားမယ်။ လုပ်နိုင်တယ်ဆိုတာ လူများကိုပြလို့ ရတဲ့အရာဖြစ်နေတယ်။ သူများနဲ့  ဆက်စပ်နေတယ်။

Having ဆိုတာ ငါ့မှာ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ ပစ္စည်းကောင်းကောင်းတွေရှိတယ်။ ငါ့မှာ ငွေရှိတယ်၊ လက်ဝတ်ရတနာ ကောင်းကောင်းတွေရှိတယ်။ ဒီလိုရှိလို့  ငါဟာ တန်ဘိုးရှိတဲ့သူ၊ ဒီလိုရှိလို့  ငါဟာလေးစားခံရမယ့်သူ၊ ဒီလိုရှိမှ လူဖြစ်ကျိုးနပ်တဲ့သူလို့  သဘောထားတဲ့သူဟာ Having ပေါ်မှာ မှီနေတယ်။ သူ့ ဘ၀ကို Having နှင့်တိုင်းတာတယ်။ ဒါတွေမရှိတဲ့အခါမှာ အကြီးအကျယ်စိတ်ဓါတ်ကျမယ်။ ဒါတွေရှိနေတုန်းမှာလည်း တကယ်တော့ မပျော်ပါဘူး။

Doing နှင့် Having ဟာ ကိုယ်ကျိုးသက်သက်ဖြစ်နေရင် စိတ်ချမ်းသာမှုအစစ်ကို မပေးနိုင်ပါဘူး။ ဒါကြောင့် Being ကို လေးလေးနက်နက် နားလည်သင့်တယ်။ Being ဆိုတာ ဘာလဲ - မေတ္တာစိတ်နဲ့ နေတာ Being၊ ဘာလို့ လဲဆိုတော့ - I am a loving person. လို့  ပြောလို့ ရတယ်။ am ဆိုတာ Being ကိုပြောတာနော်။ လုပ်နေတာကို ပြောတာမဟုတ်ဘူး။ အဲဒီလိုပဲ ငါဟာ ကိုယ်ချင်းစာနာတတ်တဲ့သူ၊ သနားတတ်တဲ့သူ ဖြစ်တယ်။ သူများမှာ အဆင်ပြေတာကို ၀မ်းသာတတ်တဲ့သူ ဖြစ်တယ်။

သတိရှိနေတဲ့အခါမှာ I am mindful. am ဆိုတာ Being ကိုပြောတာပဲ။
I am peaceful. ငါ ငြိမ်းချမ်းနေတယ်။ ဒါလည်း Being
ဒီလိုသတိရှိနေတဲ့စိတ်၊ ငြိမ်းချမ်းတဲ့စိတ်၊ ကိုယ်ချင်းစာတတ်တဲ့စိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်နဲ့ နေရင်းနဲ့  လုပ်သင့်တဲ့ (Doing) အလုပ်တွေကို လုပ်သွားနိုင်ရင် သိပ်ကောင်းတယ်။ အဲသလိုလုပ်နိုင်ရင် အမှားနဲတယ်။ ကိုယ့် Doing ဟာ ကိုယ့် Being ကို ဖော်ပြတယ်။ ကိုယ့်အလုပ်ဟာ ကိုယ်ဘယ်လိုလူဆိုတာကို ဖော်ပြတယ်။ ဒီလိုမဟုတ်ရင် ကိုယ်လုပ်တဲ့အလုပ် Doing ဟာ သူများထက်သာဖို့  ကြွားဖို့  သူများကိုနိုင်ဖို့ ဖြစ်သွားရင် စိတ်ပင်ပန်းမယ်။ သူများကို ဒုက္ခပေးတဲ့အလုပ် Doing ဖြစ်သွားမယ်။ လောကအကျိုးကို ဆောင်ရွက်ချင်ရင် အဲဒီ Doing ဟာ Being ဆိုတဲ့ အုတ်မြစ် Foundation ရှိဖို့ လိုတယ်။ ဉာဏ်ကြီးကြီးနဲ့  ဒီအချက်ကိုသဘောပေါက်ပြီး ဒီအတိုင်းနေသွားရင် ကိုယ့်ဘ၀ကို ကျေနပ်မှုပြည့်ပြည့်၀၀ရမယ်။

Being ကို နားလည်တဲ့သူ၊ တန်ဘိုးထားတဲ့သူ၊ Being နဲ့  နေတဲ့သူဟာ ကိုယ့်ဘ၀ကို ပြင်ပရုပ်ဝတ္ထုတွေ၊ အဆင့်အတန်းတွေ၊ ဂုဏ်ရာထူးတွေနဲ့  မတိုင်းတာတဲ့အတွက် အဲဒီ ပစ္စည်းဥစ္စာ၊ ရာထူး၊ ဂုဏ်ထူးတွေ တက်လိုက်ကျလိုက်ဖြစ်တိုင်း သူ့ စိတ်က တက်လိုက်ကျလိုက် မဖြစ်ဘူး။ သူ့ Being ကိုကျသွားအောင် ဘယ်သူကမှ လုပ်လို့ မရဘူး။ သူ့ Being ကို သူများက အဆုံးအဖြတ်ပေးလို့ မရဘူး။ အမှတ်ပေးလို့ မရဘူး။ ကိုယ့်စိတ်ကလေး သတိရှိနေတယ်၊ ကြည်လင်အေးချမ်းနေတယ်၊ နူးညံ့နေတယ်၊ မေတ္တာ၊ ကရုဏာ ဖြစ်နေတယ်။ ဘယ်သူကအဲဒါကို လာတိုင်းတာလို့ ရမလဲ၊ မရဘူး။ သူများတိုင်းတာလို့ မရနိုင်တာကိုပဲ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်အောင်လုပ်ပြီး ဒါနဲ့ ပဲ ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်အောင် နေရမှာနော်။

ကိုယ့်ကို သူများ အမှတ်ဘယ်လောက်ပေးနေလဲ ဆိုတာကို စဉ်းစားနေရတဲ့ သူဟာ စိတ်ချမ်းသာမှုအစစ်ကို မရနိုင်ဘူး။

တစ်သက်လုံး သူများအမှတ်ပေးတာကို ခံနေခဲ့ရတာနော်၊ သူများအမှတ်ပေးလို့ ရတဲ့ အရာတွေအားလုံးဟာ သူများနယ်မြေပဲ။ ဘယ်သူမှ အမှတ်ပေးလို့ မရတာမှ ကိုယ့်နယ်မြေ။ ကိုယ့်နယ်မြေအစစ်ထဲမှာကိုယ်နေရင် ကိုယ့်ကိုဘယ်သူမှ ဖယ်ခိုင်းလို့ မရဘူး။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ )
(စိတ်နှလုံး ရွှင်လန်းစေဖို့ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP