မန်းသားတို့ရဲ့ ဘုံဆွမ်းလောင်းပွဲ
မန္တလေးမြို့က သဗ္ဗသုခ ဆွမ်းလောင်းသင်းက သံဃာတော်တွေကို လစဉ် လပြည့်ကျော် ၃ ရက်နေ့တိုင်း ဆွမ်း လောင်းပါတယ်။ သံဃာ အပါး ၄၀၀ ကို လတိုင်း သပိတ်ပြည့် လောင်းလှူတယ်။ ဟင်းက အသားဆီပြန်ဟင်းတစ်ခွက်ပါမယ်။ ပဲနှပ်ပါမယ်။ ငါးခြောက်ဟင်းတစ်ခွက် ပါမယ်။ ငရုတ်သီးကြော် ပါမယ်။ အသီးအရွက်ကြော် ဒါမှမဟုတ် အခြား ဟင်းတစ်မျိုး ပါမယ်။ ဆွမ်းနဲ့ ဟင်း ၅ မျိုး ပုံမှန် လောင်းလှူပါတယ်။
၃၂ လမ်းနဲ့ ၈၂ လမ်းထောင့်မှာ မနက် ၅ နာရီက စပြီး ကြွလာသမျှ သံဃာတွေကို အပါး ၄၀၀ ပြည့်ထဲထိ သပိတ်ပြည့် ဆွမ်း ဆက်ကပ်ကြတယ်။ သီတင်းကျွတ် လပြည့်ကျော် ၃ ရက်နေ့ကတော့ ဆွမ်းဘောဇဉ်အပြင် သီတင်းကျွတ်ပြီမို့ သင်္ကန်းများလဲ လှူဒါန်းတယ်။
မန္တလေးမှာ စာဝါလိုက်၊ ပရိယတ် ပဋိပတ် ဝန်ဆောင်နေတဲ့ သံဃာတော်များကို လှူဒါန်းချင်တဲ့ အဝေးရောက် မန္တလေးသားများနဲ့ စေတနာရှင် ဒကာဒကာမများ သဗ္ဗသုခ ဆွမ်းလောင်းအသင်း၊ ၃၂ လမ်းနဲ့ ၈၂ လမ်းကြား၊ မန္တလေးမြို့ ဒါမှမဟုတ် ဖုန်း-၀၉၂၀၁၃၈၁၁ ကို ဆက်သွယ်နိုင်ကြပါတယ်။
သင်္ကန်းအလှူ ခံယူနေသည့် သာမဏေငယ်




0 comments:
Post a Comment