ကိုယ့်ဘက်ပါလာတဲ့ အ-မ (အင်ဒိုနီးရှားအမျိုးသမီး) ကို တရားဝင်လက်ထပ်ချင်သတဲ့.
ဒီနေ့ အတွေ့အကြုံလေးပါ....
KLကနေ ဘတ်စ် ကားနဲ့ အပြန်ပေါ့။ ကားလက်မှတ်မှာခုံနံပတ် က ၂၃။ ကိုယ်ထိုင်ရမဲ့ခုံမှာထိုင်နေတာက ခေါင်းမြီးခြုံ ကုလားမလေး။ ကွိုင်ပဲ။ ခုံနံပတ်ချင်းတိုက်နေသလား လို့သေချာအောင်.လက်မှတ်ကို ပြတော့ အနောက်ဘက် ခုံကို ထိုးပြတယ်။ ကောင်းပြီ။ ထိုင်ပါတယ်ဗျာ။ Lady First ပေါ့။
ကားထွက်လို့မကြာမှီ မြန်စကား ဖြင့်ဖုန်းသံကြားရတော့စိတ်ဝင်စားသွားတယ်။အော်..ရှေ့ကုလားမဘေးက ကောင်မလေး ဆီက ပါလား။ ဒီလိုကုလားပြည်မှာ တစ်ယောက်ထဲ မကြောက်မရွံ့ခရီးသွားနေတဲ့ မြန်မာမ လေး ကို စိတ်ဝင်စား သွားတယ်။ တိုတိုပဲ ပြောကြပါစို့..။ ဒီလို နဲ့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်.. .. သိလိုက်ရတာက..မြန်မာပြည် တောင်ဖျားနဲ့မြောက်ဖျား က နှစ်ဦးသား ဆုံတဲ့အဖြစ်။ သူက ပူတာအိုက လီရှော မလေး ၊ ဗုဒ္ဓဘာသာ တော့မဟုတ်ဘူး။သူတို့ဆီမှာ မြန်မာတွေ အများကြီး ဆိုပဲ။
ဒါနဲ့ နေရာဒေသ တီးခေါက်ကြည့်တော့ လားလား..ကိုယ်နေတဲ့နေရာ နဲ့ လမ်းလျှောက်ရင် ခဏလေးနဲ့ရောက်တဲ့နေရာ။ လိုက်လည် လို့ ရမလား..ဆိုတော့ ရသတဲ့။ ဒါနဲ့ ဘယ်ရမလဲ..ဆင်းရမဲ့နေရာ ကိုကျော်ပြီး သူတို့ဆီမှာ ဆင်းလိုက်တယ်။ အလည်ခေါ်သွားတဲ့အတွက် အမြဲအမှတ်ရနေမှာပါ။ ကျေးဇူး..နိုနို။
တွေ့ပါပီ ကိုရွှေမြန်မာများ....နေ့တိုင်းနီး ဖြတ်သွား ဖြတ်လာနေတာ ကို ရှိမှန်းမသိတဲ့အဖြစ်။ သူတို့နဲ့မိတ်ဆက်စကားတွေပြောပြီး ကြုံတွေ့ရတဲ့ အခက်အခဲတစ်ချို့ ပြောပြတယ်။ အီးမေး လုပ်ချင်လို့သွားတာ..သူ့စကား ကိုယ်မရ ကိုယ့်စကား သူမတတ်လို့ မရသေး ဘူးတဲ့။
ပါလာတဲ့ကွန်ပြူတာ ကို ထုတ်၊ အင်တာနက် ချိတ်ပြီး စိတ်ဝင်စား သူ တစ်ချို့အတွက် ဂျီးမေး လုပ်ပေးလိုက်တယ်။
သူတို့လဲ အင်တာနက် သုံးချင်ပါသတဲ့။ကောင်းပြီ။.. ငါဒီမှာရှိနေရင်.. အားလုံးကို သင်ပေးမယ်.. ။ ကွန်ပြူတာ အင်တာနက်..အင်္ဂလိပ်စာ....ဘာညာ..ဘာညာ..ပေါ့။
မြန်မာပြည်မှာ ဆို ဒီလိုအခွင့်အရေး မရနိုင်။ သိန်း ၂၀ လောက်အကုန်ခံနိုင်မှ နံပါတ်ပုံသေ နဲ့ ဟန်းဖုံးသုံးခွင့်ရမယ်။ကိုယ်ပိုင်အင်တာနက် သုံးချင် တယ်ဆိုရင်လဲ နောက်ထပ် သိန်း ၃၀ လောက်အကုန်ခံ ရဦးမယ်။
တယ်လီဖုံး.အင်တာနက် လူတိုင်းသုံးနိုင်ဖို့ အတော်မလွယ်တဲ့ မြန်မာပြည်၊(လူတိုင်း သုံးစွဲခွင့် မရအောင် လက်လှမ်းမမှီအောင် တမင် တကာ လုပ်ထားတယ်လို့ ပဲ ယုံကြည်ရတယ်။ ခိုင်လုံတဲ့အထောက်အထားနဲ့ ကန့်ကွက်ပြောတဲ့သူ ခုထိတော့ မတွေ့ဖူးသေးဘူး၊ နောင်လဲ တွေ့မယ်လို့ မထင်မိဘူး။)
ဖုန်းနဲ့ချိတ်ဆက်ပီး အင်တာနက်သုံးတာ မမြင်ဘူးသေးတော့သူတို့အတွက် ကအဆန်းဖြစ်နေတာ.။ ဒီလို အခွင့်အရေး မျိုး ဒီမှာပဲ ရတာ။ ရောက်တုံးရောက်ခိုက် သုံးထား လို့။ အထွေအထွေလုပ်သားအဖြစ် လာလုပ်နေတဲ့ တို့ရွှေမြန်မာတွေ။ ပညာအရည်အချင်းက မနိမ့်ကျ။ ၁၀ တန်းအောင်..ဘွဲ့ကြို ဘွဲ့ရ လူငယ်လေးတွေ။ တိုင်းပြည်အတွက် နှမျောပါဘိ။
ကောင်လေးတစ်ယောက်ရဲ လက်ကိုင်ဖုန်း ထဲ က စုံတွဲ ပုံလေး ။ ဒါ အိမ်က ဇနီးလား လို့ မေးကြည့်တော့..ဟုတ်ပါဘူး။ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့..အ.မ (အင်ဒိုနီးရှားသူ) ပါတဲ့။
ကိုယ့်ဘက်ပါအောင်တော့ လုပ်ထားပုံရတယ်။ သေချာတယ်ဆိုတော့လဲ မြှောက်ပေးရတာပ။
ဒါဆို အတည်ယူကွာ..ဟုတ်ပလား။
အဲဒါပဲခက်နေတာ..ဘယ်လိုလုပ်ရမှန်းမသိလို့.ပါတဲ့။ နည်းလမ်းရှိရင်ပြောပြပါဦး..ဆိုတော့ လဲ
ကြားဘူးတဲ့ အဖြစ်အပျက်တွေကိုပြောပြရတယ်။
ဒီလိုရှိတယ်ကွာ..
တစ်ချို့ ရွှေတွေက အ-မ တွေ ကို လက်ထပ်ခေါ်သွားကြတယ်။ ဟိုရောက်တော့ သနပ်ခါးတွေ အဖွေးသားလိမ်း၊ ဘုရားသွားကျောင်းတက်ပေါ့။ ဒါပေမဲ့ နိုင်ငံခြားသူပဲ ဖြစ်နေသေးတာမို့ အင်မီဂေးရှင်းနဲ့ တစ်နေ့မဟုတ် တစ်နေ့ ငြိ... ..နောက်တော့ ကွိုင် ဖြစ်တာပဲ။
ဒါတော့ .. လုပ်သင့်တာက..
မြန်မာပြည်ကို အလယ်အပတ် ဗီဇာ နဲ့ခေါ်သွားလိုက်။ ဟိုရောက်မှ တရားရုံတက် လက်မှတ်ထိုး လက်ထပ်ယူ။ လက်ထပ်စာချုပ်ကို ပြ ပြီး အ-မ အတွက် ရက်ရှည်နေထိုင်ခွင့်လျှောက်၊ ကလေးတွေ ရလာချိန် မြန်မာနိုင်ငံ သား အဖြစ် ခံယူ လိုက်..ပေါ့..လို့။
အလိမ်မာ အိမ်ပါ..ဘုရားသွားကျောင်းတက်ဖြစ်လာမဲ့ နိုင်ငံခြားသူအမျိုးသမီးများ ကို အောင်အောင်မြင်မြင် လက်ထပ်ယူနိုင်ခြင်းကို ကုသိုလ်ရတဲ့ သာသနာပြုဆောင်ရွက်ချက် တစ်ခု အဖြစ်..၀မ်းမြောက်စွာ ကြိုဆို ရမည်သာဖြစ်ပါကြောင်း ဝေမျှသိစေခဲ့ပါတယ်။

0 comments:
Post a Comment