* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 19, 2009

လာလော့ လူထွက်၍ စည်းစိမ်တို့ကို သုံးဆောင်ခံ့စားပါလော့ဟု ဆိုခဲ့သော်.....

သလဠာဂါရသုတ်

အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် ထင်ရှူးပင်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါသည် ရဟန်းတို့ကို ခေါ်တော်မူ၏။ပ။

ငါ့သျှင်တို့ လူအပေါင်းသည် အရှေ့သို့ ညွတ်ကိုင်းရှိုင်းသော ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုကုန်အံ့ဟု ပေါက်တူး ခြင်းတောင်းကို ယူလျက် လာရာ၏။ ငါ့သျှင်တို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုလူအပေါင်းသည် ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်း ရှိုင်းအောင် ပြုလုပ်နိုင်အံ့လောဟု မေးလေ၏။

ငါ့သျှင် မပြုလုပ်နိုင်ပါ။

ထိုမပြုလုပ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊
ငါ့သျှင် ဂင်္ဂါမြစ်သည် အရှေ့သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုလုပ်ရန် မလွယ်ပါ။
ပြုလုပ်သမျှ ကာလပတ်လုံး လူအပေါင်းအား ပင်ပန်းဆင်းရဲခြင်း ဖြစ်ရာ၏။
ငါ့သျှင်တို့ ဤအတူပင် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းကို မင်းတို့သည် လည်းကောင်း၊ မင်းအမတ်ကြီးတို့သည် လည်းကောင်း၊ မိတ်ဆွေတို့သည် လည်းကောင်း၊ ခင်ပွန်းတို့သည် လည်းကောင်း၊ ဆွေမျိုးတို့သည်လည်းကောင်း၊ သားချင်းတို့သည် လည်းကောင်း ''အမောင် ယောက်ျား လာလော့၊ ဤဖန်ရည်ဆိုးထားသော သင်္ကန်းကို ဝတ်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ခေါင်းတုံးရိတ်လျက် ခွက်လက်စွဲကာ လှည့်လည် ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လာလော့ လူထွက်၍ သုံးဆောင်ခံစားဖွယ် စည်းစိမ်တို့ကို သုံးဆောင်ခံစားပါလော့၊ ကောင်းမှုတို့ကိုလည်း ပြုလုပ်ပါလော့'' ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကြားကုန်ငြားအံ့။

ငါ့သျှင်တို့ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများပြီးသော ကြိမ်ဖန်များစွာ ပြုလုပ်ပြီး သော ထိုရဟန်းသည် သိက္ခာချ၍ လူထွက်အံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ မရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ စိတ်သည် ရှည်ကြာသော ကာလပတ်လုံး (ကိလေသာမှ) ဆိတ်ခြင်း၌ ညွတ်ကိုင်းရှိုင်း၏၊ ထို့ကြောင့် လူထွက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိနိုင်။ ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများသနည်း၊ ကြိမ်ဖန်များစွာ ပြုလုပ် သနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏၊ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည် ဖြစ်၍ သတိရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု မိန့်ဆို၏။ 906

၈ - သလဠာဂါရသုတ်၊ ရဟောဂတဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP