မှန်သော သစ္စာ
အဖြေ မတတ်တဲ့ ပုစ္ဆာကြောင့်
အစာငတ် ရေငတ်ခဲ့ရတဲ့ နေ့ ညပေါင်းက
ရေတွက်မရတော့…
အဖြေခက်လို့ မဖြေရက်ပေမဲ့
ဂရုဏာ တစ်ချက် မသက်ခဲ့တာလဲ
ပြန် မတွေးချင်တော့…
အညတြ ဘ၀မို့ 
အလှအပကို စာစီပြောနေလို့ လဲ
အပိုပါပဲ…
လိုတာပဲ ဆွဲတွေးနေမှတော့
ချိုသကာ စကားတွေကို
လျှိုကာထားလိုက်တော့မယ်..
ခါးချင်လည်း ခါးတော့…
မှန်ရာကို ဆိုရလို့ 
အဖန်တစ်ရာ ငိုရမယ်ဆိုလည်း
ပြိုလဲကာ သွားစေတော့…
အရှုံးတွေနောက်မှာ အံကျိတ်လို့ 
အမုန်းတွေအောက်မှာ အသံတိတ်ရမယ်ဆိုရင်
မနေ့ က ပေါင်းများစွာဆီမှာ
အရိပ်တွေထည့်ကာ ပြန်အိပ်စို့ …
အစာငတ် ရေငတ်ခဲ့ရတဲ့ နေ့ ညပေါင်းက
ရေတွက်မရတော့…
အဖြေခက်လို့ မဖြေရက်ပေမဲ့
ဂရုဏာ တစ်ချက် မသက်ခဲ့တာလဲ
ပြန် မတွေးချင်တော့…
အညတြ ဘ၀မို့ 
အလှအပကို စာစီပြောနေလို့ လဲ
အပိုပါပဲ…
လိုတာပဲ ဆွဲတွေးနေမှတော့
ချိုသကာ စကားတွေကို
လျှိုကာထားလိုက်တော့မယ်..
ခါးချင်လည်း ခါးတော့…
မှန်ရာကို ဆိုရလို့ 
အဖန်တစ်ရာ ငိုရမယ်ဆိုလည်း
ပြိုလဲကာ သွားစေတော့…
အရှုံးတွေနောက်မှာ အံကျိတ်လို့ 
အမုန်းတွေအောက်မှာ အသံတိတ်ရမယ်ဆိုရင်
မနေ့ က ပေါင်းများစွာဆီမှာ
အရိပ်တွေထည့်ကာ ပြန်အိပ်စို့ …

0 comments:
Post a Comment