* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 16, 2009

ဖတ်ဖြစ်အောင်ဖတ်စေချင်ပါသည်...........





ဒီတခါ ပြောပြမှာကတော့ စာရေးသူတို့ ယခုလက်ရှိပညာသင်ယူနေတဲ့ သီရိလင်္ကာနိုင်ငံလေး၇ဲ့ ယျဉ်ကျေးမှု ပွဲတော်လေး တစ် ခုကိုပါ၊ ယခုစာဖတ်သူတို့မြင်နေရတဲ့ ပုံလေးတွေကတော့ ကဆုန်လပြည့်နေ့ မှာ ပြုလုပ်ခဲ့တဲ့ ပွဲတော်လေးဖြစ်တယ်။ သူတို့ ကိုယ်ပိုင် ယျဉ်ကျေးမှုလေးတွေ နဲ့ ဘယ်ပွဲတော်မဆို ဆင်ယင်ကျင့်ပခဲ့ ကြပါတယ်။ တကယ်တော့ သီရိလင်္ကာဆိုတဲ့ နိုင်ငံက နိုင်ငံသေးသေးလေးဖြစ်သလို လူဦးရေးကလည်း နည်းပါးလှပါတယ်။ လူဦးရေနည်းပါးသလိုပဲ သံဃာတော်တွေရဲ့ ဦးရေဟာလည်း မများလှပါဘူး။ နိုင်ငံသေးသလောက် လူဦးရေ နှင့် သံဃာတော်တို နည်းပါးလှပေမယ့် ဗုဒ္ဓဘာသာ ဖွင့်ဖြိုးတိုး တက်မှုဟာ လူဦးရေး များစွာရှိသော ထိုင်း၊ မြန်မာ၊ ဆိုတဲ့ ထေရ၀ါဒ နိုင်ငံများထက် သာလွန်နေပါတယ်။

ဘာကြောင့်လည်း ဆိုတာကို စာရေးသူနောက်ရေးမယ့် ( သာသနာနှင့် သီရိလင်္ကာ) ဆိုတဲ့ ဆောင်ပါးမှာဖတ်ရပါလိမ့်မယ်။ စာရေးသူတို့နိုင်ငံလိုပါပဲ သူတို့တွေဟာ ရာသီအလိုက် ပွဲတော်ကိုကျင့်ပခဲ့ကြပါတယ်။ စည်းကားသောပွဲတော်များအနက် ကဆုန်လပြည့်နေ့ ပွဲတော်ကလေးဟာဖြင့် အလွန့်ကို ကြည့်နူးဖို့ ကောင်းလှတဲ့ ပွဲတော်လေးပါ။ ပွဲတော်မရောက်ခင် ၅ ရက်လောက်အလိုကတည်းက မိမိတို့ဆိုင်ရာ မြို့ သို့မဟုတ် ရပ်ကွက် ကျေးရွာ တွေမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို လာရောက်ကြပြီး ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းတော်အတွင်းမှာ ရှိတဲ့ ဘုရားဆင်းတုတော် အစရှိတဲ့ ဆောင်ရွက်မှုတွေကို သူ့အလည့်ကျစနစ်နဲ့ လာရောက်ပြီးလုပ်ကိုင် ဆောင်၇ွက်ကြပါတယ်။ နောက်တစ်ခုက ပွဲတော်မလာခင် ၂ ပါတ်လောက် ကတည်းက ညနေ ၆ နာရီကနေ ၈နာရီခွဲအထိ ကျောင်းတိုင်း ကျောင်းတိုင်းမှာ နာမည်ကြီး ဆရာတော်တွေကိုပင့်ပြီး ပွဲတော်အကြို တရားပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။

တကယ့်ကို မှတ်သားစရကောင်းလွန်းလှပါတယ်။ တရားပွဲစလို့ လာရောက်ကြတဲ့ တရားနားထောင်သူတွေထဲမှာ သုံးပုံနှစ်ပုံဟာဖြင့် အသက် ၅ နှစ်မှ၂၀ သာရှိသေးတဲ့ ကလေး သူငယ်တွေသာဖြစ်ကြပါတယ်။ ကဲ့ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိုက်သလဲ ။ ဒါကအရေးကြီးဆုံးအချက်နော် စာဖတ်သူတို့ပေါ့ပေါ့ မဖတ်လိုက်ကြပါနဲ့ ပေါ့ပေါ့လေး မတွေးလိုက်ကြပါနဲ့ ၊၊ နောက်ရေးမယ့် စာ ဆောင်ထဲကနေပြီး သူတို့သာသနာနဲ့ပါတ်သတ်လို့ နည်းနည်းလေး ပြောပြချင်ပါတယ်။

ဘာကြောင့် လူဦးရေနှင့် သံဃာတွေ နည်းပါးပြီး လူဦးရေ နှင့် သံဃာတွေများပြားတဲ့ ထိုင်း၊ မြန်မာဆိုတဲ့ ထေရ၀ါဒနိုင်ငံတွေထက် ပိုပြီး သာသနာထွန်းကားသလဲဆိုတော့ အတွင်းသာသနာ ပိုကောင်းလို့၊ အတွင်း သာသနာကောင်းမှ အပြင်ကို သွားရောက်ပြီး ပြုရမယ့်သာသနာက ကောင်းလာမှာ တိုးတက်လာမှာ။ သူတို့နိုင်ငံရဲ့သာသနာကို ဦးဆောင်နေတဲ့ ဆရာတော်ကြီးရဲ့ သြ၀ါဒ လေးကို ပြောပြမယ် "ကလေးတွေကို ပျော်ရွင်အောင်ထားပါ တက်အောင်သင်ပေးပါ ဘုန်းကြီးကျောင်းတွေကို နေ့တိုင်း သို့မဟုတ် တစ်ပါတ်ကို ၃ ရက်လာခိုင်းပါ။ ငါတို့မင်းတို့တွေက အသက်ကြီးလာပြီး သာသနာကို ညွန်ကြားတာလောက်ပဲလုပ်နိုင်တော့ ငါတို့လက်ထည်း မှာ သာသနာ မရှည် နိုင်တော့ဘူး ဒီတော့ ဘယ်သူတွေကို ငါတို့ထမ်းနေတဲ့သာသနာကိုပေးရမလည်းလို့ မင်းတို့တွေးကြည့် စမ်းဆိုပြီး ဆက်ပြောတယ် သာသနာတည်ဖို့ဆိုတာ ကလေးသူငယ်တွေရဲ့လက်ထည်းမှာကွ" တဲ့။

ကဲ မဟုတ်ဘူးလား ဆရာတော်ပြောပြသွားတာ ဘယ်လောက်မှတ်သားစရာကောင်းသလဲ စာရေးသူတို့နိုင်ငံမှာလည်း ဆရာတော် တွေကပြောကြပါတယ် ဒါပေမယ့် လူတွေက ဖြစ်မြောက်အောင်မလုပ်နိုင်ခဲ့ကြဘူး။ ဒီနိုင်ငံကြတော့ ဆရာတော်တွေ ပြောတဲ့အတိုင်း သူတို့လိုက်နာတော့ ကလေးတွေက ၁၀ သားနှစ်သားလောက်ဆို ဘာသာရေးတွေ ကြွယ်ဝနေပြီး မေးတဲ့သူတိုင်းကိုလည်း ရှင်းပြနိုင်ပြီး တခြားဘာသာကလေးတွေက သူတို့ကိုလာ ပြီးပြောလည်း ပြန်ပြောနိုင်ကြပြီး ဘာကြောင့်လည်း သူတို့ရဲ့စိတ်ထည်းကို ဘာသာရေးတွေ သွင်းပေးခဲ့လို့ပေါ့။ ဒီနေရာမှာ စာရေးသူပြောချင်တာက အတွင်းသာသနာဆိုတာ နိုင်ငံတွင်းသာသနာကိုပါ။


ဘာကြောင့်သာသနာတော်ဟာ သီရိလင်္ကာမှာ တည်နေသလည်း ထွန်းကားနေသလဲဆိုတာကိုဆိုတာကို သဘောပေါက်လောက်ပါပြီး။ ကလေးတွေဟာ နောက်သာသနာရဲ့အဓိကသူတွေပဲ ဆိုတာကို ကလေးတွေ သိလာအောင် အမျိုးမျိုး ဆရာကပြောပြလိုက် မိဘကပြောပြလိုက် ဘုန်းကြီးတွေက ပြောပြလိုက်နဲ့ သွန်သင်ဆုံးမပေးကြတယ်။

နိုင်ငံက ကလေးတွေကို အရမ်းဦးစားပေးတယ် ဒါကြောင့်ခုစာဖတ်သူတို့မြင်တဲ့အတိုင်း ပွဲတော်တိုင်းမှာ ကလေးတွေကို အချင်းချင်းဦးဆောင်းခိုင်းတယ် တချို့က ကလေးနဲ့လူကြီး အပြိုင်အဆိုင်လေးတွေ တောင်လုပ်ကြပါတယ်။ ပွဲတော်ရာသီတိုင်းမှာ အကအခုန်လေးတွေဆိုရင်လည်း ရိုးရာလေးတွေကို ဦးစားပေးပြီး လုပ်တာများပါတယ်။ ဒါက ဘာသဘောလည်း ဆိုရင် မိမိတို့ရဲ့ယျဉ်ကျေးမှုကို မပျောက်ပျက်အောင် ကလေးတွေ ကို တနည်းအားဖြင့် စောင့်ထိန်းခိုင်းလိုက်တာပါပဲ။ “

ပွဲတော်စတာနဲ့ ကျောင်းကနေ စပြီးအကအခုန်တွေနဲ့ ဆိုင်ရာအရပ်ဒေသလောက်ပဲ အသီးသီးလည့် လှည်ခဲ့ကြပါတယ်.ပြီးတော့လမ်းမှာလည်း ကလေးအတွက် လိုလေစိတ်မရှိ အိမ်တိုင်းလိုလိုက စားစရာ သောက်စ ရာ အစရှိတာတွေကို စီစဉ်ပေးခဲ့ကြပါတယ်။ လည့်လှည်ပြီး ကျောင်းကိုပြန်ရောက်တော့ သူတို့လေးတွေဟာ ဆရာတော်တွေရဲ့ တရားတော်တွေကို နားထောင်ကြရပါတယ်. ကလေးအချင်းချင်းလည်း ဘာသာရေးကို အားလပ်တဲ့အချိန်လေးတွေမှာ ဆွေးနွေး ကြတယ် တကယ်ကိုလူကြီးလေးတွေအတိုင်းပါပဲ။

စာရေးသူကတော့ ဒီပွဲတော်လေးကိုတော့ ဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ပါဘူး ဘာကြောင့်လည်းဆိုရင် သူတို့က ပွဲတော်မှာ ပျော်ရွင်မှုတွေကို သိပ်ဦးစားမပေးကြဘူး။ ပွဲတော်အချိန်လေးအတွင်းမှာ ပဲ ကလေးတွေဟာ တရားထိုင်ခြင်း။ တရားဆွေးနွေးခြင်း၊ တရားနာခြင်းဆိုတာတွေကို လူကြီးတွေနဲ့အတူ အရွယ်နှင့်မလိုက်အောင် လုပ်ဆောင်နေကြလိုပါပဲ။

ဒါကြောင့် စာဖေတ်သူတို့ သူတို့နိုင်ငံတွေမှာ ကျင့်ပနေတဲ့ ပွဲတော်ဆိုတာ ဒီလိုပါပဲလား ပျော်ရွင်မှု သတ်သတ် လုပ်တာ မဟုတ်ဘူး ဆိုတာကို သိအောင်လို့ သိသလောက်ကလေး တင်ပြလိုက်ပါတယ်.. စာဖတ်သူတွေ ကိုယ်စိတ်နှစ်ပါး ကြည်လင်ချမ်းမြေ့ကြပါစေ..........(အပေါ်ဆုံးဓါတ်ပုံရက်စွဲ စာရေးသူ ဓါတ်ပုံရိုက်စဉ် ပြင်ရန်မေ့သွားခဲ့ခြင်းဖြစ်သည်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP