* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 16, 2009

ဒီအတွက်နဲ့တော့မကိုးကွယ်သင့်ပါ..


အထပ်ဖော်ပြပါစာလေး လက်ခံရမိတော့ ရင်ထဲမှာ ပြောချင်တဲ့ စကားလေးတွေ ပေါ်လာမိပါတယ်။ သာမညတောင် ဆရာတော်ဘုရားကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို ရှိခိုးဦးခိုက် ကြည်ညိုပါတယ်။ ဒါပေမယ့် ဒီစာမှာပါတဲ့ အချက်တွေကို ဘယ်သူရေးတာမှန်းမသိပေမယ့် မဖြစ်သင့် မဝေသင့်တဲ့စာဖြစ်တဲ့အတွက် ဒီပိုစ့်လေးကို ရေးလိုက်တာပါ။ ဒီစာစောင်လေး တစ်ခုတင် မဟုတ်ပါဘူး.. ခုတလော ဂျီမေးလ်မှာ ဒီလိုမျိုး စာလေးတွေ ဖြန့်ဝေနေတာ အမြဲတွေ့နေရတာကြောင့် လူအများ စိတ်ထဲမှာ အလွဲတွေးပြီး အတွေးလွဲကုန်မှာ ဆိုးလို့ပါ။ ဒီစာကိုဝေပါ.. မဝေရင် ဒုက္ခရောက်မယ်.. ဝေရင် ဘယ်အကျိုးတွေရမယ် ဆိုတဲ့အချက်တွေကို ဘာသာရေးအသိရှိတဲ့သူတွေအတွက် ဘာမှအရေးမကြီးပေမယ့် မသိသေးတဲ့သူတွေ အတွက်တော့ သိသင့်တဲ့ အချက်တစ်ချက်ပါ။ စိတ်ထဲမှာ တကယ်ထင်မှတ်ပြီး လိုက်လုပ်လို့ တိုက်ဆိုင်မှုတွေ ဖြစ်ခဲ့မယ်ဆိုရင် လွဲပြီးရင် လွဲနေမှာမလို့ပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်တင် ပြောချင်တာ မဟုတ်ပေမယ့် ဗုဒ္ဓဘာသာဝင်တွေကို အဓိကထားပြီး အသိပေးလိုတဲ့ အကြောင်းအရာလေးပါပဲ။








ဆက်လက်ဖတ်ရှုရန်.....



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP