* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 13, 2009

မြတ်စွာဘုရား၏ စကားတော်ကို သက္ကတဘာသာဖြင့် မတင်အပ်...

ခုဒ္ဒကဝတ္ထုက္ခန္ဓက-မှ...


ထိုအခါ ယမေဠကရွာ၌ ကုဋမည်သော ပုဏ္ဏားမျိုး ရဟန်းညီနောင် နှစ်ဦးတို့ ရှိကုန်၏၊ အပြော အဆိုကောင်း အသံကောင်းသူတို့ ဖြစ်ကုန်၏။ ထိုရဟန်း ညီနောင်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြကာ မြတ်စွာဘုရားအား-

''အသျှင်ဘုရား ယခုအခါ ရဟန်းတို့သည် အမည်အမျိုးမျိုး ရှိပါကုန်၏၊ အနွယ် အမျိုးမျိုး ရှိပါကုန်၏၊ ဇာတ်အမျိုးမျိုး ရှိပါကုန်၏၊ အမျိုးအသီးသီးမှ ထွက်၍ ရဟန်းပြုပါကုန်၏။ ထိုရဟန်းတို့သည် မိမိတို့ဘာသာဖြင့် မြတ်စွာဘုရား၏ စကားကို ဖျက်ဆီးပါကုန်၏၊ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် မြတ်စွာ ဘုရား၏ စကားကို သက္ကတဘာသာဖြင့် တင်ပါကုန်အံ့'' ဟု လျှောက်ကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် ''အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ စကားကို သက္ကတဘာသာဖြင့် တင်ပါကုန်အံ့'' ဟု အဘယ့်ကြောင့် ပြောဆိုကုန်ဘိ သနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ သင်တို့ လျှောက်ဆိုသော အမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ ပ ။
ကဲ့ရဲ့တော်မူပြီး၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ ကို-

''ရဟန်းတို့ မြတ်စွာဘုရား၏ စကားတော်ကို သက္ကတဘာသာဖြင့် မတင်အပ်၊ တင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ မိမိတို့ ဘာသာဖြင့် မြတ်စွာဘုရား၏ စကားကို သင်ယူခြင်းငှါ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။ 285

၅ - ခုဒ္ဒကဝတ္ထုက္ခန္ဓ၊ စူဠဝဂ်ပါဠိတော်၊ ဝိနည်းပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP