* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 13, 2009

*ကိုယ့်ကိုယ်ကို သတိထားကြည့်ရင်...*


လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား…

တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့ လေ.

အဲဒါကြောင့်… တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကို ကြည့်မယ်ဆိုရင်…ဘယ်တော့မှ တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့

အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။

လူတွေမှာ နှာခေါင်းက ဘာလို့ မျက်နှာပေါ်မှာ ချွန်ထွက်ပြီး ရှည်ရှည်လေးဖြစ်နေလဲသိလား…

လေကောင်းလေသန့် ကို သူအရင်ဆုံးရအောင်လို့ ပေါ့…

ပြီးတော့ နှာခေါင်းလမ်းကြောင်းတစ်လျှောက် အဆင့်ဆင့် စစ်ပြီးမှ အဆုတ်ထဲရောက်တာ…

အဲဒါကြောင့် တမင်တကာကြီး မကောင်းတဲ့အရာတွေကို ရှူမထည့်ကြပါနဲ့

လူတွေရဲ့ ပါးစပ်မှာ ဘာလို့ နှုတ်ခမ်းပါနေလဲသိလား…

ထွက်သွားတဲ့ လေကို ထိန်းဖို့ ပေါ့….

အဲဒါကြောင့်…ပြောတဲ့ စကားတိုင်းကိုလဲ…အထိန်းအကွပ်ရှိလို့ လိုပါတယ်…

လူတွေရဲ့ နားရွက်က…ဘာလို့ ပြားပြားထောင်ထောင်ကြီး နဲ့ နှစ်ဖက်ရှိနေလဲသိလား…

များများ နားထောင်နိုင်အောင်လို့ ပေါ့…နောက်ပြီး နှစ်ဖက်ကြားအောင်…

အဲဒါကြောင့်…. ကိုယ်နားထောင်ချင်တဲ့စကားပဲ နားထောင်တာမျိုး မလုပ်သင့်ပါဘူး…

နောက်ပြီး ဘယ်တော့မှ တစ်ဖက်ထဲကစကားကို နားမယောင်သင့်ဘူးပါဘူးနော်..

နောက်ပြီး နားရွက်က နှစ်ဖက်ရှိပြီး ပါးစပ်က တစ်ပေါက်ထဲရှိတာနော်….

အဲဒါကတော့…နားထောင်တာနဲ့ ပြောတာရဲ့ အချိုးက နှစ်အချိုး တစ်ရှိသင့်တယ်ဆိုတာပါပဲ…

နောက်ပြီး လက်က ဘာလို့ နှစ်ဖက်ရှိပြီး ဦးနှောက်က တစ်လုံးထဲရှိနေတာလဲသိလား…

အလုပ်ကိုများများလုပ်ပြီး စဉ်းစားတာကို နည်းနည်းပဲစဉ်းစားဖို့ လေ….

မစဉ်းစားဘဲ အလုပ်ချည်းပဲလုပ်နေလို့ မဖြစ်သလို….မလုပ်ဘဲ စဉ်းစားချည်းပဲ စဉ်းစားနေလို့ မဖြစ်ဘူးလေ…

သူလဲ နှစ်အချိုး တစ်ပဲ…

ဘာလို့ ဦးနှောက် အပေါ်ရောက်နေပြီး နှလုံးသားက အောက်ရောက်နေလဲသိလား

ခံစားချက်နဲ့ ဦးနှောက်နဲ့ ယှဉ်လာရင်… ဦးနှောက်ကို ဦးစားပေးပါတဲ့….

ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်….ဘ၀မှာ ကိုယ်ဘယ်လို နေထိုင်သင့်သလဲဆိုတာ…. သဘောပေါက် နားလည်နိုင်ပါတယ်…

စေ့စေ့တွေးလေ သဘောပေါက်လေပေါ့…

ဘယ်အရာမဆို…သူ့ အကြောင်းပြချက်နဲ့ သူရှိပါတယ်….နားလည်တတ်၊ ကြည့်တတ်ဖို့ ပဲလိုတာပါ…

+++++++++++++++++++++++++++++++++++++

မေးလ်က ရလာတာလေးကို ထပ်ဆင့် မျှဝေလိုက်ခြင်းပါ။


လေးစားစွာဖြင့်
ဖိုးသား


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP