* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 1, 2009

အမေ့ရွာလေးမှာ ပန်းပြန်ဖြစ်မယ့် မြစ်


နှုတ်ဆက်ခဲ့ပါတယ်
ရေးလို့မ၀သေးတဲ့ ၀ါကျတွေ
ပြန်မြိုချထားရ
အမေ့အိမ်ပြန်မယ်လေ။

ရထားလက်မှတ်အဆင်သင့်ဖြစ်ပြီ
လေယာဉ်ထွက်ခွာချိန်လည်းသိပြီ
နောက်တစ်ပတ်နေထွက်ချိန်
အမေ့အိမ်တံခါးဝမှာ
အလွမ်းဆွမ်းရပ်တဲ့ သားရဟန်း
အမေ့ရင်ထဲက ကျေးလက်ပန်းတွေ
ပွင့်ကြစေ မွှေးကြစေပေါ့။

ဒီအချိန်ရောက်မှတော့
ဆွမ်းလည်းကျက်ပြီ
မေတ္တာအနံ့သင်သင်း အပြုံးဟင်းတွေက
အသင့်ခူးခပ်ပြီးသားဖြစ်လိမ့်မယ်။

ဓမ္မဂင်္ဂါစီးကြောင်းမှာ
အမေက လှေလေးတောင် မခတ်နိုင်ခဲ့ဘူးပေါ့
ခွဲစိတ်ထားတဲ့ မျက်လုံးဝေေ၀တွေကြား
သားရဟန်းအသံတွေသာ
ဂီတဖြစ်စေတော့။

ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်ထဲ
သားရယ် အမေရယ်လို့များ
စကားတွေကြား
တံတားမရှိခဲ့လေဘူး။

တစ်နယ်လုံးသုံးတဲ့ ဖုန်းလေးဆီ
အမေ မရောက်နိုင်ခဲ့ဘူး။


ကွန်ယက်တွေအပြင်ဘက်နားက
လသာချိန်တွေမှာ
ခေတ်ဟောင်းတေးက
ရွာလေးကို ပွေ့ဖက်
အမေအိပ်စက်ပျော်ပါစေပေါ့
သဘာဝကလည်းလှပါတယ် အမေရယ်။

ဒကာမကြီးလို့ ခေါ်ရမယ့်သူတွေအများသားမို့
အမေလို့ ခေါ်ခွင့်မရုပ်သိမ်းလိုက်ပါနဲ့
ရှင်ပြုတုန်းက တစ်ခါပျော်ခဲ့ပြီးပြီလေ။
သြော်..
ကိုရင်လေးလို့ ခေါ်ရင်
ဒကာမကြီးလို့ထူးမှာပေါ့နေ့ရက်များ။


ဂုဏ်ယူစရာရှိရင်လည်း ငိုလိုက်
ငိုစရာရှိလည်း ငိုလိုက်
အမေ့ရေးတဲ့ ဘ၀သံသရာမြစ်ပြင်ကျယ်ထဲ
ဓမ္မဂင်္ဂါမြစ်ကျဉ်းလေးသာ
စီးလာရမယ်ပေါ့။

သားဟောတဲ့တရားနာပြီး
အမေကျွတ်မယ်မထင်ဘူး
သားရဟန်းအသံမှာ ကပ်နေတဲ့
အမေ့သံယောဇဉ်ထူထူကြီး
ှဆွဲခွာပစ်နိုင်ပါမှကိုး။

စီးလာမယ်
စီးဝင်လာခဲ့မယ်ပေါ့ အမေရယ်
နောက်တစ်ပတ်နေထွက်ချိန်
ရွှေကျီးသာတဲ့နေ့
ဓမ္မဂင်္ဂါဟာ
အမေ့အိမ်ထဲ ခပ်ကဲကဲစီးလာမယ့်
မျက်ရည်သောင်ဖြိုမြစ်တစ်စင်းသာဖြစ်ပေလိမ့်။

(အားလုံးကို နှုတ်ဆက်ပါတယ်။တစ်လတာလောက် ဓမ္မဂင်္ဂါရေးစီးက ရပ်နေပါလိမ့်မယ်။ စိတ်ကူးပေါ်ရာ ၀ါကျတွေကို ဆွဲဆန့်ခွင့်ရခဲ့တဲ့ တစ်လတာ ကာလတိုလေးက လွမ်းစရာပါ။ ရေးစရာတော့ အများကြီးရှိပါသေးတယ်။ ရေးလက်စ “ သီတဂူလမ်း” ကိုလည်း ပြီးအောင် လျှောက်ရဦးမယ်။ အမေ့အိမ်က ပြန်လာတဲ့အခါ တွေ့ကြသေးတာပေါ့။ ဟောဒါကတော့ စကားပြောလို့ ရမယ့် ကိုယ်ပိုင်အခန်းလေးပါ ။ vicitta.modern@gmail.com အားလုံးပျော်ရွှင်ငြိမ်းချမ်းပါစေ။)

မုဒိတာဖြင့်
ဓမ္မဂင်္ဂါ




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP