* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 3, 2009

စေတနာသုခအသင်းမှ ဘက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကျောင်းသားငယ်လေးများကို ပန်းချီပြိုင်ပွဲကျင်းပပေးမည်။


စေတနာသုခ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်(အမျိုးသမီး) ပညာရေးကျောင်းများသို့ထောက်ပံ့သောအသင်းမှ
ရန်ကုန်တိုင်းအတွင်းရှိ ဘက ကျောင်းအချို့မှ ကျောင်းသား/သူ လေးများကို ပန်းချီပြိုင်ပွဲ တစ်ခုကျင်းပပေးလိုသည့် ရည်မှန်းချက်များမှာ

*ကလေးသူငယ်များ၏ စိတ်ဓာတ်များကို ညိုးနွမ်းခြင်းမှ ကင်းဝေးရန်၊
*၄င်းတို့ကျောင်းတွင် အစိုးရကျောင်းများကဲ့သို့ မည်သည့် ပြိုင်ပွဲမှ မရှိသဖြင့် ယှဉ်ပြိုင်ခြင်းကင်းဝေးနေသော စိတ်ဓာတ်မှ ကင်းဝေးစေရန်၊
*ကလေးသူငယ်များသည် ၄င်းတို့အား စောင့်ရှောက်ကျွေးမွေး ပညာသင်ကြားပေးနေသော ဘုန်းတော်ကြီးများ၊ ဆရာလေးများ၏ ဂရုစိုက်မှုအပြင် ကျွန်တော်တို့ စေတနာသုခ၏ မောင်နှမများလည်း ဂရုစိုက်ကြောင်း နွေးထွေးသည့် စိတ်ခံစားမှုတစ်ခု ရရှိစေရန်နှင့်
*၄င်းတို့အား ပေးကမ်းလို၍ တစ်ကြောင်း၊ ပျော်ရွှင်စေလို၍ တစ်ကြောင်း

ကျင်းပရခြင်းဖြစ်ပါသည်။

၎င်းပြိုင်ပွဲတွင် ဘက ကျောင်းမှ အမိအဖမဲ့၍ ကျောင်းတော်တွင် စောင့်ရှောက်ထားသော ကလေးငယ်များကိုသာ ဖိတ်ခေါ်ကျင်းပသွားပါမည်။ အများဆုံး တစ်ကျောင်းလျှင် (၅) ယောက်။ (၅) ကျောင်း ဖိတ်ခေါ်ကာ ပြိုင်ပွဲကျင်းပပါမည်။ ကလေးငယ် (၂၅) ယောက်နှင့် အုပ်ထိန်းသူ (၅)ဦး လာရောက်ခွင့်ပြုမည် ဖြစ်ပါသည်။
စုစုပေါင်း (၃၀)ဦး ဖိတ်ခေါ်ပါမည်။

အသင်း၏ဆောင်ရွက်မှုအနေဖြင့်
ဖိတ်ခေါ်စဉ်တွင် ဖိတ်ခေါ်ထားသောကျောင်းများမှ ကလေးငယ်များနှင့် အုပ်ထိန်းသူများကို လိုင်းကားခပေးထားမည်ဖြစ်သည်။ ကလေးငယ်များနှင့် အုပ်ထိန်းသူများကို ထမင်းကျွေးမွေးမည်ဖြစ်ပါသည်။ ပန်းချီဆွဲမည့် စက္ကူများ နှင့် ရောင်စုံခဲတံများကိုလည်း အသင်းမှ ပေးကမ်းသွားပါမည်။
ပန်းချီပြိုင်ပွဲမှ ဆုပေးရန်အတွက် ပန်းချီပညာရှင်တစ်ဦးကို ဖိတ်ခေါ်အကဲဖြတ်စေမည် ဖြစ်ပါသည်။


မှုလတန်းအတွက်သာ ကျင်းပပေးမည်ဖြစ်သဖြင့်
*(၁) တတိယတန်းနှင့် စတုတ္ထတန်းကို တစ်အုပ်စု
*(၂) ပထမတန်းနှင့် ဒုတိယတန်းကို တစ်အုပ်စု အုပ်စုနှစ်ခုခွဲ၍ ကျင်းပပေးပါမည်။

ဆုကြေးအနေဖြင့်
အုပ်စု(၁)အတွက်
ပထမဆု (၂၅၀၀၀ိ/-ကျပ်)
ဒုတိယဆု ( ၂၀၀၀၀ိ/-ကျပ်)
တတိယဆု (၁၅၀၀၀ိ/-ကျပ်)
နှစ်သိမ့်ဆု တစ်ဆုလျှင် (၅၀၀၀ိ/-ကျပ်)ဖြင့် (၅) ဆု

အုပ်စု(၂)အတွက်
ပထမဆု (၁၀၀၀၀ိ/-ကျပ်)
ဒုတိယဆု ( ၇၀၀၀ိ/-ကျပ်)
တတိယဆု (၅၀၀၀ိ/-ကျပ်)
နှစ်သိမ့်ဆု တစ်ဆုလျှင် (၃၀၀၀ိ/-ကျပ်)ဖြင့် (၅) ဆု

၎င်းဆုများအပြင် အသင်းမှနေ၍ ယှဉ်ပြိုင်သူတိုင်းကို ဗလာစာအုပ် (၁)ဒါဇင်နှင့် ခဲတံ (၁)ဒါဇင် ပေးဆောင်ပါမည်။

ဤကဏ္ဍတွင် အသင်းမှ မောင်နှများများကို တောင်းခံလိုသည်မှာ ကလေးများအတွက်ကိုယ့်ပတ်ဝန်းကျင်တွင်
ပရဟတိတ လုပ်ငန်းတွင် စိတ်ဝင်စားသူ အသိမိတ်ဆွေများရှိပါက ကလေးငယ်များအား ပေးကမ်းလိုသူများကိုလည်း ဖိတ်ခေါ်နိုင်ပါသည်။ ကလေးငယ်များကို မုန့်သော်လည်းကောင်၊ အချိုအအေးသော်လည်းကောင်း ကျွေးမွေးပေးကမ်းမှုကို လက်ခံသွားပါမည်။

ကျင်းပမည့်နေရာသည် ဘက ကျောင်းတစ်ကျောင်းတွင်သာကျင်းပပါမည်ဖြစ်ပါသည်။ နေရာ အတိအကျကို သတ်မှတ်မှုမရှိသေးချေ။ နေ့ရက်ကို လာမည့်စက်တင်ဘာလ၊ (၂၈)ရက် တနလာင်္နေ့၊ ၂၀၀၉ ခုနှစ်ဟု သတ်မှတ်ထား ပါသည်။ ထိုနေ့ရက်သည် တက္ကသိုလ်ကျောင်သားကျောင်းသူများအားလုံး စာမေးပွဲကြီးပြီးဆုံးပြီဖြစ်သည်။
ထိုကြောင့် မောင်နှမများအားလုံးကို စာမေးပွဲပြီးလျှင်ပြီးချင်း ချက်ချင်းမပြန်ဘဲ ကလေးငယ်မျး၏ ပြိုင်ပွဲကို ပါဝင်ဆောင်ရွက်ပေးကြပါရန်။ အသင်းမှ တောင်းဆိုချင်ပါသည်။

၎င်းပြိုင်ပွဲအတွက် အသင်းမှ အလှူငွေ သီးသန့်ကောက်ခံမည်မဟုတ်ဘဲ အသင်းတွင် စုစည်းထိန်းသိမ်းထားသော
အသင်းပိုင် fund ၇၄၄၀၀၀ိ/-ကျပ်ထဲမှ ၂၂၀၀၀၀ိ/-ကျပ်ဝန်းကျင်တွင် အသုံးပြုမည်ဖြစ်ပါသည်။ သို့သော်လည်း ထိုပွဲအတွက် လှူဒါန်းလိုသူများရှိလျှင်လည်း အလှူငွေများကို လက်ခံပါမည်။

၎င်းပြိုင်ပွဲသည် ကြီးကျယ်ခမ်းနားမည်မဟုတ်ပေမဲ့ အထက်တွင်ဖော်ပြခဲ့သော ရည်ရွယ်ချက်များကိုဖော်ဆောင်လို၍ ကျင်းပခြင်းဖြစ်ပါသည်။ ဤ post အောက်တွင် ဆန္ဒပြုနိုင်သလို အကြံပေးနိုင်ပါသည်။ အသင်းမှ ဂရုတစိုက် အလေးထားစဉ်စား ဆောင်ရွက်သွားပါမည်။

ချစ်ဆွေများအာလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာရှိနိုင်ပါစေ.....။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP