* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 3, 2009

မွတ္သားဖြယ္ရာ ၀၁

အကောင်းအဆိုး ဒွန်တွဲနေတဲ့ သဘာဝလောကကြီးထဲမှာ တချို့ကျတော့ ဘုရားရှင်သာသနာနှင့် တွေ့ပြီး အကျိုးတရားများ ရသွားခဲ့ကြတယ်။ တချို့ကျတော့လည်း ဘုရားရှင်သာသနာနှင့် တွေ့ကြသော်လည်း အလွန်ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးများနှင့် တွေ့ကြုံသွားခဲ့ ကြရသည်။ ကျွန်တော်တို့တစ်တွေလည်း ဘုရားရှင် ထားခဲ့သော သာသနာကျန်ရှိနေပါသည်။ ဘယ်အမျိုးအစားထဲ ပါဝင်အောင် လုပ်ကြမလဲ...နေ့စဉ်” မဟုတ်ဘူး၊ ရပ်နေစဉ်, သွားနေစဉ်, လျောင်းနေစဉ်, စားနေစဉ်... စသည့်“နေစဉ်”မေးကြည့်ဖို့ လိုမယ်နဲ့တူတယ်နော်။ သက်တမ်းကာလက တိုတောင်းတော့.. နေ့စဉ်ဆိုရင် နဲနဲဝေးနေမလားလို့ပါ။
ဘုရားရှင်နှင့် အနီးလည်းနေ အနေလည်းနီးသွားကြတဲ့ ပုဂ္ဂိုလ်ထူးများနှင့် နောက် အနီးသာနေပြီး အနေ ဝေးသွားကြတဲ့ ၀မ်းနည်းဖွယ်ရာ ပုဂ္ဂိုလ်များကို သိလိုသူများအတွက် ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။

ဂေါတမဘုရားရှင်သာသနာတော်အတွင်း၌ လူဝတ်နှင့် အရဟတ္တဖိုလ်ရ၍ လူ့အဖြစ်နှင့်ပင် ပရိနိဗ္ဗာန် စံသွားကြသည့် လူရဟန္တာပုဂ္ဂိုလ် ငါးယောက်-
(၁) ဥဂ္ဂသေန သူကြွယ်၊ (၂) သန္တတိ အမတ်ကြီး၊ (၃) ဝီတသောက လုလင်၊ (၄) ဗာဟိယဒါရုစိ ပရိဗိုဇ်၊ (၅) ခမည်းတော် သုဒ္ဓေါဒနမင်းကြီးတို့ ဖြစ်၏။

Free Image Hosting at www.ImageShack.us


ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အရှင်လတ်လတ် မြေမျိုသွားသူ ငါးယောက်-
(၁) ဒေဝဒတ် ရဟန်း၊ (၂) စိဉ္စမာန မိန်းမယုတ်၊ (၃) သုပ္ပဗုဒ္ဓ သာကီဝင် (ဘုရားရှင်ရဲ့ ဦးလေး)၊ (၄) နန္ဒက ဘီလူး၊ (၅) နန္ဒမည်သော လုလင်တို့ ဖြစ်၏။

့်ဘုရားတရားတော်နှင့် အနီးလည်းနေ အနေလည်းနီးနိုင်ကြပြီး.. သတိသံဝေဂတရားများ တိုးပွားကြပါစေ

မေမေ့လပြည့်ဝန်းလေး



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP