ဆွမ်းကပ်နေပြီ

မနက် ၅ နာရီ ၁၀ မိနစ်မှာ အရုဏ်ဆွမ်း စကပ်ပါတယ်။
အရုဏ်ဆွမ်း
ဆွမ်းဆီဆမ်း+ပဲပြုတ်၊ ခရမ်းချဉ်သီးထောင်း (ဆရာတော် ဦးလောကနာထ၊ အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်းတိုက်)
နေ့ဆွမ်း
ဆွမ်းထမင်း ဦးမောင်မောင်အေး+ဒေါ်အေးအေးသန်းနှင့် သမီးများ (မြားနတ်မောင် ရွှေဆိုင်းနှင့် သိကြားမင်း ဗရွှဆိုင်း)
ဆွမ်းဟင်း - ဝက်သား+ဂေါ်ရခါးသီးချက်။ ငရုတ်သီး+ငါးခြောက်ကြော်၊ သရက်ချဉ်
(မဝါဝါခိုင်မင်း၊ကိုရန်အောင် JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင်များ အဖွဲ့နှင့် ဒေါ်နန်းသန္တာအောင် (စင်ကာပူ)
ပဲနီချက် - ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး-ရွှေဘိုမြို့)
ခေါင်းရိတ်ဓား-မခိုင်ခိုင်မိုး
''ခရမ်းချဉ်သီးထောင်း ချပေးပါဦး''
''ခုံမလောက်ဘူး''
''ဦးဇင်း...ပြည့်စုံလားဘုရား''
''ဟိုနားကဝိုင်းတွေ ခရမ်းချဉ်သီး ချပြီးပြီလား၊ ကြည့်လိုက်ဦး''
ဆွမ်းဆီဆမ်းကို ပဲပြုတ်၊ ခရမ်းချဉ်သီးထောင်းများနဲ့ ဆက်ကပ်နေပါတယ်။ နားခွဲရမှာမို့ သီတဂူတက္ကသိုလ်က အစမ်းစာမေးပွဲ မဖြေလိုက်ရတဲ့ ဦးဇင်း ဦးသုဇာတ မနေ့ကတည်းက မန္တလေးက ရောက်လာပြီး ဆွမ်းချက်ဖို့ စီမံပေးတယ်။ အရုဏ်ဘုဉ်းပေးနေတဲ့ ကိုယ်တော်တွေ၊ ခုံမလောက်သေးလို့ စောင့်ဆိုင်းပေးနေတဲ့ ကိုယ်တော်တွေနဲ့ အရုဏ်ဆွမ်း ဘုဉ်းပြီးလို့ နေ့ဆွမ်း ဆက်ကပ်ခံနေတဲ့ သံဃာတွေနဲ့ ဝေယျာဝစ္စတွေလဲ မနားတမ်း ကပ်လှူနေရပါတယ်။

0 comments:
Post a Comment